အထွေထွေရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သဘောထားထုတ်ပြန်ချက်သည် – တည်ဆဲဥပဒေ၊နည်းဥပဒေများအပြင်ဖွဲ့စည်းပုံနှင့်ညီပါရဲ့လား ?

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထွေထွေရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သဘောထားထုတ်ပြန်ချက်သည် –
တည်ဆဲဥပဒေ၊နည်းဥပဒေများအပြင်ဖွဲ့စည်းပုံနှင့်ညီပါရဲ့လား ?

နိုဝင်ဘာ(၂) ရက်နေ့တွင်(၂၀၂၀) ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအကြိုကာလ၌ဖြစ်ပေါ်နေသည့်အခြေအနေများနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ချက်၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
ကာကွယ်ရေးဦးစီးချုပ်ရုံး၊
ဟုအချက်(၇) ချက်ပါရှိသည့် သဘောထားထုတ်ပြန်ချက်တစ်စောင်ကိုထုတ်ပြန်ခဲ့တာကိုတွေ့ရပါတယ်၊

ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ ရိုးသားစွာမှားယွင်းမူနှင့်ရည်ရွယ်ချက်ရှိသောမှားယွင်းမူအားလုံးကို အစိုးရအနေဖြင့်တာဝန်ယူမူ၊တာဝန်ခံမူအပြည့်ဖြင့်ကြီးကြပ်ရန်တာဝန်ရှိမည်ဖြစ်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်ကျေပွန်မူကို နောက်ဆုံးရွေးကောက်ပွဲကာလအထိမှတ်ကျောက်တင်ခံရမည်မှာ နိုင်ငံရေးဖြစ်စဉ်တစ်ရပ်ပင်ဖြစ်သည်၊
ကြိုတင်ဆန္ဒမဲများနှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေများတွင်ဖော်ပြထားပြီးဖြစ်သော်လည်းတည်ဆဲဥပဒေများကိုကျော်လွန်နေသည့် ကြေညာချက်များထုတ်ပြန်ခြင်း၊ မဲပေးခွင့်မဆုံးရှုံးစေရေးကိုအကြောင်းပြလျက်တည်ဆဲဥပဒေများကိုကျော်လွန်သည့်ထုတ်ပြန်ချက်များထုတ်ပြန်ဆောင်ရွက်နေခြင်းတို့အပေါ် မဲဆန္ဒရှင်များက သံသယ ဖြစ်ဖွယ်ဖြစ်ကြောင်း၊
ပြည်ထောင်စုမြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး၊လွတ်လပ်၍ သမာသမတ်ကျသောရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်၏တာဝန်ဖြစ်သည့်အပြင် အပြန်အလှန်တာဝန်ခံရသည် ဖြစ်သည့်အပြန်အလှန်တာဝန်ခံရသည့် ပြည်ထောင်စုအစိုးရအဖွဲ့တွင်လည်းတာဝန်ရှိကြောင်း၊
စသည်ဖြင့် ပါဝင်ပါတယ်။

သို့ပါသောကြောင့် စာရေးသူမှ မဲဆန္ဒရှင် ပြည်သူအများ သိသာကြပါစေရန် ရေးသားတင်ပြလိုရင်းဖြစ်ပါတယ်၊

ရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်များဟူ၍ လွတ်တော်များရွေးကောက်ပွဲဆိုင်ရာဥပဒေများတွင် –
ပုဒ်မ(၅၀)မှ(၅၄) အထိပြဌာန်းထားပြီးဖြစ်ပါတယ်၊
လွှတ်တော်ရွေးကောက်ပွဲဥပဒေ –
ပုဒ်မ(၅၁) ရွေးကောက်ပွဲများရွေ့ဆိုင်းခြင်း၊မဲရုံများကိုလုံခြုံမူရှိသောနေရာများသို့ပြောင်းရွေ့ကျင်းပခြင်းနှင့်စပ်လျဉ်းသည့် လညပ်ပိုင်ခွင့်ကို ကော်မရှင်က ကော်မရှင်အဖွဲ့ခွဲအသီးသီးသို့သင့်လျော်သလို လွဲအပ်နိုင်သည်၊

ပုဒ်မ(၅၃) ရွေးကောက်ပွဲကိစ္စအတွက် ကော်မရှင် အဖွဲ့ခွဲအသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်၊ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်သည် မိမိ၏ဆန္ဒအလျောက် သက်ဆိုင်ရာအမူတွဲ၊စာရွက်စာတမ်းများကိုတောင်းယူကြည့်ရှု၍ လိုအပ်သလိုအဆုံးအဖြတ်ချမှတ်နိုင်သည်၊
ယင်းဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

ပုဒ်မ(၅၄) ကော်မရှင်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သလိုဆောင်ရွက်နိုင်သည်။

နည်းဥပဒေ –
ပုဒ္မ(၆၀) – ပုဒ်မ
(၁) မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့်အတူနေအိမ်ထောင်စုဝင်များအတွက် ဖြစ်လျှင် သက်ဆိုင်ရာတပ်ဖွဲ့၌ တာဝန်အရှိဆုံးပုဂ္ဂိုလ်က စီစဉ်ပေးသည့်နေရာ၌ ယင်းတပ်မတော်သားများနှင့်အတူနေအိမ်ထောင်စုဝင်များက ကြိုတင်ဆန္ဒမဲလက်မှတ်များတွင် မိမိတို့ဆန္ဒပြုလိုသည့်အတိုင်းရေးသွင်းကာ
ယင်းကြိုတင်ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာစာအိပ်အသီးသီး၌ထည့်သွင်း၍ လုံခြုံစွာပိတ်ပြီး(လုံခြုံစွာပိတ်ပြီး) ထိုတာဝန်အရှိဆုံး
ပုဂ္ဂိုလ်ထံသို့ ချက်ချင်းပြန်လည်ပေးအပ်ရမည်၊ ထိုတာဝန်အရှိဆုံးပုဂ္ဂိုလ်သည် ယင်းကြိုတင်ဆန္ဒမဲလက်မှတ်ပါရှိသည့် စာအိပ်များကိုစုစည်းပြီးသည့်အခါ သက်ဆိုင်ရာတပ်မှူးထံသို့ပြန်လည်ပေးအပ်ရမည်၊

ပုဒ်မ(၇၀) (ခ) ဆန္ဒမဲပေးပြီးသား ကြိုတင်လက်မှတ်များကို အားလုံးစုံမှသက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ပေးပို့ခြင်းမပြုဘဲ
ကြိုတင်ဆန္ဒမဲပေးပြီးတိုင်း ထိုဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ဆောလျှင်စွာ ပေးပို့ရမည်။

နိုင်ငံရေးပါတီများနှင့်တကွ အခြားသက်ဆိုင်သော ဥပဒေပါပြဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍က်ာမရှင်၏ လုပ်ပိုင်ခွင့် ဥပဒေတွင် –
ပုဒ္မ(၂၀) –
(က) ကော်မရှင်၏ ဆုံးဖြတ်ချက်သည်အပြီးအပြတ်ဖြစ်စေရမည်၊
(ခ) မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခွင့်မရှိစေရ၊

ပုဒ်မ(၂၆) ကော်မရှင်သည် ဤဥပဒေပါပြဌာန်းချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သော နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊အမိန့်ညွန်ကြားချက်များကိုထုတ်ပြန်နိုင်သည်၊

အထက်ပါ ဥပဒေ၊နည်းဥပဒေ ပြဌာန်းချက်ပုဒ်မများကို ဖတ်ကြခြင်းဖြစ် မိမိတို့စာဖတ်သူများသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှထုတ်ပြန်လိုက်သောသဘောထားအား ချိန်ထိုးကြည့်နိုင်ပါလိမ့်မယ်၊

တပ်မတော်သည် လွတ်လပ်သည့် အဖွဲ့အစည်းမဟုတ်ပါ ဆိုလိုတာက အစိုးရနှင့် မသက်ဆိုင်သော (ngo/cso) များကဲ့သို့သော အဖွဲ့အစည်းမဟုတ်သလို နိုင်ငံတော်၏ အုပ်ချုပ်မူအာဏာ အတွင်းမှာရှိသည့် နိုင်ငံ့ လုံခြုံရေး sector အဖွဲ့ အစည်းတစ်ခုသာဖြစ်ပါတယ်၊

ဖွဲ့စည်းပုံမှ ပေးထားချက်အရ –
နိုင်ငံတော်အခြေခံမူများ
ပုဒ်မ(၂၀) တွင် ပုဒ်မခွဲ(၆) ခု၌ပါသော –
(ခ) တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့်ခွဲ၊စီရင်ပိုင်ခွင့်ရှိသည်၊
(စ) တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အဓိကတာဝန်ရှိသည်၊

အုပ်ချုပ်ရေးအဖွဲ့ –
ပြည်ထောင်စုအစိုးရဖွဲ့စည်းခြင်း
(က) နိုင်ငံတော်သမ္မတ၊
(ခ) ဒုတိယသမ္မတများ၊
(ဂ) ပြည်ထောင်စုဝန်ကြီးများ၊
(ဃ) ပြည်ထောင်စုရှေ့နေချုပ်၊

ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်မဟုတ်ပါ၊
သို့သော် ကာကွယ်ရေးဝန်ကြီးသည် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဖြစ်ပြီး၊
ပုဒ်မ(၂၃၂)(ဇ) အရ နိုင်ငံတော်သမ္မတအားတာဝန်ခံရမည်၊ ဟုဖွဲ့စည်းပုံကဖွင့်ဆိုပြဌာန်းထားပါတယ်၊

တစ်ခါ ဖွဲ့စည်းပုံအခြေခံဥပဒေပြဌာန်းချက်
ပုဒ်မ(၉၇)(က)ပြည်ထောင်စုလွှတ်တော်သည် ဥပဒေတစ်ရပ်ပြဌာန်းသည့်အခါ
(၁) ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့်အဖွဲအစည်းတစ်ရပ်ရပ်အား ယင်းဥပဒေနှင့်သက်ဆိုင်သည့် နည်းဥပဒေ၊စည်းမျဉ်းနှင့်စည်းကမ်းများထုတ်ပြန်ခွင့်ရှိသည်၊
(၂) သက်ဆိုင်ရာအဖွဲ့အစည်း သို့မဟုတ် အာဏာပိုင်အား ယင်းဥပဒေနှင့်သက်ဆိုင်သည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ညွန်ကြားချက်နှင့်လုပ်ထုံးလုပ်နည်းများထုတ်ပြန်ခွင့်ရှိသည်။

၎င်းဥပဒေပြဌာန်းချက်များအရ
ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်ရှိသည့် တပ်မတော်၏ နည်းဥပဒေများကိုထုတ်ပြန်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၉၇)ပုဒ်မခွဲ (က)၊ပုဒ်မခွဲငယ်(၁) ပါလုပ်ပိုင်ခွင့်အရ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါနည်းဥပဒေများကိုထုတ်ပြန်လိုက်သည်၊
ဟူသော စကားရပ်ကို ထည့်သွင်းစေပြီး ကာကွယ်ရေးဝန်ကြီးက ပြည်ထောင်စုဝန်ကြီး၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဆိုပြီး ထုတ်ပြန်ရတာဖြစ်ပါတယ်၊
ဤကဲ့သို့သော လုပ်ထုံးများနဲ့အညီထုတ်ပြန် ပြီးမှသာ တပ်မတော်အတွင်းရှိ နည်းဥပဒေများကအသက်ဝင်ပြီး၊ ဥပဒေနဲ့အညီ တရားဝင်ဖြစ်လာစေမှာဖြစ်ပါတယ်၊

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂၉၁) ၏ပြဌာန်းချက်တွင် – နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားများ၏ လုပ်ငန်းသဘာဝသည် ထူးခြားမူရှိသည့်အလျောက် တပ်မတော်သားများအတွက် တပ်မတော်ဆိုင်ရာ ဥပဒေများနှင့်အညီဆောင်ရွက်ရမည်၊
(ပထမအပိုင်းစကားရပ်သည် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်) ဖွင့်ဆိုထားပါတယ်၊
သို့ကြောင့်တပ်မတော်အက်ဥပဒေနှင့်တပ်မတော်နည်းဥပဒေများသည် နိုင်ငံတော်အစိုးရမှ သဘောတူမူဖြင့်ထုတ်ပြန်ရခြင်းသည်
ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်ညီစေရန် အထက်ပါစာပိုဒ်တွင် ရေးသားခဲ့သည့်အတိုင်းပင်ဖြစ်ပါတယ်၊(ပုဒ်မ ၉၇ /က/ခ)၊
ကာကွယ်ရေးဦးစီးစီးချုပ်ရုံးသည် ဖွဲ့စည်းပုံအရဘဲဖြစ်စေ၊ အစိုးရ၏တည်ဆဲဥပဒေအရဘဲဖြစ်စေ၊ တပ်မတော် အက်ဥပဒေ၊တပ်မတော်နည်းဥပဒေပြဌာန်းချက်များအရ တပ်မတော်အဖွဲ့အစည်းဝင်များနှင့် တပ်ပိုင်းဆိုင်ရာ အမိန့်၊ညွှန်ကြားချက်များကိုသာထုတ်ပြန်ပိုင်ခွင့်ရှိနေပါတယ်၊

ဤကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးထားချက်များကိုအသက်ဝင်စေရန်သည်လည်းသမ္မတဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့၏ အခန်းဏ္ဍ သည်ဖွဲ့စည်းပုံအရဘဲဖြစ်စေ၊ တည်ဆဲဥပဒေအရဘဲဖြစ်စေ မိမိတို့နိုင်ငံတွင်အရေးပါဆုံးဖြစ်ပါတယ်၊

ထိုကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ဖွင့်ဆိုချက်များ၊ ပေးထားချက်များအရ –
ပြည်ထောင်စုအစိုးအဖွဲ့တွင်လည်းတာဝန်ရှိပါကြောင်း၊
ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၏ရိုးသားစွာမှားယွင်းမူနှင့်ရည်ရွယ်ချက်ရှိသောမှားယွင်းမူ၊
အားလုံးကို အစိုးရအနေဖြင့်တာဝန်ယူမူ၊တာဝန်ခံမူအပြည့်ဖြင့် ကြီးကြပ်ရန်တာဝန်ရှိမည်ဖြစ်ကြောင်း၊
အစရှိသော စကားရပ်များဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊
ဟူ၍ သဘောထားထုတ်ပြန်ချက်ဟူသော
ထုတ်ပြန်မူသည် တည်ဆဲဥပဒေများနှင့်မကိုက်ညီသည့် အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်လည်းမညီပါ။

ပြည်ထောင်စုနိုင်ငံတော်အစိုးရကိုဆန့်ကျင်ကျူးလွန်ခြင်း –
ပုဒ်မ(၁၂၁)(ဃ) မည်သူမဆို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဖြင့်တည်ထောင်ခန့်အပ်သော ပြည်ထောင်စုနိုင်ငံ၏ လုပ်ငန်းအဖွဲ့ကိုသော်၎င်း၊
ပြည်ထောင်စုအဖွဲ့ဝင်၏ လုပ်ငန်းအဖွဲ့ကိုသော်၎င်း၊
လက်နက်ဖြင့်ဖြစ်စေ၊အခြားသောင်းကျန်းသောနည်းလမ်းဖြင့်ဖြစ်စေ၊ ဖြိုဖျက်ရန်အားထုတ်လျှင်၊သို့တည်းမဟုတ် ဖြိုဖျက်ရန်အခြားနည်းဖြင့်ပြင်ဆင်လျှင်၊သို့တည်းမဟုတ် ထိုသို့အားထုတ်မူတွင်ပါဝင်ဆောင်ရွက်လျှင်၊
သို့တည်းမဟုတ်ထိုသို့အားထုတ်မူနှင့်ပတ်သက်လျှင်၊သို့တည်းမဟုတ် ထိုသို့အားထုတ်မူကိုပြုရန်ဖြစ်စေ၊ ထိုသို့အားထုတ်မူတွင်ပါဝင်ဆောင်ရွက်ရန်ဖြစ်စေ၊ထိုသို့အားထုတ်မူနှင့်ပတ်သက်ရန်ဖြစ်စေ ပြည်ထောင်စုနိုင်ငံအတွင်း၌သော်၎င်း၊အပ၌သော်၎င်း၊ တစ်ဦးဦးကို လှူံ့ဆော်လျှင်၊ သို့တည်းမဟုတ် တစ်ဦးဦးနှင့်ပူးပေါင်းကြံစည်လျှင်၊
ထိုသူသည် နိုင်ငံတော်သစ္စာဖေါက်ဖျက်၊ပုန်ကန်မူကြီးကိုကျူးလွန်သည်။

ပုဒ်မ(၁၂၄)(က) သည် ပြည်ထောင်စုအတွက်၊သို့တည်းမဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသောအစိုးရကို အကြည်ညိုပျက်အောင်ပြုခြင်းအတွက် ညွန်းဆိုထားသည်ံ ပုဒ်မဖြစ်ပါတယ်၊

ပုဒ်မ(၅၀၅) အများပြည်သူ၏ အကျိုးပျက်စီးမူကိုဖြစ်သော ဖော်ပြသည့်
ဥပဒေပုဒ်မ (က/ခ/ဂ) ရှိပါတယ်။

ဤတွင် ပြောစရာ တစ်ခုရှိလာနိုင်ပါတယ်၊
အစိုးရအပြောင်းအလဲဖြစ်နိုင်၊လုပ်နိုင်သော အထွေထွေရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် လူပုဂ္ဂိုလ်၊နိုင်ငံရေးပါတီများသည်လည်း အထက်ပါပုဒ်မများနှင့် ညိစွန်း ဆက်နွယ်မူမရှိကြပေဘူးလားဟူသော မေးခွန်းဖြစ်ပါတယ်၊
ဒါကြောင့်လည်း ရွေးကောက်ပွဲကော်မရှင်များကို ဖွဲ့စည်းပုံနဲ့အညီဖွဲ့စည်းပေးထားကာ၊
လွတ်လပ်ပြီး တာဝန်ယူ၊တာဝန်ခံရမည့် လုပ်ပိုင်ခွင့်ဥပဒေ၊လုပ်ထုံးများဖြင့် ဖွဲ့စည်းတာဝန်ပေးထားခြင်းဖြစ်ပါတယ်၊

ပုဒ်မ(၃၃၇) တပ်မတော်သည်နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်၊
ဟူသော ဖွဲ့စည်းပုံ၏ ပေးအပ်ထားသော အခွင့်ဥပဒေအရ ယခုလို အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်သည့် အထွေထွေရွေးကောက်ပွဲတွင်
မတည်ငြိမ်စေနိုင်မည့် အပြောအဆို၊အရေးအသားများနှင့် နိုင်ငံတော်တွင်ပြည်သူလူထု ကြားထဲသို့ ပြန့်နှံ့သွားစေမည့် သဘောထားထုတ်ပြန်မူမှန်သမျှ အထူးသတိထားထားစေရန်လိုအပ်ပါတယ်၊
အထူးသဖြင့် နိုင်ငံတော်၏ Institution ဖြစ်သော ကာကွယ်ရေးတပ်ဖွဲ့အကြီးအမှူးသည် ယခုလိုအထွေထွေရွေးကောက်ပွဲကာလတွင် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီတစ်ခုခေါင်းဆောင်တစ်ယောက်၏ အသွင်ပြောဆိုမူသည် –
တည်ဆဲဖွဲ့စည်းပုံအရဖြစ်စေ၊
တည်ဆဲဥပဒေ၊နည်းဥပဒေအရဘဲဖြစ်စေ၊
စောင့်ထိန်းရမည့် ကျင့်ဝတ်များအရဘဲဖြစ်စေ၊
အကြောင်းအချက်များ ညီညွတ်မူအလျဉ်း မရှိပါပေ။
လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်စဉ်ကိုလည်း အနှောက့်အယှက် ဖြစ်စေနိုင်ပါတယ်၊

တည်ဆဲဥပဒေ၊နည်းဥပဒေအရသော်လည်းကောင်း၊ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေပေးထားချက်အရသော်လည်းကောင်း၊
ကိုယ့်အလုပ် ကိုယ်လုပ်ကိုင်ခြင်းသည်
မိမိတို့နိုင်ငံကို တည်ငြိမ်အေးချမ်းစေပြီး၊
နိုင်ငံတွင် တရားဥပဒေကို စိုးမိုးစေပါတယ်။

သို့ဖြစ်ပါသော အကြောင်းအချက်များကို မိမိတို့ပြည်သူ ပြည်သားများမှ ရှုမြင် သုံးသပ်ကြကာ –
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားလှယ်များအား
ပြည်ထောင်စုအစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ပါရန် အနိုင်မဲပြားများကို ပေးနိုင်ကြပါစေကြောင်း၊
လာမည့် ငါးနှစ်သက်တမ်းအတွက် အစိုးရတာဝန်ကို ထပ်မံပေးကြပါစေကြောင်း နှင့်

မိမိတို့မြန်မာပြည်အတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်ထူထောင် အောင်လံစိုက်နိုင်ရေးအတွက် ဆန္ဒမဲများပေးကြပါစို့၊

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးနှင့်အတူ …
ဒီမိုကရေစီစနစ် ရှင်သန် ခိုင်မာရေးအတွက်

NLD ကို မဲပေးကြပါစို့၊

ဟုရေးသား တိုက်တွန်း နိူးဆော်လိုက်ပါတယ်။

အလေးထားစွာဖြင့် .ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(4.11.2020)……….

 

ယနေ့(နိုဝင်ဘာ၄)နေပြည်တော်ရှိသမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်။========================================

 

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေးဟာလက်ရှိနိုင်ငံတော် အစိုးရရဲ့ ဦးစားပေးမူဝါဒလည်းဖြစ်ပါတယ်။ လွတ် လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် တနိုင်ငံလုံး ၀ိုင်းဝန်းဆောင်ရွက်ရမယ့်အချိန်လည်းဖြစ်ပါတယ်။ အပြု သဘော ဆောင်တဲ့ ဝေဖန်ထောက်ပြမှုတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လစ်လျှူရှုထားမှာ မဟုတ်ပါဘူး။ တပ် မတော်ရဲ့နောက်ဆုုံးထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ တိကျရေရာသေချာမှုမရှိတဲ့ ပေးကြားချက် များ အပေါ်အခြေခံထားပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကို အ ထောက်အကူ မဖြစ်စေဘဲ စိုးရိမ် စိတ်တွေ၊ မတည််မငြိမ် ဖြစ်စေရေးကို အားပေးရာရောက်ပါတယ်။ တပ်မတော်ရဲ့ထုတ်ပြန်ချက်၊ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်နဲ့ ပေါ်ပြူလာ မဂ္ဂဇင်း တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ၊ နိုင်ငံဝန်ထမ်းဥပဒေများနဲ့ အနှစ်သာရအရ ကိုက်ညီမှုမရှိပါဘူး။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က)အရ နိုင်ငံ ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနဲ့ ကင်းရှင်းရမယ်လို့ ပြဌာန်းထားပါတယ်။ နိုင်ငံဝန်ထမ်းဥပဒေ ၁ ပုဒ်မ ခွဲ(င)အရ နိုင်ငံဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူူး တခုခုတွင်ခန့်အပ်ခြင်းခံရသည့် နိုင်ငံဝန်ထမ်းကိုဆိုသည်။ တပ်မတော် သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် နိုင်ငံဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဥပဒေ အကြုံဝင်ခြင်းမရှိစေရလို့ပြဌာန်းပါတယ်”

ဦးဇော်ဌေး (သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ) ယနေ့(နိုဝင်ဘာ၄)နေပြည်တော်ရှိသမ္မတအိမ်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ ပြောကြားချက်။


Spread the love
  •  
  •  
  •  
  •  
  •  
  •