အငြင်းပွားဖွယ်ရှိနေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဟုဆိုသူများ –
ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားသည့်အစိုးရ၏ နိုင်ငံတော်သမ္မတမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရွေးကောက်ခံဥပဒေပြုလွှတ်တော်၊ ပြည်ထောင်စုလွတ်တော်၏ သဘောတူညီချက်အရ ဖွဲ့စည်းခန့်အပ်တာဝန်ပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ၊
နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့်မညီသော အခြေအနေတစ်ခုကိုဖန်တီးပြီး၊
ဖွဲ့စည်းပုံအခြေခံဥပဒေကိုအသုံးချကာ၊
နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် လုယူထားသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊
ဟုအမည်ရယူထားသည့် အဖွဲ့မှ ဖွဲ့စည်းခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ရှိတည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မူမရှိပါဟု သတ်မှတ်ယူရပေမည်၊
၎င်းတို့အသုံးပြုနေသော ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာပြဌာန်းချက် ဥပဒေ၊ပုဒ်မ(၄၁၀) မှ (၄၃၂) အထိရှိသော်လည်း၊
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်သည့် မည်သည့်အဖွဲ့အစည်း၊
မည်သည့်အခြေအနေမှာဘဲရှိနေပါစေ၊
ဖြစ်နေပါစေ၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းနိုင်သည့် ဥပဒေပြဌာန်းထားမူလုံးဝ(လုံးဝ) မရှိပါပေ၊
ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်း လုပ်ခွင့်မရရှိပေ၊
သို့ကြောင့် ယခု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်နေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဟုဆိုသော အဖွဲ့မှဖွဲ့စည်းခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၊
နိုင်ငံတာ်၏ တရားဝင်အဖွဲ့အစည်းဖြစ်ခြင်း၊ မဖြစ်ခြင်းအတွက် အငြင်းပွားဖွယ်ရှိနေသည့် အခြေအနေဖြစ်ပါတယ်၊
၎င်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုလည်း ကမ္ဘာ့ကုလသမဂ္ဂအပါအဝင်၊ အဖွဲ့စည်းဝင်နိုင်ငံအများမှလည်း မြန်မာနိုင်ငံအစိုးရဟူ၍ တရားဝင်လက်ခံထားမူမရှိသေးတာကိုတွေ့ကြရပါလိမ့်မယ်၊
ယနေ့(၂၂.၂.၂၀၂၁) ရက်နေ့မှာ နိုင်ငံတော်၏ တရားဝင်ပြည်ထောင်စုအဖွဲ့အစည်းဟု သတ်မှတ်လို့မရပါသော ၊
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊
ဟုဆိုသည့် အဖွဲ့မှ နိုင်ငံရေးပါတီများအား
တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပရန်အတွက် အချက်(၃) ချက်ဖြင့်ဖိတ်ကြားလိုက်ပါတယ်၊
အစည်းအဝေးကို(၂၆.၂.၂၀၂၁) ရက်နေ့ ၊
နံနက်(၉) နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင်ကျင်းပရန်၊
အစည်းအဝေးကို နိုင်ငံရေးပါတီများ တက်ရောက်နိုင်ခြင်း ရှိ – မရှိ ၊
တက်ရောက်မည်ံပါတီကိုယ်စားလှယ်အမည်၊တာဝန်စသည်တို့ကို (၂၄.၂.၂၀၂၁) ရက်နေ့တွင်နောက်ဆုံးပြန်ကြားပေးရန် ဖြစ်ပါတယ်၊
လက်ရှိအချိန်ကာလတွင်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိူင် ဦးဆောင်နေသောအဖွဲ့အား မိမိတို့ နိုင်ငံအနှံ့ ရှိရှိသမျှ နေရာဒေသအားလုံးရှိ တိုင်းရင်းသား နိုင်ငံသား ပြည်သူ ပြည်သားများက အသိအမှတ်ပြုမူမရှိပါဘဲ သပိတ်မှောက်၍ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြ နေကြသည်မှာ ကမ္ဘာ့အသိုက်အဝန်းအားလုံးက သိသာ မြင်သာနေကြပါပြီ၊
သို့ပါသောအကြောင်းအချက်များကို ထောက်ရှုကြကာ၊
တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များ၊တည်ဆဲဥပဒေများဖြင့်လည်းညီညွတ်မူမရှိသည့်အပြင် ပြည်သူလူထုမှ ငြိုငြင်အသိအမှတ်မပြုပါသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုသည့် အဖွဲ့၏ တွေ့ဆုံညှိနိူင်းအစည်းအဝေးဟူ၍ ဖိတ်ကြားမူအား သက်ရောက်လက်ခံပြီး၊
နိုင်ငံရေးပါတီများသည် ကိုယ့်မူဝါဒနှင့်ကိုယ်ရှိကြပြီး၊
လွတ်လပ်စွာသဘောထားကွဲလွဲခွင့်နှင့် လွတ်လပ်စွာဆုံးဖြတ်မူရှိကြသော်လည်း၊
ပြည်သူ့မျက်နှာကို ကြည့်ကြရပေမည်၊
အစည်းအဝေးတက်ကြမည်ဆိုသော နိုင်ငံရေးပါတီများသည်ကား ၊
ပြည်သူကိုမျက်နှာမူခြင်းမရှိကြသလို၊
ပြည်သူကို မထီလေးစားပြုမူကြခြင်းနှင့်
မိမိတို့ပြည်သူပြည်သားများအပေါ် သစ္စာဖောက်ဖျက်ခြင်းသာဖြစ်ပါတယ်၊
အကယ်၍ အစည်းအဝေးတက်ရောက်ကြမည့် နိုင်ငံရေးပါတီများအားလည်း မိမိတို့ပြည်သူများက စောင့်ကြည့် မှတ်သား
ထားကြမည်မှာ မလွဲ ဧကန်ပင်ဖြစ်ပေသည်၊
အလေးထားစွာဖြင့် . ကိုသိန်းဌေး ပဲခူး၊
……….(၂၂.၂.၂၀၂၁)……….