အထူးပင်သတိထားကြရမည့် သတင်းထုတ်ပြန်မှုဆိုင်ရာ အသုံးအနှုန်းများ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထူးပင်သတိထားကြရမည့် သတင်းထုတ်ပြန်မှု ဆိုင်ရာ အသုံးအနှုန်းများ

( Myanmar State Counsellor Office )
မှသတင်းထုတ်ပြန်မှုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ
ဒေါ်အောင်ဆန်းစုကြည် မှ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့များ၊အထွေထွေအုပ်ချုပ်ရေးဌာန ၏တိုင်းဒေသကြီး ပြည်နယ် များမှာတာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းအကြီး အကဲများအားတွေဆုံ အမှာစကားပြောသော သတင်းကို အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ရာတွင်

တိုင်းဒေသကြီးနှင့်ပြည်နယ်အုပ်ချုပ်ရေးမှူးများ ဟုသုံးထားတာကိုတွေ့ရပါတယ်၊

၎င်းတို့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရုံးစိုက်ထားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း အကြီး အမှူးများသာ ဖြစ်ပါတယ်၊

ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဆင့်သတ်မှတ်တာဝန်ပေးထားသော တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ဦးစီးမှူးများသာဖြစ်ပါတယ်။

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးများဟူ၍ သတ်မှတ် ခေါ်ဝေါ် မှုမရှိပါ၊

ဖွဲ့စည်းပုံမှာသော်လည်းကောင်း၊သက်ဆိုင်ရာဝန်ကြီးဌာနမှာသော်လည်းကောင်း၊သက်ဆိုင်ရာဦးစီးဌာနမှသော် လည်း ကောင်း၊အုပ်ချုပ်ရေးမှူးဟု သတ်မှတ်ခေါ်ဝေါ်ခြင်းမရှိပါ၊

ပြည်သူအများ အမှတ်မှားစေနိုင်ပါတယ်။

ဖွဲ့စည်းပုံ ပုဒ်မ (၂၆၀) မှာလည်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အကြီးအမှူး ဟု
ဖွင့်ဆိုသတ်မှတ်ထားပါတယ်၊

နိုင်ငံတော်အဆင့် ရုံးမှထုတ်ပြန်မှု စကားရပ်သည် ပြည်သူများအပေါ် မလိုလားအပ်သည့် အုပ်ချုပ်မှု အာဏာ သြဇာ လွမ်းမိုးသွားပါတယ်၊

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အုပ်ချုပ်ရေးအကြီးအမှူးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီးချုပ်ဟုခေါ်ဝေါ် ရမည်၊

ဟူပြီး ပုဒ်မ (၂၄၇)(က) ကတိတိပပ ဝဖွင့်ဆိုပြဌာန်းထားပါတယ်။

အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်မှုကို တာဝန်ယူထားသည့် sector မှ အထူးသတိထားဘို့လိုအပ်ပါတယ်၊

တစ်ချို့သက်ဆိုင်ရာ ဌာန ဝန်ထမ်းကြီးများသည် အစိုးရအကြီးအကဲများကို၎င်း၊အရပ်ရပ်ပြည်သူအများကို၎င်း၊
ပမာ မခန့် လုပ်တဲ့ အပြင် သူတို့ ၏ အောက်လက် ဝန်ထမ်းများအပေါ်မှာလည်း အနိုင်ကျင့် ဗိုလ်ကျမှုများသည် အလွန် များပြားလှပါတယ်၊

ဤသည်ကို အစိုးရအဖွဲ့ ခေါင်းဆောင် -ပြည်ထောင်စု ဝန်ကြီးများနှင့်သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ် ဝန်ကြီးများ
နှင့် ဝန်ကြီးချုပ်များက သိစေ ကြကာ ပြင်ပေး နိုင်ဘို့ လိုအပ်လာပါပြီ။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
………. (11.8.2020)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •