အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်သို့ တိုင်းအစိုးရလူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ သွားရောက်၍ လိုအပ်သည်များကူညီနိုင်ရေး ဆောင်ရွက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အင်းစိန် ရွာမပရိယတ္တိစာသင်တိုက်သို့ တိုင်းအစိုးရလူမှုရေးဝန်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ သွားရောက်၍
လိုအပ်သည်များကူညီနိုင်ရေး ဆောင်ရွက်

#######################################

ယနေ့နံနက်၉နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းဦးဆောင်သောအဖွဲနှင့်အတူ အင်းစိန်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းကျန်းမာရေး၊ တိုင်း၊ ခရိုင်သာသနာရေးမှုးများ၊ မြို့နယ်အုပ်ချုပ်
ရေးမှုးနှင့် တာဝန်ရှိသူများသည် အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်သို့ PPE ဝတ်စုံပြည့်ဝတ်ဆင်၍ သွားရောက်ကာ တာဝန်ခံဆရာတော်များနှင့်တွေ့ဆုံဖူးမျှော်ခဲ့ကြသည်။
ဆရာတော်ကြီးနှင့် တယ်လီဖုန်းဖြင့်သာ ဆက်သွယ်လျှောက်ထားပြီး တိုင်းအစိုးရမှ သိန်း ၅၀ ကျပ်နှင့် လိုအပ်သောပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

 


ထို့နောက် ကျောင်းဝင်းအတွင်း လိုအပ်သော ကူညီမှုများ ဆောင်ရွက်ပေးရန် ဆရာတော်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ပိုးသတ်ဆေးဖျန်းပေးရေး၊ အသုံးအဆောင်ပစ္စည်းများ မီးရှို့ဖျက်ဆီးနိုင်ရေး၊ လက်ဆေးဘေဇင်များ တပ်ဆင်ပေးနိုင်ရေးလုပ်ငန်းစဉ်များကို တိုင်းအစိုးရ၏ လမ်းညွှန်မှုအတိုင်း အင်းစိန်မြို့နယ် ကိုဗစ်ကော်မတီမှ တာဝန်ယူကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

အင်းစိန်ရွာမပရိယတ္တိစာသင်တိုက်မှ ရောဂါပိုးကူးစက်ခံထားရသော ဆရာတော်သံဃာတော်များ၊ လူပုဂ္ဂိုလ်များ၏ စာရင်းကို MOHS က တရားဝင်အသိပေးကြေညာလျှင် ထပ်မံတင်ပြပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဝေဖြိုးဟန်
၂၆-၉-၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •