အင်းမမြို့၊ရန်ကုန်-ပြည်ကားလမ်း မှာ ကုန်တင်ယာဉ်တစ်စီး အရှိန်လွန်ပြီး သစ်ပင်အား ဝင်တိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

 

၂၀.၁၀.၂၀၂၀ ရက်နေ့၊ ၀၇ ၂၀ အချိန်ခန့်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ အင်းမမြို့၊ သီရိမင်္ဂလာရပ်ကွက်အနီး၊ ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ်(၁၅၂/၂)နှင့် (၁၅၂/၃)အကြား ရန်ကုန်မှ ပြည်ဘက်သို့ မောင်းနှင်လာသော HINO(မိုးပြာရောင်)ယာဉ်သည် အရှိန်လွန်ပြီး သစ်ပင်အား ဝင်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားရာသို့ အင်းမနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ သွားရောက် ကူညီဆောင်ရွက်ခဲ့ပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦးအနက် ကျား(၁)ဦးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ကျန် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် အင်းမပရဟိတ သာရေးနာရေးအဖွဲ့မှ သူနာတင်ယာဉ်ဖြင့် အင်းမပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •