အင်းစိန် ဖျားနာကု​ဆေးခန်း(Fever Clinic) မှာ မ​နေ့က လာ​ရောက်ပြသသူ  နှစ်ရာ ​ေကျာ်ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ရန်ကုန် ဩဂုတ် ၂၈

ရန်ကုန်​မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထား​သော ပြည်သူလူထုအ​ခြေပြု ဖျားနာကု​ဆေးခန်း(Fever Clinic) တွင် ယမန်​နေ့က လာ​ရောက်ပြသသူ  (၂၂၄) ဦးရှိ​ကြောင်း သိရသည်။

 

Fever Clinic ​ဆေးခန်းကို မတ်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယ​နေ့အချိန်ထိ လာ​ရောက်ပြသသူ များကို အပူချိန်တိုင်းခြင်း၊ တီဘီ​ရောဂါပိုး စစ်​ဆေး​ပေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်းနှင့် ကိုဗစ် ၁၉ ​ရောဂါ သံသယရှိသည့် လူနာများကို အင်းစိန်​ဆေးရုံကြီးသို့ အ​ရေး​ပေါ်ကားဖြင့် ပို့၍(၃)ရက်​စောင့်ကြည့်ထားပြီး လိုအပ်ပါက ​ဝေဘာဂီ​ဆေးရုံသို့ ဆက်လက်​ပို့​​ပေးကြောင်း သိရသည်။

ယခုအချိန်တွင် ပြည်သူများက လာ​ရောက်ပြသ စစ်​ဆေးမှုခံယူလျက်ရှိသည့်အတွက် ကျန်းမာ​ရေး ​စောင့်​ရှောက်မှု​ပေးသည့် အဖွဲ့က လည်း အလွန်ဝမ်း​မြောက်စွာ ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ ပြုလုပ်​ပေးလျက်ရှိသည်။

မျိုးသန့်(ပြန်/ဆက်)


Spread the love
  •  
  •  
  •  
  •  
  •  
  •