အထပ်မြင့် ခွင့်ပြုချက်ထက်ကျော်လွန် ဆောက်လုပ်နေသော အဆောက်အဦးပိုင်ရှင်ကို လှိုင်သာယာမြို့နယ် စည်ပင်ကအမှုဖွင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထပ်မြင့်ဆောက်လုပ်ခွင့်ပြုချက်ထက်ကျော်လွန် ဆောက်လုပ်နေသော အဆောက်အဦးပိုင်ရှင်ကို လှိုင်သာယာမြို့နယ် စည်ပင်(ယာ/ အုံ) ဌာနကအမှုဖွင့်

လှိုင်သာယာ l စက်တင်ဘာ၁၅

လှိုင်သာယာမြို့နယ် ၊ ပဒံကျေးရွာအုပ်စု ဆန်စက်လမ်းရှိ ၃ထပ်တိုက် ဆောက်လုပ်ရန်ခွင့်ပြုချက်ရ အဆောက်အဦးကို ဆောက်လုပ်ရာတွက် ပုံစံပြောင်း၍ ၄ထပ်ခွဲ၅ လွှာအဖြစ်ဆောက်နေသဖြင့် စည်ပင်ဥပဒေဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်းလှိုင်သာယာမြို့နယ်စည်ပင်သာယာရေးကော်မတီမှသိရသည်။

အဆိုပါအဆောက်အဦး ပိုင်ရှင်ဦးဝင်းကျော်ဆိုသူသည်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉ခုနစ် မေလ၂ရက် ရက်စွဲပါစာအမှတ် ၁၇၆၂/၁၇၆၃/စည်ပင် -ယာ/အုံခွင့်ပြုမိန့်ဖြင့်လှိုင်သာယာမြို့နယ်အပြင်ပဒံကျေးရွာအုပ်စု ဆန်စက်လမ်း အမှတ် –
၅၉၈တွင်လူနေထိုင်ရန်၃ထပ်တိုက်တစ်လုံးကိုအကျယ်အဝန်း (၃၄ပေx၅၁ပေ) ၊အမြင့်၁၂ပေ + ၉ပေ + ၉ပေကိုဆောက်လုပ်ခဲ့သော်လည်း လက်ရှိဆောက်လုပ်ထားမှုအား စစ်ဆေးရာတွင် (၃၉ပေx ၉ပေ) ရှိသော၄ထပ်ခွဲ ၅ လွှာဖြစ်နေပြီး ၊ဌာနမှ ခွင့်ပြုပြုမိန့်ထက်ကျော်လွန်သော ပုံစံပြောင်းအဆောက်အဦးဖြစ်နေခြင်းကြောင့်တရားစွဲဆိုခြင်းဖြစ်ကြောင်းသိရသည်။

“အထပ်မြင့် သတ်မှတ်ထားတဲ့လျှောက်ထားမှုထက်ပိုဆောက်လုပ်ရင် ပုံစံကွဲလွဲတဲ့အတွက် စည်ပင်ဥပဒေနဲ့တရားစွဲတာများတယ်၊ အများအားဖြင့် ဒဏ်ငွေဆောင်ကြရတာရှိတယ် ၊တချို့တွေကျတော့လည်း အန္တရာယ်ဖြစ်စေနိုင်တဲ့ အထပ်မြင့်တွေကျတော့တမျိုးစဉ်းစား
တယ်၊ အဲ့ဒီလိုမဟုတ်ပဲနဲ့ပုံမှန်နည်းနည်းပါးပါးလောက်ကတော့ ကျွန်မတို့ သိပ်ပြီးတော့ တရားမစွဲပါဘူး။ တချို့ အတိုင်ရှိတဲ့အခါကျရင်တော့ တရားစွဲတယ်။ အသက်အန္တရာယ်ရှိလို့ ဘေးပတ်ဝန်းကျင်က အတိုင်အတောရှိလာတဲ့အခါကျရင်တော့ တိုင်တဲ့ဟာကိုပဲ စွဲတာများပါတယ်၊ ဒဏ်ငွေတွေကတော့များပါတယ်၊ နောက်ပိုင်းကျရင် ဖျက်တဲ့အဆင့်အထိတောင်မှ ရှိပါတယ်။ အမှုဖွင့်ထားတာရှိတဲ့အခါကျရင်တော့ဒဏ်ငွေဆောင်ရမယ့်ဟာက ဒဏ်ငွေဆောင်ပေါ့ ၊ ဒီနေ့အထိတော့ ထောင်ကျတဲ့အဆင့်အထိတော့ မရှိသေးပါဘူး။ ဒဏ်ငွေ အနည်းအများကအဆောက်အဦးအကြီးအသေးပေါ်မှာပဲ မူတည်ပြီး (ယာ/အုံ)ဌာနကဆောင်ရွက်နေတာပါ “ဟုလှိုင်သာယာမြို့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး(၁)ဖြစ်သူဒေါ်ရှမ်းမကပြောသည်။.

ဌာနမှသတ်မှတ်ခွင့်ပြုထားသည်ထက်ပိုမိုကျော်လွန်ဆောက်လုပ်ထားးသော အဗာက်အအုံပိုင်ရှင်အား အရေးယူပေးရန်လှိုင်သာယာမြို့နယ်စည်ပင် ယာ/အုံမှအင်ဂျင်နီယာဒေါ်လဲ့လဲ့ထွန်း က တရားလိုပြုလုပ်တိုင်ကြားမှုကြောင့်လှိုင်သာယာအနောက်ပိုင်းမြို့နယ်ရဲစခန်းမှ(ပ)၆၃၉/၂၀၂၀ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ၃၂၄ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

” စက်တင်ဘာ၁၁ရက်ကအမှုဖွင့်ထားလို့စစ်ပြီးပြီ ဥပဒေအကြံတောင်းတင်ဖို့ပဲရှိတော့တယ် ကျလာရင်တော့မြောက်ပိုင်းခရိုင်စည်ပင်တရားရုံးမှာတရားစွဲတင်သွားမှာပါ ဒီမြို့နယ်မှာဒီလိုအမှုမျိုးတွေအများကြီးရှိပါတယ်”ဟုလှိုင်သာယာမြို့နယ်အနောက်ပိုင်းမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မင်းထွဏ်း


Spread the love
  •  
  •  
  •  
  •  
  •  
  •