အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများကို စတင် ကျောင်းအပ်လက်ခံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အထက်တန်းအဆင့်ကျောင်းသား၊ကျောင်းသူများကို စတင် ကျောင်းအပ်လက်ခံ

ပညာရေးဝန်ကြီးဌာနက ၂၀၂၀-၂၀၂၀၁ ပညာသင်နှစ်အတွက် အထက်တန်းဆင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ဇူလိုင်လ(၁၃)ရက်မှ(၁၇)ရက်အထိ သတ်မှတ်ခဲ့ပါတယ်။

 

၂၀၂၀-၂၀၂၁ ပညာသင်နှစ် အထက်တန်းအဆင့် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဇူလိုင်လ(၁၃)ရက်နေ့မှ (၁၇)ရက်နေ့ထိ ဆောင်ရွက် သွားမည် ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီး ယနေ့နံနက်ပိုင်းမှ စတင်ပြီး နိုင်ငံ တဝန်းလုံးရှိ ကျောင်း
တွေမှာ မိဘများက ကျောင်းသား/ ကျောင်းသူများအား လာရောက်စတင်အပ်နှံလျက်ရှိပါတယ်။

 

ပညာရေးဝန်ကြီးဌာန၏  “မည့်သည့် ခွဲခြားမှုမျှ မရှိဘဲ ကျောင်းနေအရွယ်ကလေးအားလုံး အရည်အသွေးရှိသော ပညာ သင်ယူခွင့် ရရှိဖို့ မိဘပြည်သူအားလုံး ဝိုင်းဝန်းကူညီစို့” ဆောင်ပုဒ်နှင့်အညီ အပ်နှံရေး လုပ်ငန်းများ လက်ခံဆောင်ရွက်ပေးကြပြီး ပုံနှိပ်စာအုပ်များကို တစ်ပါတည်း ဖြန့်ဝေပေးအပ် လျက်ရှိကြောင်း သိရပါတယ်။

ကျောင်းများစတင်အပ်နှံ လက်ခံရာတွင် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမက ကျောင်းအဝင် တံခါးပေါက်နှင့် ကျောင်းတွင်းနေရာ အသီးသီးတွင် ကျန်းမာရေး ဗဟုသုတများ ရရှိစေရန် ကိုဗစ်−၁၉ ရောဂါ အသိပညာပေး နံရံကပ်ပိုစတာများ ချိတ်ဆွဲထားခြင်း လာရောက်သူများကို Mask တပ်ဆင်ထားရန် နှိုးဆော်ပေးခြင်း၊ အမည်စာရင်းရေးမှတ်ခြင်း၊ အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊  လက်ကို စနစ်တကျ ဆေးကြောစေခြင်း၊ တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ နေထိုင် သွားလာစေခြင်း တို့ကိုကြပ်မတ်ဆောင်ရွက်ပေးကြပါတယ်။

 

ဒါ့အပြင်ပိုးသတ်ဆေးဖြန်း ထားသည့် သီးသန့် အခန်းများတွင်သာ ကျောင်းသား/ကျောင်းသူများကို ဝင်ခွင့်ပုံစံ ဖြည့်သွင်းစေခြင်းနှင့် လိုက်ပါ လာသည့် ကျောင်းသားမိဘကိုလည်း သီးခြားအခန်းများတွင် နေထိုင်စေပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ကျောင်းအပ်နှံရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ကူညီဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •