အထည်ချုပ်စက်ရုံ ဝန်ထမ်းကြိုပို့ကား ဂျိုး ဖြူကျေးရွာအနီးမီးလောင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထည်ချုပ်စက်ရုံ ဝန်ထမ်းကြိုပို့ကား ဂျိုး
ဖြူကျေးရွာအနီးမီးလောင်မှုဖြစ်ပွား၍ တိုက်
ကြီးမြိုးနယ်မီးသတ်က အချိန်မီ ငြိမ်းသတ်

 

တိုက်ကြီး ၊ စက်တင်ဘာ ၁၈

တိုက်ကြီးမြို့နယ် ဂျိုးဖြူကျေးရွာ၊မိုင်တိုင်အမှတ်(၅၂)မိုင်၊(၄)ဖာလုံအနီးတွင် နံနက်(၆)
နာရီအချိန်ခန့်က အထည်ချုပ်စက်ရုံ ဝန်ထ
မ်းကြို/ ပို့ကား(၁)စီး မောင်းနှင်နေစဉ် အင်ဂျ
င်အပူရှိန်လွန်ကဲကာမီးလောင်မှုဖြစ်ပွားနေ
ကြာင်းသတင်းအရတိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ အချိန်မီသွားရောက်ငြိမ်းသတ်
နိုင်ခဲ့ကြောင်းသိရသည်။

 

ဖြစ်စဉ်မှာ ဝမ်ဟီးအထည်ချုပ်စက်ရုံ၏ဝန်
ထမ်းကြို/ပို့ကားသည် ဥက္ကံဘက်မှရန်ကုန်ဘက်သို့မောင်းနှင်လာစဉ်တိုက်ကြီးမြို့နယ် ဂျိုး
ဖြူကျေးရွာ၊မိုင်တိုင်အမှတ်(၅၂)မိုင်၊(၄)ဖာလုံအနီးတွင် မီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းအရတိုက်ကြီးမြို့နယ်မီးသတ်တပ်ဖွဲ့စခန်မှ
မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦးနှင့်အတူမီးငြိမ်း
သတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)တို့ဖြင့်ထွက်ခွာငြိမ်းသတ်ခဲ့ရာ(၀၆း၂၂)အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီး(၀၆း၂၇)အချိန်တွင်မီးကိုအပြီးငြိမ်းသတ်နိုင်ခဲ့ပြီး ၊ လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

ယင်းမီးလောင်မှုဖြစ်စဉ်တွင် အင်ဂျင်အပူလွန်ကဲပြီး ဒိုင်နမိုကြိုးကာဘာ ပျော်ကျကာ ဝါယာကြိုးများမှစတင်လောင်ကျွမ်းခဲ့ကြောင်းစစ်ဆေးတွေ့ရှိရပြီးကားမှန်နှင့်ဆိုဖာထိုင်ခုံများ၊ရှေ့လေကာမှန်နှင့်ဘေးမှန်များ၊(DashBord)
များမီးလောင်ခံရကာဆုံးရှုံးမှုတန်ဖိုး (၁၈)သိန်းခန့်ဆုံးရှုံးခဲ့ကြောင်းတိုက်ကြီးမြို့နယ် မီးသတ်စခန်းမှ သိရသည်။

” ယာဉ်ပေါ်မှာ လူ မပါသေးပါဘူး၊ ယာဉ်မောင်းတစ်ယောက်ထဲပါ၊ သွားမှာက မှော်ဘီ
မြောင်းတကာကိုသွားမှာ ၊ လမ်းမှာ ဥတိုဘက်
က စက်ရုံဝန်ထမ်းတွေကို တင်ဆောင်ရမှာလို့
သိရတယ်၊ လူအသေအပျောက်တော့မရှိပါဘူ
း ၊ ယာဉ်အမျိုးအစားက FUSO Express
မှန်လုံယာဉ်ပါ ” ဟု တိုက်ကြီးမြို့မရဲစခန်း မှ
ဒုရဲမှူးမြင့်ဇော် က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ယာဉ်မောင်း ကိုသိန်းဇော်ထက်အား တိုက်ကြီးမြို့မ ရဲစခန်းတွင် (ပ)၁၅၆၃/၂၀၂၀ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်းစုံစမ်းသိရှိရသည်။

မင်းထွဏ်း

ဓာတ်ပုံ -Tki(FSD)


Spread the love
  •  
  •  
  •  
  •  
  •  
  •