အင်းယားစင်တာတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီးနေရပ်သို့ ပြန်လည်ထွက်ခွါကြမည့်ကချင်ပြည်နယ်မှ စေတနာ့ဝန်ထမ်း သူနာပြု(၂၁) ဦး ကို ဂုဏ်ပြုလက်မှတ် ပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အင်းယားစင်တာတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီးနေရပ်သို့ ပြန်လည်ထွက်ခွါကြမည့်ကချင်ပြည်နယ်မှ စေတနာ့ဝန်ထမ်း သူနာပြု(၂၁) ဦး ကို ဂုဏ်ပြုလက်မှတ် ပေးအပ်…

အင်းယားစင်တာတွင် တာဝန်ထမ်းဆောင်ခဲ့ကြပြီးနေရပ်ပြန်ကြမဲ့ ကချင်ပြည်နယ်မှ စေတနာ့ဝန်ထမ်း သူနာပြု(၂၁)ဦး ကို ယနေ့ နိုဝင်ဘာ(၁၃) ရက်နံနက်က အင်းယားစင်တာ အုပ်ချုပ်ရေး ရုံးမှာ ဂုဏ်ပြုလက်မှတ် များပေးအပ်ခဲ့ပါတယ်။

ဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲမှာ အင်းယားစင်တာရဲ့ ဒုဦးစီးအုပ်ချုပ်သူ ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခ ဌာနမှူး ပါမောက္ခ ဒေါက်တာ အောင်သိန်းဌေးနဲ့ အင်းယားစင်တာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးခွန်နောင်တို့ကဂုဏ် ပြုစကားများ ပြောကြားခဲ့ကြပါတယ်။

ဂုဏ်ပြုလက်မှတ်များနဲ့ အမှတ်တရ လက်ဆောင်များကို ဆရာကြီး ပါမောက္ခ ဒေါက်တာ အောင်သိန်းဌေး၊ ဥက္ကဋ္ဌ ဦးခွန်နောင် နဲ့ အတွင်းရေးမှုးချုပ်ဦးတင့်ဆန်း တို့က
ပေးအပ်ချီးမြှင့်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်မှစေတနာ့ဝန်ထမ်း သူနာပြုများဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နဲ့ ဝိုင်းမော်မြို့နယ်မှ သူနာပြုများဖြစ်ကြပြီး အင်းယားစင်တာမှာ အောက်တိုဘာ (၉) ရက်နေ့မှ နိုဝင်ဘာ (၁၂) ရက်နေ့အထိ စေတနာ့ဝန်ထမ်းသူနာပြုများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။

ကချင်ပြည်နယ်ကုသရေးဦးစီးဌာနမှ ဒုတိယအသုတ်အဖြစ် ထပ်မံ ရောက်ရှိတာဝန်ထမ်းဆောင်ကြမဲ့ ဗန်းမော်ခရိုင်မှ စေတနာ့ဝန်ထမ်း သူနာပြု (၂၁) ဦးဟာ ရန်ကုန်မြို့ကို နိုဝင်ဘာ (၁၄) ရက်နေ့မှာ ရောက်ရှိမှာဖြစ်ပြီး စေတနာ့ဝန်ထမ်း သူနာပြုများအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ကြမှာဖြစ်ပါတယ်။

အင်းယားစင်တာမှာစေတနာ့ဝန်ထမ်း သူနာပြုများအဖြစ် အနစ်နာခံ ကြိုးစား ဆောင်ရွက်ပေးခဲ့ကြတဲ့ ကချင်ပြည်နယ်မှ သူနာပြုများကို အင်းယားစင်တာ မှ ဂုဏ်ပြု ချီးကျူးကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Photos – Ye Min Aung ([email protected])

#InyaCentre


Spread the love
  •  
  •  
  •  
  •  
  •  
  •