အင်းယားစင်တာမှ ဆေးရုံ ဆင်းခွင့်ရလူနာ (၁၀၁) ဦးကို စင်တာမှ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) ကျပ်စီ လှူဒါန်းလိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အင်းယားစင်တာမှ ဆေးရုံ ဆင်းခွင့်ရလူနာ (၁၀၁) ဦးကို စင်တာမှ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) ကျပ်စီ လှူဒါန်းလိုက်

 

အင်းယားစင်တာမှ ကိုဗစ်-၁၉ လူနာ (၁၀၁) ဦးအား သတ်မှတ်ချက်များနှင့်အညီ စင်တာမှဆင်းခွင့်ပြု

 

အင်းယားစင်တာသတင်းထုတ်ပြန်ချက်
၁၆ ရက်၊ အောက်တိုဘာလ၊ ၂၀၂၀ ခုနှစ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး Covid 19 ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် ယနေ့အောက်တိုဘာ (၁၆) ရက်နေ့တွင် အင်းယားစင်တာမှ လူနာ (၁၀၁) ဦးကို သတ်မှတ်ချက်များနှင့်အညီ စင်တာမှဆင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြန်ခွင့်ရရှိသူ (၁၀၁) ဦးကို အင်းယားစင်တာမှ တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) ကျပ် တိတိထပ်မံလှူဒါန်းလိုက်သည်။ ထို့အပြင်အင်ယားစင်တာတွင် နှလုံးသားဖြူစင်စွာဖြင့် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များ၊ သူနာပြုများ၊ စေတနာ့ဝန်ထမ်းများ အပါအဝင် Covid 19 အတည်ပြုလူနာများကို အဆိုတော် R ဇာနည်၊ မီမီဝင်းဖေ၊ ကော်နီ၊ တင်ဇာမော်၊ ချောစုခင်၊ ဆုန်သင်းပါရ် တို့သည် ချစ်ခင်ရင်းနှီးစွာ Clean Zone များမှတဆင့် အားပေးစကားပြောဆိုခဲ့ကြပြီး တေးသီချင်းများဖြင့် စိတ်ခွန်အားများ ဖြည့်ဆည်းပေးခဲ့ကြသည်။

“ဒီအင်းယားစင်တာကြီးမှာ နေခဲ့ရတာ အစားကောင်း၊ အသောက်ကောင်းတွေလည်း စားရပါတယ်။ လိုလေသေးမရှိအောင်လည်း နေခဲ့ရပါတယ်။ စိတ်ချမ်းသာပြီးတော့ ကျန်းကျန်းမာမာလည်း ဖြစ်လာပါတယ်။ အိမ်ပြန်ရတော့မယ်၊ ကိုယ့်မိသားစုနဲ့ ပြန်တွေ့ရတော့မယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်။” ဟု နေအိမ်ပြန်ခွင့်ရသူ အမျိုးသမီးတစ်ဦးက ပြောပါသည်။

အင်းယားစင်တာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုဖြင့် ကမ္ဘောဇဘဏ်နှင့် ကမ္ဘောဇညီနောင်ကုမ္ပဏီများက ငွေကျပ် သိန်း (၁၀၀၀၀) ကနဦး ဦးဆောင်မတည်ထားပြီး အောက်တိုဘာ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်မေးမြန်းရန်
ဦးဇော်ရဲနောင် – ၀၉ ၅၁၆၉ ၅၆၀


Spread the love
  •  
  •  
  •  
  •  
  •  
  •