အတ္ထရံမြစ်ရေကို သန်.စင်ပြီး မော်လမြိုင်မြို.ပေါ် ၁၄ ရပ်ကွက်ကို ရေသန်.ဖြန်.ဝေပေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အတ္ထရံမြစ်ရေကို သန်.စင်ပြီး မော်လမြိုင်မြို.ပေါ် ၁၄ ရပ်ကွက်ကို ရေသန်.ဖြန်.ဝေပေးမည်

အတ္ထရံမြစ်ရေတင်စီမံကိန်းကိုမွန်ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့်စည်ပင်သာယာရေးအဖွဲ့က၂၀၁၈-၂၀၁၉ ခု၊ဘဏ္ဏာရေးနှစ်ဖြည့်စွက်ရန်ပုံငွေဖြင့်စတင်ဆောင်ရွက်ခဲ့ပြီးစီမံကိန်းကာလသည်ဘဏ္ဏာရေးနှစ် ၂နှစ်တာကာလဖြစ်ပါသည်။

လက်ရှိအချိန်တွင်အဆိုပါစီမံကိန်းသည်၆၅% ပြီးစီးပြီဖြစ်ပြီး စက်တင် ဘာလကုန်တွင်စီမံကိန်းတစ်ခုလုံးပြီးမည်ဖြစ်ပါသည်။ထုတ်လုပ်မှုနှင့်စက်ပစ္စည်းကိုင်တွယ်အသုံးပြုမှုများအားကုမ္မဏီမှစည်ပင်သာယာအားနည်းပညာပို့ချပြီးဒီဇင်ဘာလတွင်စတင်၍ပြည်သူများထံသို့ရေပေးဝေနိုင်မည်ဖြစ်ပါသည်။

အဆိုပါစီမံကိန်းမှာအတ္ထရံမြစ်ရေကိုနည်းပညာဖြင့်ရေသန့်နီးပါးရရှိအောင်သန့်စင်ပေးမည်ဖြစ်ပါသည်။တနေ့ကိုရေဂါလံ၄၈သိန်းထုတ် လုပ်နိုင်မည်ဖြစ်ပါသည်။

လက်ရှိမြစ်ရေကိုသာသုံးစွဲနေရသောပြည်သူများအတွက်သန့်စင် ပြီး သော ရေကောင်းရေသန့်ကိုရရှိပြီး ၁၄ ရပ်ကွက်ကိုဖြန့်ဝေနိုင်မည်ဖြစ်ပါသည်။
ထို့ပြင်ရွှေနတ်တောင်စည်ဘက်မှရေသုံးစွဲမှုပမာဏကိုလျော့ချ နိူင်မည်ဖြစ်ခြင်းကြောင့်ရွှေနတ်တောင်ဆည် နွေရာသီရေခမ်းခြောက်မှုဘေးမှကာကွယ်နိုင်မည်ဖြစ်ပါသည်။ရာသီဥတုကြောင့်ရေခမ်းခြောက်ပါကလည်းအတ္ထရံမြစ်ရေတင်စီမံကိန်းမှလက်ရှိပေးဝေနေသောဆည်များသို့ဖြည့်စည်းပေးနိုင်ရန်ရေပိုက်လိုင်းစနစ်များတပ်ဆင်သွားမည်ဖြစ် ပါသည်။

လက်ရှိတည်ဆောက်နေသောအတ္ထရံမြစ်ရေကိုသန့်စင်၍မော်လမြိုင်မြို့ရေလိုအပ်ချက်ကိုဖြည့်စည်းပေးမည့်အတ္ထရံမြစ်ရေတင်စီမံကိန်းဆောင်ရွက်နေမှုမှတ်တမ်းများအားဖော်ပြအပ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •