အင်းစိန်မှ Positive လူနာ​၁၂ ဦးဟာ မိသားစုတစ်စုထဲကဖြစ်။

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ခဝဲခြံ ၂ လမ်း မှ case 152, 153, 154 တို့၏ contact person ၁၄ ဦးကို Quarantine Center သို့ပို့ဆောင်စစ်ဆေးရာမှ ယနေ့ည case-165 မှ case-176 အထိ စုစုပေါင်း ၁၂ ဦး ရောဂါပိုးတွေ့ရှိကြောင်းသိရပါတယ်။
“အဆိုပါ ၁၂ ဦးမှာ မိသားစုဝင်များဖြစ်ပြီး အားလုံးသည် ခဝဲခြံ ၂ လမ်း၌ နေထိုင်သူများသာဖြစ်ပါသည်။ ၎င်းတို့ကို ၄-၅-၂၀၂၀ ရက်နေ့ ကတည်းက Quarantine Center သို့ပို့ဆောင်ထားပြီးဖြစ်ကြောင်းနှင့် လမ်းကိုလဲ Lock Down ချထားပြီးဖြစ်ပါကြောင်း အသိပေးအပ်ပါသည် ” လို့ အင်းစိန်လွှတ်​တော်ကိုယ်စားလှယ် ဦး​ဝေဖြိုးဟန်က သူရဲ့ လူမှုကွန်ရက်စာမျက်နှာတွင် ​ဖော်ပြထားပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •