အစ္စရေးက_Covid_အမြန်စစ်ဆေးတဲ့နည်းကိုတီထွင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အစ္စရေးက_Covid_အမြန်စစ်ဆေးတဲ့နည်းကိုတီထွင်။

Covid-19 ရောဂါရှိမရှိ Test စစ်ဆေးနည်း နှစ်နည်းရှိပါတယ်။

▪️PCR Test လို့ခေါ်တဲ့ Covid-19 ဖြစ်စေတဲ့ 🦠 ဗိုင်းရပ်စ်ပိုးရဲ့ RNA အစိတ်အပိုင်း လူမှာရှိမရှိ စစ်ဆေးတဲ့နည်းနဲ့

▪️Covid abtibodies ရှိမရှိ သွေးစစ်တဲ့နည်းဖြစ်ပါတယ်။

PCR Test က #စစ်ဆေးချိန်ကြာတယ်၊ ရောဂါပိုးအစိတ်အပိုင်းရှိမရှိ တိကျတယ်။ ဒါတောင်မှ အခုအချိန်မှာ အဲ့ဒီစစ်ဆေးခံရတဲ့လူဟာ Covid ရောဂါပိုးပြန့်ပွားစေနိုင်သူဟုတ်မဟုတ် မသေချာတော့ပါဘူး။

antibodies သွေးစစ်တဲ့နည်းက PCR Test လောက်တိကျမှုမရှိပါ။ အဲ့ဒီနည်းကလည်း Covid ရောဂါပိုးပြန့်ပွားစေနိုင်သူဟုတ်မဟုတ် မသေချာပါဘူး။

အခု အစ္စရေးကထွင်တဲ့နည်းက Covid ပိုးရဲ့အစိတ်အပိုင်းရှိမရှိ စက္ကန့် ၃၀ အတွင်းမှာသိစေမယ်လို့ဆိုပါတယ်။

antibodies ကိုစစ်တာမဟုတ်တဲ့အတွက် ပိုအသုံးကျမယ်လို့ ထင်ပါတယ်။

ဒါပေမယ့်တိကျမှုက ၈၅ ရာနှုန်းပဲရှိမှာပါ။

Test စစ်မယ့်နည်းလမ်းက –

▪️အစစ်ခံမယ့်လူက လေကိုနှာခေါင်းက ရှုသွင်းလိုက်မယ်၊

▪️အသက်အောင့်ထားပြီး နှာခေါင်းတစ်ဖက်ပိတ်ကာ ကျန်တစ်ဖက်က လေကိုရှုထုတ်လိုက်မယ်။

▪️ရှုထုတ်လိုက်တဲ့လေက ပလတ်စတစ်အိတ်ထဲဝင်သွားမယ်။

▪️အဲ့ဒီလေကို Scent Reader (အနံ့ရှုစက်) မှာ သွားချိတ်ပြီး စက်ကလေကိုရှုသွင်းသွားမယ်။

▪️စက္ကန့်ပိုင်းအတွင်းလေကိုစစ်ပြီး ပိုးရဲ့ RNA အစိတ်အပိုင်းရှိမရှိ အဖြေထုတ်ပေးမယ်လို့ဆိုပါတယ်။

▪️စက်ကလေးက လေးထောင့်သေးသေးလေးလို့ဆိုပါတယ်။

▪️လေကိုရှုသွင်းချိန်မှာ ဓာတ်ငွေ့တစ်ခုခုထည့်ပြီးရှုသွင်းဖို့လိုမလို မသိပါ။

ကျနော်သိသလောက်ပြောရရင် ကျနော်တို့ဟာ အလင်းရဲ့စွမ်းရည်ကိုအသုံးချပြီး စစ်ဆေးတာဖြစ်ပါတယ်။

ဘယ်ဂျီယံနိုင်ငံသားတစ်ယောက်ပြောဖူးသလို “we must not underestimate the power of light”

“အလင်းရဲ့စွမ်းရည်ကိုလျော့တွက်လို့မရပါ။”

အလင်းနဲ့ ဓာတ်ခွဲကြတာများပါတယ်။

အခုနည်းပညာက အစ္စရေးရဲ့ NanoScent ကုမ္ပဏီက တီထွင်တာဖြစ်ပါတယ်။

အခုစမ်းသပ်နည်းက အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ လောက်ပဲ ကျမယ်လို့ ဆိုပါတယ်။

NanoScent ရဲ့ CEO ဖြစ်သူ Oren Gaveriely ရဲ့အပြောအရ ဒီနည်းပညာကို Covid-19 ရှိမရှိ စစ်ဆေးရာမှာ PCR Test နေရာမှာ အစားထိုးဖို့ မရည်ရွယ်ပါဘူးတဲ့။

Covid ကာလမှာ #အဓိကအရေးကြီးတာကလုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့ပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်ပြန်ဝင်နိုင်ဖို့ #လူများများကိုမြန်မြန်နဲ့ စစ်ဆေးနိုင်ဖို့အဓိကရည်ရွယ်ပါတယ်တဲ့။

ဒီနေရာမှာ ကျနော်တစ်ခုပြောချင်တာက အခုနေရာတော်တော်များများမှာ စစ်ဆေးနေတဲ့ ကိုယ်အပူချိန်တိုင်း လေဆာဂန်းစက်တွေကို ကျနော့်အနေနဲ့ သိပ်အသုံးဝင်လှတယ်လို့ မထင်ပါ။

နေမကောင်းသူကိုရွေးထုတ်နိုင်တာမှန်ပေမယ့် အဲ့လိုအနားကပ်တိုင်းလို့ တိုင်းတဲ့လူကိုကူးပြီး အဲ့ဒီတိုင်းတဲ့လူကနေပြန်ကူးနိုင်တဲ့အန္တရာယ်လည်းရှိနေပါတယ်။

အခုထိ လေဆာဂန်းနဲ့စစ်ဆေးလို့ Covid သံသယရှိပြီးဆေးရုံပို့ရတဲ့ အကြောင်းမကြားမိသေးပါ။

ကျနော့်အနေနဲ့ အကျိုးနဲ့အပြစ်ကို ပြန်လည်ဝေဖန်ဆင်ခြင်ဖို့ပြောတာပါ။

စစ်တဲ့လူကလူတကာနဲ့မိုးလင်းမိုးချုပ်နေ့စဉ်ထိတွေ့နေပြီးကိုယ့်မျက်နှာအနားအရမ်းကပ်လာတိုင်းတာကို သိပ်မုန်းပါတယ်။

သူ့အလုပ်သူလုပ်တာချီးကျူးပေမယ့် မကြာခန ခပ်ခွာခွာတိုင်းဖို့ မျက်နှာနားကပ်ပြီးလေကြောမရှည်ဖို့ပြောရပါတယ်။

ကျနော့်အနေနဲ့ အပိုအလုပ်ဟုတ်မဟုတ်ဆင်ခြင်စေလိုပါတယ်။

#အပိုအလုပ်တွေရုပ်ပြအလုပ်တွေကိုမုန်းပါတယ်။

အစ္စရေးရှိ NanoScent ရဲ့နည်းကိုဆက်ရရင်…

NanoScent ဟာ အစ္စရေးက Covid-19 လူနာအယောက် ၁၀၀၀ ရဲ့အသက်ရှုပုံကို လေ့လာပြီး ဗိုင်းရပ်စ်ပါတဲ့ အနံ့ကိုခွဲခြားသိရှိဖို့ ကြိုးစားတာဖြစ်ပါတယ်။

ပြင်သစ်မှာ ခွေးတွေနဲ့ Covid လူနာဆီက အနံ့ခွဲခြားသိဖို့ စမ်းတာရေးဖူးပါတယ်။

အခုနည်းဟာ စက်ရုံ၊ ဆေးရုံအဝင်တွေ၊ လေဆိပ်အဝင်အထွက်တွေ၊ အစည်းအဝေးပွဲတွေ စတဲ့လူစုလူဝေးကိစ္စတွေမှာ အမြန်စစ်ဆေးဖို့ အလွန်အသုံးဝင်မယ့် ပစ္စည်းဖြစ်လာနိုင်ပါတယ်။

Tourism industry ပြန်လည်နလန်ထူနိုင်ဖို့ လိုအပ်တဲ့ပစ္စည်းဖြစ်လာနိုင်ပါတယ်။

🔬 ဗိုင်းရပ်စ်ပါတဲ့ အနံ့ကိုခွဲခြားသိရှိဖို့ ကြိုးစားတာဖြစ်ပါတဲ့အတွက် အတော်စိတ်ဝင်စားမိပါတယ်။

ကျနော်သတိတရဖြစ်သွားတာက ဆရာကြီးဒေါက်တာသာလှိုင်ပါ။

လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ဆရာကြီးဆီမှာ ပညာသင်နေတုန်း ကျနော်က scent ရနံ့ဆိုတာဘာလဲ ဆရာကြီးလို့ မေးတဲ့အခါမှာ…

မြန်မာဆန်ဆန်ပုဆိုးခါးပုံစလေးထုတ်ပြီး လမ်းလျှောက်နေတဲ့ဆရာကြီးက ညင်သာတဲ့အသံနဲ့ “သားရေ…. အနံ့ဆိုတာ မော်လီကျူးလေးတွေကွဲ့ သူ့ကိုစစ်ဆေးလို့ရတယ်။”

အဲ့ဒီအနံ့ကို analyse လုပ်ပုံတွေကို တသီတတန်းကြီးဆက်ပြောနေတဲ့ ဆရာကြီးကို ပြန်လည်မြင်ယောင် သတိရနေမိပါတယ်။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
23-July-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •