“အထိန်းသိမ်းခံရသူစာရင်းပေါက်ကြားမှု​ကြောင့် ဝီဂါလူမျိုးစုတွေအပေါ် တရုတ်အစိုးရကဖိနှိပ်​နေတယ်ဆိုတဲ့စွပ်စွဲမှု​​​ေတွ ပုိမိုခိုင်မာလာ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထိန်းသိမ်းခံရသူစာရင်းပေါက်ကြားမှု​ကြောင့် ဝီဂါလူမျိုးစုတွေအပေါ် တရုတ်အစိုးရကဖိနှိပ်​နေတယ်ဆိုတဲ့စွပ်စွဲမှု​​​ေတွပုိမိုခိုင်မာလာ

 

“ပေါက်ကြားခဲ့တဲ့အထိန်းသိမ်းခံရသူများရဲ့လျှို့ဝှက်စာရင်းကြောင့် ဝီဂါလူမျိုးတွေအပေါ်တရုတ်ပြည်ရဲ့ဖိနှိပ်ချုပ်ချယ်မှုကိုထိုးထွင်းသိမြင်နိုင်စေခဲ့”

December 10 , 2020

တရုတ်ပြည်ရဲ့စင်ကျန်းဒေသမှာ ဝီဂါလူမျိုးနွယ်စု၂၀၀၀ကျော် ထိန်းသိမ်းခံထားရတဲ့
လျှို့ဝှက်စာရင်းပေါက်ကြားမှုဟာ ဝီဂါလူမျိုးတွေကို အကြွင်းမဲ့ အာဏာရှင် ဆန်စွာ ဖမ်းဆီးထိန်းသိမ်းဖို့ ကျယ်ပြန့်တဲ့အချက်အလက်စုဆောင်းမှုစီမံချက်ကိုအသုံးပြုခဲ့တာ ဖော်ပြနေပါတယ်လို့ အမေရိကန်ပြည်ထောင်စု လူ့အခွင့်အရေးစောင့်ကြည့်လေ့လာမှုအဖွဲ့
(HRW)ကပြောပါတယ်။
HRWကရရှိခဲ့တဲ့ စင်ကျန်းပြည်နယ်ရဲ့ အက်စု စီရင်စုနယ်ကအထိန်းသိမ်းခံရသူတွေ ရဲ့စာရင်းမှာ တရုတ်ရဲ့ နိမိတ်ပြထားတဲ့ ထိန်းသိမ်းကြပ်မတ်ရေးအစီအစဥ်တခုကိုပူးတွဲ၍ စက္ကူအလံထိုးထားပါတယ်။

(ရုံးစာများတွင်အရေးကြီးအချက်အလက်များကိုစက္ကူအလံထိုး၍မှတ်သားသိမ်းဆည်းထားလေ့ရှိသည်။ ဘာသာပြန်သူ)
အဲ့ဒီအစီအစဥ်ကို ဘက်ပေါင်းစုံပေါင်းစည်းမှု ပူးတွဲစစ်ဆင်ရေးစင်္ကြံ(IJOP)လို့ခေါ်ဆိုထားပြီး ဘယ်သူဘယ်ဝါတွေကို ခွဲခြားရွေးထုတ်ပြီး
ထိန်းသိမ်းထားရမယ်ဆိုတဲ့ အချက်အလက်တွေကို စုဆောင်းထားတာဖြစ်ပါတယ်။
၂၀၁၈ခုနှစ်က ဒီစာရင်းမှာ စခန်းသွင်းထိန်းသိမ်းရမဲ့သူတွေရဲ့ နာမ်မည်တွေ နဲ့ ဖုန်းနံပါတ်တွေ၊ထိန်းသိမ်းရမဲ့
အကြောင်းရင်းတွေအပြင် ကိုရန် ကျမ်းစာ
လေ့လာခြင်း၊ဘာသာရေးအဝတ်အစားဝတ်ဆင်ခြင်း နဲ့ နိုင်ငံတကာကို ခရီးသွားလာခြင်းစတဲ့ အချက်အလက်တွေလဲပါဝင်ပါတယ်။
“ဒီ အက်စုစာရင်းကြောင့် လူတွေကိုဖမ်းဆီးထိန်းသိမ်းရေးလှုပ်ရှားဆောင်ရွက်မှုမှာ IJOPကိုကျွန်မတို့ ပဌမဆုံး တွေ့မြင်ကြရတာဖြစ်ပါတယ်။”လို့
HRWအဖွဲ့က မာယာ ဝမ် ကပြောဆိုပါတယ်။
ဒီစာရင်းဟာ နည်းပညာနဲ့ အတင်းဖိနှိပ်
သိမ်းသွင်းခံနေရတဲ့ စင်ကျန်းပြည်နယ်မှာနေထိုင်တဲ့ တူရကီမူဆလင်တွေကို တရုတ်ပြည်က လူမဆန်တဲ့ဖိနှိပ်မှုတွေ ဘယ်လိုကျူးလွန်နေသလဲဆိုတာကို
ထိုးထွင်းသိမြင်နိုင်စေပါတယ်။
လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့က စာရင်းထွက်ပေါ်လာရာရင်းမြစ်ကို
ပေးအပ်သူရဲ့လုံခြုံရေးကိုစိုးရိမ်ရတဲ့အတွက်
တိတိကျကျဖော်ပြပြောဆိုခြင်းမရှိပါဘူး။ရိုက်တာအနေနဲ့ ဒီစာရင်းရဲ့စစ်မှန်မှုနဲ့ပတ်သက်ပြီးမှန်မမှန်ဆိုတာကိုတသီးတခြားအတည်ပြုမပေးနိုင်ပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ချက်ပေးဖို့တောင်းဆိုတာကို ချက်ချင်းတုန့်ပြန်တာမလုပ်ခဲ့ပါဘူး။
အမေရိကန်ပြည်ထောင်စုရဲ့ ကျွမ်းကျင်သူတွေ နဲ့ တရားရုံးရှေ့နေတွေက အနည်းဆုံးဝီဂါလူမျိုး ၁သန်းကျော်ဟာ မွတ်ဆလင်ဘာသာဝင်တွေဖြစ်ကြပြီး တူရကီဘာသာစကားကိုပြောဆိုကြတဲ့သူတို့ဟာ တချိန်မဟုတ်တချိန်မှာ စင်ကျန်းပြည်နယ်တွေကစခန်းတွေမှာထိန်းသိမ်းထားတာ ခံကြရဖူးတယ်လို့ပြောပါတယ်။

တရုတ်တွေဟာ တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားတဲ့စင်တာတွေကို ပညာရေး နဲ့
အသက်မွေးဝမ်းကြောင်းသိပ္ပံကျောင်းတွေ
အဖြစ်ဆောင်ရွက်နေပြီး တက်ရောက်သူအားလုံးဟာဘွဲ့ရပြီးနောက်မှာအိမ်ပြန်ကြရပါတယ်။အဲ့ဒီစခန်းတွေကို ဝင်ကြည့်ဖို့အခွင့်အလမ်းကို တင်းကျပ်စွာကန့်သတ်ထားတာကြောင့်စခန်းအားလုံးပိတ်ထားပြီးပြီလားဆိုတာ
မှန်မမှန်အတည်ပြုပြောဆိုဖို့ရာမဖြစ်နိုင်ပါဘူး။
စာရင်းထဲမှာ နိုင်ငံခြားမှာနေထိုင်နေတဲ့ဝီဂါလူမျိုးတွေဟာ
ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ​ဖော်ပြထားပြီး၊အဲ့ဒီအထဲမှာ မိသားစုတစုထဲက လူ၁၈ယောက်ဟာ ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာဖော်ပြထားတွေပါဝင်တယ်ဆိုတာကိုတော့အခိုင်အမာပြောနိုင်တယ်လို့ လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့ကပြောဆိုပါတယ်။

တရုတ်အစိုးရဟာ စင််ကျန်းပြည်နယ်က
ဝီဂါလူမျိုးတွေကိုဖမ်းထိန်းသိမ်းရာမှာ ဘာသာရေး၊ပုဂ္ဂိုလ်ရေးဆိုင်ရာပတ်သက်ဆက်နွယ်မှု နဲ့
နိုင်ငံခြားမှာနေထိုင်တဲ့ဆွေမျိုးသားချင်းတွေနဲ့အဆက်အသွယ်ရှိမှုတွေအပေါ်မှာအခြေခံပြီး ဆောင်ရွက်တယ်လို့ ဒီစာရင်း က နောက်ထပ်သက်သေပြနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကပြောပါတယ်။အဲ့ဒီအထဲမှာအသက်အရွယ်ကြီးသူတွေပါ ပါဝင်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းဖို့အတွက် အခြားသော
အကြောင်းရင်းတွေထဲမှာ စမတ်ဖုန်းတလုံးကို
ထပ်တလဲလဲပိတ်ပစ်ခြင်း၊ မတည်ငြိမ်တဲ့အတွေးအခေါ်ရှိခြင်း (ဒါမှမဟုတ်) မျိုးရိုးအစဉ်အလာအရမယုံကြည်ထိုက်သူဖြစ်နေခြင်း စတဲ့ အချက်အလက်တွေပါ စာရင်းထဲမှာ ဖော်ပြထားပါတယ်။

Ref:(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •