“အစ္စရေးအစိုးရလဲပြိုကျ၊နှစ်နှစ် အတွင်းလေးကြိမ်မြောက် ရွေးကောက်ပွဲစောစောကျင်းပနိုင်ဖို့အစပျိုးနေ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အစ္စရေးအစိုးရလဲပြိုကျ၊နှစ်နှစ် အတွင်းလေးကြိမ်မြောက် ရွေးကောက်ပွဲစောစောကျင်းပနိုင်ဖို့အစပျိုးနေ”

December 23, 2020

ပါလီမန်ဟာ ဘတ်ဂျက်အတည်ပြုရန်
ကန့်သတ်ထားတဲ့သတ်မှတ်ချိန်မမီနိုင်တော့ပဲ
ဖြစ်ခဲ့ရပြီးတဲ့နောက် အစ္စရေးဟာ လျှပ်တပြက်
ရွေးကောက်ပွဲတခု မတ်လမှာကျင်းပတော့မှာဖြစ်ပါတယ်။ဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟု အတွက် စိန်ခေါ်မှုအသစ်တွေရှိနေတဲ့လျှို့ဝှက် မဲပေးစံနစ်ဆောင်ရွက်ဖို့အစပျိုးနေပါတယ်။
နှစ်နှစ်အတွင်း အစ္စရေးနိုင်ငံရဲ့ လေးကြိမ်
မြောက် ပါလီမန်ရွေးကောက်ပွဲကျင်းပဖို့
လှုပ်ရှားဆောင်ရွက်မှုတွေစတင်ဆောင်ရွက်နေပြီး၊နေတန်ယာဟုဟာကိုရိုနာဗိုင်းရပ်(စ်)
ကပ်ရောဂါကိုဖြေရှင်းဆောင်ဆောင်ရွက်ပုံနဲ့
ပတ်သက်ပြီး ပြည်သူတွေရဲ့ အမျက်ဒေါသကို
ရင်ဆိုင်ကြုံတွေ့နေရပါတယ်။အစ္စရေးဝန်ကြီးချုပ်တွေထဲမှာ ပဌမဆုံးအကြိမ်အဖြစ် လဘ်စားအကျင့်ပျက်ခြစားမှုနဲ့ တရားရုံးမှာ
လည်းရင်ဆိုင်နေရစဉ်မှာဖြစ်ပါတယ်။
အစ္စရေးနိုင်ငံရဲ့သက်တမ်းအရှည်ကြာဆုံးတာဝန်ထမ်းဆောင်ခဲ့တဲ့ခေါင်းဆောင်ဟာ လက်ယာအုပ်စုမှ ပြိုင်ဘက်သစ် ဂိုင်ဒီယွန် ဆား
နဲ့ယှဉ်ပြိုင်ရမှာဖြစ်ပြီး၊ဆား ဟာ နေတန်ယာဟုရဲ့ လီကွတ် ပါတီမှ အခြားတဘက်ကိုကူးပြောင်းသွားသူ
တယောက်ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံရဲ့
Kan ပြည်သူ့ရုပ်မြင်သံကြားမှာ ကိုယ်စားလှယ်တဦးကိုမေးမြန်းပြီးပြည်သူ့ဆန္ဒ
သဘောထားကိုရယူရာမှာ သူဟာပါဝင်လာခဲ့ပါတယ်။
နေတန်ယာဟုက သူဟာရာဇဝတ်မှုနဲ့ပတ်သက်ပြီးဘယ်လိုအမှားမျိုးမှကျူးလွန်ထားတာမရှိဘူးလို့ငြင်းဆန်ထားပါတယ်။လက်ရှိကာကွယ်ရေးဝန်ကြီးဖြစ်
ပြီးမျှတတဲ့နိုင်ငံရေးအမြင်ရှိသူ နိုင်ငံရေးသမား
ဘင်နီ ဂန့်တ်(ဇ်) က ၂၀၁၉ ဧပြီလကတည်းက
ကျင်းပခဲ့တဲ့ မရေရာတဲ့ရွေးကောက်ပွဲ၃ကြိမ် အပြီးမှာ ညီညွတ်တဲ့အစိုးရတရပ်ကို မေလမှာ
ဖွဲ့စည်းခဲ့ပါတယ်။ဂန့်တ်(ဇ်)က ၂၀၂၁ခုနှစ်
နိုဝင်ဘာလမှာ နေတန်ယာဟုဆီကနေ တာဝန်လွှဲပြောင်းရယူဆောင်ရွက်ဖို့ သဘောတူညီထားမှုကိုပြီးမြောက်အောင် ဆောင်ရွက်ဖို့ရာမှာအဓိကကျတဲ့ နိုင်ငံတော်ဘတ်ဂျက် လမ်းကြောင်းနဲ့
ပတ်သက်ပြီး အငြင်းပွါးမှုမှာ အစိုးရဟာ အကျပ်အတည်းဖြစ်ပြီး မလူးသာမလွန့်သာ
ဖြစ်နေကြပါတယ်။ ဒီပြဿနာ မဖြေရှင်းနိုင်ဖြစ်နေတာကို အင်္ဂါနေ့နှောင်းပိုင်း
က ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွှင့်မှုကဏ္ဍ
မှာ ပါလီမန်ဥက္ကဌက အသံလွှင့်ကြေညာသွားခဲ့ပါတယ်။ဘတ်ဂျက်ကိစ္စမှာသဘောတူညီမှုမရခဲ့တာကြောင့်
လျှပ်တပြက်ရွေးကောက်ပွဲတခုကျင်းပရတော့မဲ့ကိစ္စ အစပျိုးဖြစ်ပေါ်လာခဲ့ရတယ်လို့သူက
ပြောဆိုခဲ့ပါတယ်။

Ref:France-24


Spread the love
  •  
  •  
  •  
  •  
  •  
  •