အင်းစိန် ရွာမကျောင်းတိုက်ရှိ သံဃာတော် ၇၅ ပါး COVID-19 ကူးစက်ခံရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အင်းစိန် ရွာမကျောင်းတိုက်ရှိ သံဃာတော် ၇၅ ပါး COVID-19 ကူးစက်ခံရ

<span;>အင်းစိန်မြို့နယ် ရွာမကျောင်းတိုက်ရှိ သံင်္ဃာ ၇၅ ပါး COVID-19 ကူးစက်ခံရကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်တွင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ်မှာ COVID-19 ပိုးရှိသူ ၈၈ ဦးရှိပြီး  အင်းစိန်ပရိယတ္တိစာသင်တိုက်မှ ကိုရင်နှင့် သံင်္ဃာ ၇၅ ပါးမှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ။

 

ရောဂါပိုးကူးစက်ခံထားရတဲ့ ကျောင်းတိုက်မှ ၇၅ ပါးကို မှော်ဘီရှိ တပ်မတော်ကျန်းမာရေးကုသ စင်တာသို့ ပင့်ဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ထား
တယ်လို့ အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်က စက်တင်ဘာ ၂၄ ရက်ညနေပိုင်းက ထုတ်ပြန်ထားပါတယ်။

 


ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပါတီဥက္ကဋ္ဌ ဒေါက်တာဒေါ်သက်သက်ခိုင်နှင့် အဖွဲ့ဝင်များက အင်းစိန်ရွာမပရိယတ္တိစာသင်တိုက် စာချ,စာသင်သံဃာတော်အရှင်မြတ်များ ၅၀၀ကျော်အား ဆန်(၅)အိတ်၊ ဆီ (၅) ဖာနှင့် maskတို့ကို (5-9-2020) စနေနေ့ က သွားရောက် လှူဒါန်း ခဲ့ပါသေးတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •