အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် မှာ COVID-19ပိုးတွေ့သံဃာ ၂၇၉ ပါးထပ်တိုးတွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် မှာ COVID-19
ပိုးတွေ့သံဃာ ၂၇၉ ပါးထပ်တိုးတွေ့ရှိရတယ်လို့ သိရပါတယ်။ မနေ့က ပိုးတွေ့ရှိတဲ့ ၇၅ပါးနဲ့ပေါင်းရင်စုစုပေါင်း ၃၅၄ ပါးရှိပြီဖြစ်ပါတယ်။

အဲဒီသံဃာတော်တွေကို အင်းစိန်မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော် နဲ့ မှော်ဘီမြို့ရှိ တပ်မတော်ဆေးဘက်ဆိုင်ရာပညာသင်ကျောင်း၌ COVID-19 ရောဂါစောင့်ကြည့်လူနာ စခန်းများဖွင့်လှစ်ကုသပေးသွားမယ်လို့သိရှိရပါတယ်။

 

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်း၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာအမျိုးသား၊ အမျိုးသမီး ၇၀ ဦး ထားရှိကုသနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လိုအပ်သော ဆေးရုံသုံးစက်ကိရိယာများ၊ ဆေးဝါးများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေး ခဲ့ပါတယ်။

 

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်၏ ကြေငြာချက်

================================

ကိုဗစ် 19 ရောဂါ အခြေ အနေ နှင့် ပတ်သက်၍ အသိပေးပါသည်။

၂၄ ရက်နေ့ စစ်ဆေးချက်အခြေအနေမှန်မှာ ပိုးတွေ့လူနာ ၂၇၉ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်တို့ ပူးပေါင်းဆောင်ရွက်ပြီး ကုသပေးလျှက် ရှိပါတယ်။

မှော်ဘီ တစက မှာ ၉၁ ဦး ကုသပေး မှာ ဖြစ်ပြီး
အင်းစိန် သာသနာ့ဗိမာန်တွင် ၁၈၈ ပါးကို ကုသပေးမှာဖြစ်ပါတယ်။

ဆရာတော်ကြီးနှင့် ကျန်သံဃာများလည်း ကျန်းမာစွာ ရှိကြပါတယ်။

ပိုးတွေ့ သံဃာများလည်း ကျန်းမာရေး ကောင်းမွန်ကြပါတယ်။

 

Credit – Zaw Myo Thein


Spread the love
  •  
  •  
  •  
  •  
  •  
  •