အတိုင်ပင်ခံရုံး ဒုဝန်ကြီး၏ ဓာတ်ခွဲအဖြေမှာ “Negative” ဖြစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အတိုင်ပင်ခံရုံး ဒုဝန်ကြီး၏ ဓာတ်ခွဲအဖြေမှာ “Negative” ဖြစ်

 

နေပြည်တော်၊ စက်တင်ဘာ ၁၄

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၏ ဓာတ်ခွဲအဖြေ အရ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက အတည်ပြု ပြောဆိုသည်။

စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက အတိုင်ပင်ခံရုံး ဒုဝန်ကြီးတွင် ရောဂါပိုး တွေ့ရှိရကြောင်း ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်များသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဒုတိယဝန်ကြီး ဦးခင်မောင်တင် Swab test “Negative” ဖြစ်ပါတယ်။ ဦးခင်မောင်တင် ၏ PSO မှာ Positive ဖြစ်ပါတယ်။ ဒုဝန်ကြီးနှင့် PSO တစ်ရက်တည်း စစ်ဆေးခြင်း ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဦးဇော်ဌေးက ပြောကြားသည်။

လက်ရှိအချိန်တွင် ဒုဝန်ကြီးမှာ Hotel Quarantine ဝင်နေပြီး ရက်ပိုင်းအတွင်း ထပ်မံ၍ ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးမည် ဖြစ်ကြောင်း သိရှိရသည်။
#Peacock


Spread the love
  •  
  •  
  •  
  •  
  •  
  •