အင်းလျားလိတ် ကိုဗစ်စင်တာကို ဆယ်ရက်အတွင်း အပြီးတည်ဆောက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အင်းလျားလိတ် ကိုဗစ်စင်တာ အားကုတင်(၅၀၀)ဆံ့ကိုဗစ်စင်တာအဖြစ် ဆယ်ရက်အတွင်း အပြီးတည်ဆောက်နေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုများနှင့် အညီ ကိုဗစ်-၁၉ ရောဂါကုသရေး အတွက် ကမ္ဘောဇဘဏ်နှင့်ရွှေသံ လွင်ကုမ္ပဏီတို့မှငွေကျပ်သိန်းတစ်သောင်းကို ကနဦး မတည်လှူဒါန်း ၍ အင်းလျားလိတ်ကိုဗစ်စင်တာ အား Yangon Convention Centerတွင်စက်တင်ဘာလ(၂၉)ရက်နေ့မှစတင်တည်ဆောက်လျက်ရှိသည်ဟုသိရသည်။

” ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့လမ်းညွှန်မှုများနှင့် အညီ ကိုဗစ်-၁၉ ရောဂါကုသရေး အတွက် ကမ္ဘောဇဘဏ်မှ ငွေကျပ် သိန်း(၇၀၀၀)။ရွှေသံလွင်ကုမ္ပဏီ မှ ငွေကျပ်သိန်း(၃၀၀၀)စုစုပေါင်း ကျပ်သိန်းတစ်သောင်းကို ကနဦး မတည်လှူဒါန်းပြီးအင်းလျား လိတ် ကိုဗစ်စင်တာကို စက်တင် ဘာလ(၂၉)ရက်နေ့မှာစတင်ပြီး
Yangon Convention Center တည်ဆောက်လျက်ရှိပါတယ်” လို့ကိုဗစ်-၁၉ ကုသတိုက်ဖျက်ရေး ကော်မတီ ဒုဥက္ကဌ ဆရာကြီး ဒေါက်တာဇော်ဝေစိုးမှပြောသည်။
ယခုတည်ဆောင်လျက်ရှိသော ကိုဗစ် စင်တာသည် လူနာကုတင် (၅၀၀)ဆံ့ ကိုဗစ်စင်တာတစ်ခု ဖြစ် ပြီး High-Dependency Unit:(၁၆)ကုတင် တစ်ပါတည်း ပါဝင် လာမည်ဟုလည်းသိရသည်။

“ဒီနေရာကတော်တော်လေးအဆင်ပြေတယ်။ဘာလို့လဲဆိုတော့ အစကတည်းကဒီအဆောက်အဦကစနစ်တကျခေတ်မီမီနဲ့တည်ဆောက်ထားတဲ့ အဆောက်အဦထဲမှာ အခုလိုမျိုး ကိုဗစ်-၁၉ ကုသရေး စင်တာအဖြစ်ပြောင်းလဲနိုင်တာဟာကျွန်တော်တို့အတွက်တော်တော် လေးလည်းကံကောင်းပါတယ်။ကျွန်တော်တို့ဒါကိုရတာ ဒါနဲ့ ပတ်သက်ပြီးပါဝင်တဲ့သူတွေလှူတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒါကို Oxygen therapy စင်တာအဖြစ်သာပြောင်းလဲနိုင် မယ်ဆိုရင်တော့တကယ့်ကိုကြီးမားတဲ့ လိုအပ်ချက်တစ်ခုကို ဖြည့် ဆည်းလိုက်တာနဲ့အတူတူပါပဲ။ကိုဗစ်စင်တာမှာတက်ရောက်ကုသမယ့်လူနာများအတွက်လိုအပ်မယ့်အထူးဆေးဝါးများနဲ့ နံနက်စာ၊ နေ့လည်စာနှင့်ညစာများကိုအခမဲ့ စီစဉ်ဆောင်ရွက်ပေးထားမှာဖြစ်ပါတယ်။ဆရာဝန်များ၊သူနာပြုများနဲ့စေတနာ့ဝန်ထမ်းများအတွက်လည်း သီးသန့်အဆောက်အဦးများ တစ်ပါတည်းပါဝင်မယ်။

(၂၄)နာရီအခမဲ့Food Court ထားရှိပေး သွားမှာဖြစ်ပါတယ် ” ဟု ကိုဗစ်-၁၉ ကုသတိုက်ဖျက်ရေး ကော်မတီ ဒုဥက္ကဌ ဆရာကြီး ဒေါက်တာဇော်ဝေစိုးမှ အင်းလျား လိတ် ကိုဗစ်စင်တာနှင့်ပတ်သက် ပြီးရှင်းပြ ပြောဆိုခဲ့ပါတယ်။

လက်ရှိအချိန်တွင်တည်ဆောက်ရေးလုပ်ငန်းများကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ၏လမ်းညွှန်မှုများနှင့်အညီ စနစ် တကျစီမံချက်ရေးဆွဲတည်ဆောက်လျက်ရှိပြီးယင်းအဆောက်အဦးအား(၁၀)ရက်အတွင်း အပြီး တည်ဆောက်နိုင်ရန်ဆောင်ရွက်လျက်ရှိသည်ဟုသိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •