အင်းယားစင်တာသည် နိုင်ငံတကာသို့ချပြနိုင်သည့် အဆင့်ရှိကြောင်း ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး ချီးကျူး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အင်းယားစင်တာသည် နိုင်ငံတကာသို့ချပြနိုင်သည့် အဆင့်ရှိကြောင်း ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး ချီးကျူး

 

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် -၁၉ ကုသတိုက်ဖျက်ရေးကော်မတီ ဒုတိယ ဥက္ကဌ ဆေးတက္ကသိုလ် (၁) (ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးသည် အင်းယားစင်တာတွင် ကိုဗစ် ၁၉ လူနာများကို စနစ်တကျကုသဆောင်ရွက်ရန် ပြင်ဆင်နေမှုများကို အောက်တိုဘာ (၆) ရက်နေ့တွင် လာရောက်ကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားပါသည်။

ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးက ယခုတည်ဆောက်လျှက်ရှိသော စင်တာသည် နိုင်ငံတစ်ကာသို့ချပြနိုင်သော အဆင့်မီကြောင်း၊ လုပ်ငန်းကော်မတီမှ လုပ်ဆောင်ချက်များ အားလုံကို စနစ်တကျမှတ်တမ်းတင်ထားရန် လိုအပ်ပါကြောင်း၊ ရေနှင့်ပတ်သက်၍ လည်းကောင်း၊ သန့်စင်ခန်းများ စနစ်တကျထားရှိမှုများနှင့် လူနာများအတွက် ကြိုတင်စီစဉ်ထားရှိမှုများအားလုံးကို မှတ်တမ်းပြုတင်ထားစေလိုကြောင်း၊ တစ်ချိန်တွင် နိုင်ငံတစ်ကာသို့ အသိပေးတင်ပြလိုကြောင်း၊ ဒါကြောင့် ယခုစင်တာကို ကနဦးမတည်ခဲ့သော ကမ္ဘောဇဘဏ်နှင့် ရွှေသံလွင်ကုမ္ပဏီတို့ကို လည်းကောင်း အလှူရှင်များအားလုံးကိုလည်းကောင်း အထူးကျေးဇူးတင်ပါကြောင်း၊ ပြောကြား သွားပါသည်။

 

ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးသည် ကိုဗစ် ၁၉ လူနာများထားရှိမည့် အခန်းများ၊ ဆရာဝန်များ၊ Volunteer များ လုပ်ငန်းလုပ်ဆောင်မည့်နေရာများ၊ ဆရာဝန်ကြီးများက လူနာများ ကို လမ်းညွှန်ကွပ်ကဲကုသပေးမည့်နေရာများ၊ အင်းယားစင်တာ လုပ်ငန်းကော်မတီ၏ ယာယီ ရုံးခန်းများ၊ သန့်စင်ခန်းများကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။

အင်းယားစင်တာ တည်ဆောက်မှုသည် ယနေ့ အောက်တိုဘာ (၆) ရက်နေ့တွင် ၉၀ ရာခိုင်နှုန်း နီးပါး ပြီးစီးနေပြီဖြစ်သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •