“အစ္စရေးက ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်ဆေး ၁သန်း ထိုးနှံပေးမှုကိုအချိန်လုပြီးဆောင်ရွက်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အစ္စရေးက ကိုရိုနာဗိုင်းရပ်(စ်)ကာကွယ်ဆေး
၁သန်း ထိုးနှံပေးမှုကိုအချိန်လုပြီးဆောင်ရွက်”

January 4, 2020

လူဦးရေ၉သန်းကျော်ရှိတဲ့ အစ္စရေးနိုင်ငံမှာ သောကြာနေ့ကစတင်၍ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး
ပဌမအကြိမ်ထိုးဆေး၁သန်းကို အချိန်လုပြီး
ထိုးနှံပေးခဲ့ပါတယ်။
အစ္စရေးနိုင်ငံက ဇန္နဝါလအကုန်မှာ
ကိုဗစ်-၁၉ဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေး
ထိုးဆေး၂ကြိမ်ထိုးနှံမှုကို ပြည်သူများကို
ထိုးနှံပေးနိုင်လိမ့်မယ်လို့ တနင်္ဂနွေနေ့ကပြော
ဆိုလိုက်ပြီး၊ကမ္ဘာပေါ်မှာအမြန်ဆုံးနှုန်းနဲ့ကာကွယ်ဆေး
ထိုးနှံပေးနိုင်တာဖြစ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကကြွားဝါလိုက်ပါတယ်။
နေတန်ယာဟုဟာ ပဌမအကြိမ်ထိုးဆေးကို ဒီဇင်ဘာလ၁၉ရက်နေ့မှာစတင်အထိုးခံခဲ့ပြီး
အမေရိကန်-ဂျာမန် မဟာမိတ်ဆေးကုမ္ပဏီက
ထုတ်လုပ်တဲ့Pfizer-BioNTechကာကွယ်ဆေးကို ပြည်သူများကို စတင်ထိုးနှံပေးဖို့တက်တက်ကြွကြွ ဖိအားပေး
တိုက်တွန်းခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး
ချုပ် ဟေဇီလဲဗီး က စိတ်အားထက်သန်စွာ
ကာကွယ်ဆေးထိုးနှံပေးတဲ့အတွက် ကာကွယ်
ဆေးကို တာရှည်ခံအောင်ကုတ်ခြစ်သိမ်းဆည်း
ဖို့အတွက်လွယ်ကူသက်သာသွားစေလိမ့်မယ်လို့ပြောပါတယ်။
ကာကွယ်ဆေးကို ၃ပတ်ခြားပြီး၂ကြိမ်
ထိုးနှံပေးရမှာဖြစ်ပါတယ်။
“ပဌမအကြိမ်ထိုးဆေးထိုးပေးထားတဲ့ လူတွေအတွက် ဒုတိယအကြိမ်ထိုးပေးရမဲ့ ဆေးကိုကျွန်တော်တို့ သိုလှောင်သိမ်းဆည်းပေးထားနိုင်တာကြောင့် ပဌမအကြိမ်ဆေးထိုးပေးတာကို
ဖြေးဖြေးပဲဆောင်ရွက်ပါတယ်။”လို့ လဲဗီး က
ပြည်သူ့အသံလွှင့်ဌာနKANကိုပြောပါတယ်။
ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ အသက်၆၀ကျော်အရွယ်တွေကို ကာကွယ်ဆေးစတင်ထိုးနှံပေးပြီး ဒီလကုန်လောက်မှာကျွန်တော်တို့ပြည်သူ၅ပုံ၁ပုံ ဝန်းကျင်ကို ကာကွယ်ဆေး၂ကြိမ်လုံးထိုးနှံပေးပြီး ဖြစ်လိမ့်မယ်လို့သူကထပ်ပြောပါတယ်။
“ဇန္နဝါရီလကုန်လောက်မှာ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်တဲ့ကျွန်တော်တို့ပြည်သူ၂သန်းကို ကျွန်တော်တို့ကာကွယ်ဆေးထိုးပေးပြီး
ဖြစ်လိမ့်မယ်။”လို့သူက ပြောပါတယ်။

“စံချိန်အားလုံးချိုးဖျက်ခြင်း”
သောကြာနေ့ကစတင်ပြီး လူ၁သန်းကို
သူတို့ရဲ့ပဌမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခဲ့
ပြီးဖြစ်ပါတယ်။
“ကျွန်တော်တို့စံချိန်အားလုံးကိုချိုးဖျက်
ပါတော့မယ်”လို့ နေတန်ယာဟုက အစ္စရေး
အာရပ်မြို့တော်အမ်းမ် အယ်လ်ဖမ် ကို ရောက်ရှိလာချိန်မှာပြောဆိုခဲ့ပါတယ်။အဲ့ဒီမြို့မှာ အလုံးရေ ၁သန်းမြောက်ထိုးဆေး ကို ထိုးနှံပေးခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ဟာတကမ္ဘာလုံးရဲ့အရှေ့မှာ
ဦးဆောင်လျက်ရှိပါတယ်။”လို့ ဝန်ကြီးချုပ်ကပြောပါတယ်။
အစ္စရေးနိုင်ငံ ဗဟိုစာရင်းအင်းဌာနက
နှစ်ကုန် အစီရင်ခံစာမှာ အစ္စရေးနိုင်ငံရဲ့ လူဦးရေဟာ ၉.၂၉သန်းရှိတယ် လို့ဖော်ပြထားပါတယ်။
ကိန်းဂဏန်းအရေအတွက်ဟာ တိုက်ခိုက်
သိမ်းယူထားတဲ့အရှေ့ဂျေရုဆလင်အထိအပါအဝင်ဖြစ်ပြီး၊အဲ့ဒီနေရာကို နိုင်ငံတကာတိုင်းပြည်အတော်များများကအစ္စရေးနိုင်ငံရဲ့ပိုင်နက်ဒေသလို့အသိအမှတ်ပြုထားခြင်းမရှိပါဘူး။
ဖေဖော်ဝါရီလမှာပဌမဆုံး ရောဂါကူးစက်မှုသတင်းစတင်ရရှိပြီးကတည်းက အစ္စရေးနိုင်ငံမှာ ရောဂါကူးစက်သူ အရေအတွက်စုစုပေါင်း ၄၃၅၈၆၆ယောက်ရှိသွားပြီဖြစ်ပြီး၊သေဆုံးသူ၃၄၀၀နီးပါးရှိသွားပြီလို့ကျန်းမာရေးဝန်ကြီးဌာန က တနင်္ဂနွေနေ့မှာပြောဆိုခဲ့ပါတယ်။
ဗြိတိန် နိုင်ငံမှာစတင်တွေ့ရှိခဲ့တဲ့
မျိုးဗီဇပြောင်းဗိုင်းရပ်(စ်)ပိုးသစ် ဒေသတွင်းမှာ
ကူးစက်သူ၁၈ယောက်တွေ့ရှိရကြောင်း
အတည်ပြုနိုင်ခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး
ဌာနက သောကြာနေ့က ပြောဆိုခဲ့ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •