“အဇာဘိုင်ဂျန် နဲ့ အာမေးနီးယားတို့ အပစ်အခတ် ရပ်စဲဖို့သဘောတူလိုက်ပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အဇာဘိုင်ဂျန် နဲ့ အာမေးနီးယားတို့
နာဂေါ်နို-ကာရာဘက်(ခ်)ဒေသမှာ အပစ်အခတ် ရပ်စဲဖို့သဘောတူလိုက်ပြီလို့ရုရှပြောဆို”

October 11, 2020

နာဂေါ်နိုကာရာဘက်ဒေသမှာဖြစ်ပွါးနေတဲ့ အာမေးနီးယန်းမျိုးနွယ်စုတပ်ဖွဲ့တွေနဲ့ အက်ဇာရီ တို့ကြားက ပဋိပက္ခမှာသေဆုံးခဲ့ ရုပ်အလောင်းတွေ နဲ့ အကျဉ်းသား
တွေကို အပြန်အလှန်လဲလှယ်ဖို့ အဇာဘိုင်ဂျန် နဲ့ အာမေးနီးယားတို့ စနေနေ့မှာ စတင်အပစ်အခတ်ရပ်စဲဖို့သဘောတူလိုက်ပြီလို့ ရုရှနိုင်ငံခြားရေးဝန်ကြီး
ဆာဂေး လက်ဗ်ရော့(ဗ်)ကပြောပါတယ်။

စက်တင်ဘာ၂၇ နေ့ က ခွဲထွက်နယ်မြေမှာ
တိုက်ခိုက်မှုတွေစတင်ဖြစ်ပေါ်လာခဲ့ပြီး
ကတည်းက ရန်သူတွေကြားမှာ ပဌမဆုံး
သံတမန် ဆက်သွယ်မှုဖြစ်တဲ့ ဆွေးနွေးမှုတွေကို
လုပ်ဆောင်ခဲ့ကြပါတယ်။တိုက်ပွဲတွေမှာ လူပေါင်းရာချီ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲမှုဟာ ည၁၂း၀၀ နာရီမှာ စတင်မှာ ဖြစ်ပါတယ်။မော်စကိုမြို့မှာ ဆွေးနွေးညှိနှိုင်းမှုတွေကို
စေ့စပ် ဖျန်ဖြေပေးတဲ့ လက်ဗ်ရော့(ဗ်)က
နံနက် ၃း၀၀ နာရီ(GMT သန်းခေါင်ယံ)အချိန်မှာ
အပစ်အခတ်ရပ်စဲမှုကိုကြေညာ ခဲ့ပါတယ်။သူ့ရဲ့အာမေးနီးယန်းနဲ့အက်ဇာရီက အဆင့်တူ
ပုဂ္ဂိုလ်တွေရဲ့၁၀နာရီကြာ ဆွေးနွေးပြောဆိုမှုတွေအပြီးမှာ အပစ်အခတ်ရပ်စဲမှုကိုကြေညာခဲ့တာ
ဖြစ်ပါတယ်။အာမေနီးယန်း နဲ့ အဇာဘိုင်ဂျန်
တို့ဟာ ပဋိပက္ခ ဖြေရှင်းဖို့စတင်ဆွေးနွေးရန်ကို
လည်းပဲ သဘောတူခဲ့တယ်လို့သူကပြောပါတယ်။

နိုင်ငံတကာကြက်ခြေနီ ကော်မတီကလည်း
လူသားအကျိုးပြုလုပ်ငန်းတွေမှာ ကြားဝင်
ဆက်သွယ်ပေးသူအဖြစ်ဆောင်ရွက်သွားမယ်လို့ ရုရှထိပ်တန်းသံတမန်ကပြောပါတယ်။
သူကတွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး
အသေးစိတ်မဖော်ပြခဲ့ပေမဲ့ ဥရောပတိုင်းပြည်
များလုံခြုံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
(OSCE)ရဲ့ မင့်စ်(ခ်) ဂရု(ပ်) (Minsk Group) က
ကြားဝင်စေ့စပ်ဖျန်ဖြေပေးလိမ့်မယ်လို့ပြောပါတယ်။

အာမေးနီးယန်း နိုင်ငံခြားရေးဝန်ကြီး
ဇိုဟ်ရက်(ဗ်) အမ်နတ်စကန်ယန် နဲ့သူ့ရဲ့ အဆင့်တူ အက်ဇာရီ ဂျေဟန် ဘေရာမော့(ဗ်)
တို့ဟာသတင်းထောက်တွေကိုစကားမပြောခဲ့ပါဘူး။
တကယ်တော့အခြားနယ်မြေဒေသကို
ရောက်နေတဲ့တောင်ပေါ်သားလူစုလေးဟာ နိုင်ငံတကာ ဥပဒေအရ အဇာဘိုင်ဂျန်နဲ့သက်ဆိုင်ပါတယ်။ဒါပေမဲ့
ဆီုဗီယက်ပြည်ထောင်စု ပြိုကွဲစဉ် စစ်ပွဲမှာ
ခွဲထွက်လာတဲ့သူတွေဟာ လူဦးရေ
တိုးပွါးလာခဲ့ကြပြီး သူတို့ကို အာမေးနီးယန်းမျိုးနွယ်စုက အစိုးရအဖြစ်အုပ်ချုပ်နေခဲ့ကြပါတယ်။
ဆယ်စုနှစ်ချီကြာမြင့်နေပြီဖြစ်တဲ့ပဋိပက္ခမှာ
တိုက်ပွဲတွေ ထပ်မံပေါ်ပေါက်လာတာဟာ
ပိုမိုကျယ်ပြန့်တဲ့စစ်ပွဲအဖြစ်
အဇာဘိုင်ဂျန်နဲ့ အနီးကပ် မဟာမိတ်
ဖြစ်တဲ့တူရကီနဲ့၊ အာမေနီးယန်းနဲ့ ကာကွယ်ရေးကတိကဝတ်ရှိတဲ့ရုရှနိုင်ငံထဲကို
ရောက်ရှိလာမှာကိုစိုးရိမ်နေကြပါတယ်။

တိုက်ပွဲတွေဟာ ဥရောပကိုသယ်ယူပို့ဆောင်ပေးနေတဲ့ အဇာရီရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းတွေရဲ့ လုံခြုံစိတ်ချရမှုအတွက် စိုးရိမ်ပူပန်မှုတွေကိုလည်းတိုးပွါးလာ
စေပါတယ်။အခုဖြစ်နေတဲ့တိုက်ပွဲဟာ ၁၉၉၁-၉၄စစ်ပွဲ
ပြီးကတည်းကအဆိုးဆုံးဖြစ်ပါတယ်။အဲ့ဒီ၉၁-၉၄စစ်ပွဲမှာလူပေါင်း ၃၀၀၀၀ခန့်သေဆုံးခဲ့ပြီး ၊
ထပ်ခါထပ်ခါချိုးဖောက်ခဲ့တဲ့အပစ်အခတ်
ရပ်စဲရေးနဲ့ အဆုံးသတ်ခဲ့ရပါတယ်။
စက်တင်ဘာလ၂၇ရက်နေ့ကစတင်ပြီး အဇာရီ
ပြည်သူ၃၁ယောက်သေဆုံးခဲ့ပြီး၊၁၆၈ယောက်ဒါဏ်ရာရခဲ့တယ်လို့ အဇာဘိုင်ဂျန်က သောကြာနေ့ကပြောပါတယ်။

စစ်ဘက်ဆိုင်ရာသေကြေပျက်စီးမှုနဲ့ပတ်သက်ပြီးသတင်းမထုတ်ပြန်ပါဘူး။
နာဂေါ်နို-ကာရာဘက်(ခ်) ကပြောတာကတော့ ပဋိပက္ခ စတင်ဖြစ်ပွါးပြီးကတည်းက စစ်ဘက်မှ၃၇၆ဦး
နဲ့အရပ်သား ၂၂ဦး သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

Ref:FRANCE-24(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •