အထွေထွေရွေးကောက်ပွဲနှင့် တရားဥပဒေစိုးမိုးရေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထွေထွေရွေးကောက်ပွဲနှင့် တရားဥပဒေစိုးမိုးရေး

 

နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၂၇/၂၀၂၀ ဖြင့် (16.10.2020) နေ့ရက်တွင်
တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်ရေး – ဟူ၍ အပိုဒ်(၄) ခုဖြင့်ထုတ်ပြန်ခဲ့သည်ကိုတွေ့ရပါတယ်၊
အပိုဒ်(၂) –
နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ ဥပဒေနှင့်နည်းဥပဒေ
ပါပြဌာန်းချက်တို့ကိုလိုက်နာကြရန်၊
ကိုယ်စားလှယ်လောင်းများအနေဖြင့်လည်း
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့်နည်းဥပဒေပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ကြရန်၊
အပိုဒ်(၃) –
ယခုအခါရွေးကောက်မူဆိုင်ရာ အခွင့်အရေးများကို ပုံစံအမျိုးမျိုးဖြင့်အကြမ်းဖက်ခြင်း၊
ခြိမ်းခြောက်ခြင်း၊နှောင့်ယှက်ခြင်းများ၊အသွင်အမျိုးမျိုးဖြင့် ဘာသာရေး၊လူမျိုးရေးကို အကြောင်းပြု ၍ စည်းရုံးခြင်း၊ဆူပူမူဖြစ်အောင်ဖန်တီးခြင်း၊ရပ်ရွာအေးချမ်းသာယာရေးပျက်ပြားအောင်ကြံဆောင်ခြင်းများစသည့် တရားမဲ့ပြုကျင့်မူများကို တွေ့ရှိရပါသည်။
အပိုဒ်(၄) –
သို့ပါ၍ သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ပြည်ထောင်စုဝန်ကြီးဌာနများ၊တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များနှင့်ယင်းတို့၏လက်အောက်ခံဌာနဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်တရားဥပဒေစိုးမိုးရေးကိုအဓိကထားပြီးတည်ဆဲဥပဒေများနှင့်အညီထိရောက်စွာ အရေးယူဆောင်ရွက်ကြရန်ဖြစ်သည်။
ဟုနိုင်ငံတော်သမ္မတရုံးမှအမိန့်ထုတ်ပြန်ထားပါတယ်။

ကျွန်ုပ်တို့အားလုံးဟာ ဖွဲ့စည်းပုံခြေခံဥပဒေတစ်ခုတည်းကိုသာ ပြစ်တင် ပုံချမူချည့်မလုပ်ပါပဲ၊
စနစ်ကို ကောင်းစွာအသုံးချနိုင်ဘို့လိုအပ်ပါတယ်၊
ဤသည်က နိုင်ငံရေးသမား၊နိုင်ငံရေးခေါင်းဆောင်များ၏ အလုပ်ပင်ဖြစ်ပါတယ်၊
တိုင်းပြည်တစ်ခု၌ ဒီမိုကရက်တစ်လုပ်ငန်းစဉ်ကိုထူထောင် အုပ်မြစ်ချရာတွင်၊ရေးသားပြဌာန်းထားသောဖွဲ့စည်းပုံအခြေခံဥပဒေအရသာမကဘဲ၊
နိုင်ငံရေးဆောင်ရွက်ချက်၊နိုင်ငံရေးအကြပ်အတည်းအမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားနိုင်မည့် လက်တွေ့ကျသော စီမံမူများဖြစ်ပါတယ်၊

နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်သည့် အမိန့်ကို ကော်မရှင်ကသာထုတ်ပြန်ရမှာပါဟူ၍ သုံးသပ်နေကြသူများအား အထက်ပါစာပိုဒ်နဲ့အဖြေပေးပါရစေ။

ယခုအခါမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့်နယ်မြေများစာရင်းကိုထုတ်ပြန်လိုက်ပါပြီ၊
မဲဆန္ဒနယ်တစ်နယ်လုံးမှာ –
ရှမ်းပြည်နယ်တွင်
(၁)မိုင်းလားမြို့နယ်၊ (၂) ပန်ဆန်း(ပန်ခမ်း)မြို့နယ်၊ (၃)နားဖန်းမြို့နယ်၊(၄) မိုင်းမောမြို့နယ်၊(၅)ပန်ဝိုင်မြို့နယ်၊(၆)မိုင်းကိုင်မြို့နယ်၊တို့ဖြစ်ပြီး၊
ပန်ဆန်း(ပန်ခမ်း)၊ပန်ဝိုင်၊မိုင်းမော၊နားဖမ်း၊တို့သည်(၂၀၁၀) နှင့်(၂၀၁၅) အထွေထွေရွေးကောက်ပွဲများတွင်လည်းမကျင်းပနိုင်ခဲ့ပေ၊
(၂၀၁၀)တွင် ရှမ်းပြည်နယ်တွင်မြို့နယ်လေးခုနှင့် ကချင်ပြည်နယ်တွင် မဲဆန္ဒနယ်(၂)နေရာ၌ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါ၊
(၂၀၁၅)တွင်ရှမ်းပြည်နယ်တွင်(၇) မြို့နယ်မကျင်းပါနိုင်ခဲ့ပါ၊

ရခိုင်ပြည်နယ်တွင်ကျင်းပနိုင်မူမရှိတဲ့မြို့နယ်နှင့် မဲဆန္ဒနယ်မရှိခဲ့ပေ၊

ယခု(၂၀၂၀) နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ခုံလုံးရှိမဲဆန္ဒနယ်များ၊လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲများကျင်းပရန်အခြေအနေမရှိသဖြင့်ရွေးကောက်ပွဲများကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ကော်မရှင်ကကြေညာလိုက်ပါတယ်၊
(၉) မြို့နယ်ဖြစ်ပါတယ်၊
(၁)ပေါက်တောမြို့နယ်တစ်ခုလုံး၊
(၂)ပုဏ္ဏားကျွန်းမြို့နယ် တစ်ခုလုံး၊
(၃)ရသေ့တောင်မြို့နယ်၊
(၄)ဘူးသီးတောင်မြိဲုနယ်၊
(၅) မောတောမြို့နယ်၊
(၆) ကျောက်တော်မြို့နယ်၊
(၇) မင်းပြားမြို့နယ်၊
(၈)မြေပုံမြို့နယ်၊
(၉) မြောက်ဦးမြို့နယ်၊
တစ်ခုလုံးတို့ဖြစ်ပြီး၊
ကျောက်ဖြူမြို့နယ်မှရပ်ကွက်(၂)ခုနှင့်ကျေးရွာအုပ်စု(၅၂)ခု၊
အမ်းမြို့နယ်မှာရပ်ကွက်(၃)ခု၊ကျေးရွာအုပ်စု(၂၉)ခု၊
စစ်တွေမြို့နယ်မှာ ကျေးရွာ(၄)အုပ်စု၊
တောင်ကုတ်မြို့နယ်တွင်ရပ်ကွက်(၁၀)ခု၊ကျေးရွာအုပ်စု(၅၂)ခုတို့ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ပဲခူးတိုင်းနှင့်ရှမ်းပြည်နယ်တို့မှ မဲဆန္ဒနယ်တစ်ခုလုံးမဟုတ်သည့် မဲဆန္ဒနယ်အချို့ပါဝင်ခဲ့တာကိုတွေ့ရပါတယ်။
ကချင်ပြည်နယ်မှာပါဝင်နေတဲ့ကျေးရွာအုပ်စု(၁၄၉) အုပ်စုတွင် (၈၂)အုပ်စုလောက်က ရွာနာမည်သာရှိကြပြီး လူမနေတော့တဲ့ရွာပျက်တွေဖြစ်နေပါတယ်၊ဒါကိုလည်းမြို့ရွာများပယ်ဖျက်တဲ့စာရင်းလုပ်ပြီး ပြည်ထောင်စုလွှတ်တော်မှာတင်ပြဆုံးဖြတ်အတည်ပြုရမှာဖြစ်ပါတယ်၊
( KIA ) ထိန်းချုပ်နယ်မြေမှာက ယခင်ကတည်းကရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်လူဦးရေ၊မဲစာရင်းပြုစုထားတာမရှိသလို ကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းထားတာမရှိပါ၊
ရှမ်းပြည်နယ်၌ (၆) မြို့နယ်မှာ မဲဆန္ဒနယ်တစ်ခုလုံးဖြစ်ပါတယ်(အထက်တွင်ဖော်ပြပြီး)၊

ရွေးကောက်ပွဲနှင့်သက်ဆိုင်သော မဲဆန္ဒနယ်တစ်ခုအတွက် ကော်မရှင်၏လုပ်ပိုင်ခွင့်ဥပဒေအပိုင်းကိုရေးသားတင်ပြပါမယ်၊

ပုဒ်မ(၅၀)(ဂ) လွှတ်တော်မဲဆန္ဒနယ်တစ်နယ်တွင် ပါဝင်သော အချို့ဒေသများ၌ ရွေးကောက်ပွဲများကျင်းပရန်အခြေအနေရှိပြီး၊
အချို့ဒေသများ၌ ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိလျှင် ရွေးကောက်ပွဲကျင်းပရန်အခြေအနေရှိသောဒေသများ၌ ရွေးကောက်ပွဲကျင်းပရန်သော်လည်းကောင်း၊
ရွေးကောက်ပွဲကျင်းပရန်အခြေအနေမရှိသော
ဒေသများ၌ ရွေးကောက်ပွဲကျင်းပခြင်းမပြုရန်သော်လည်းကောင်း၊ မဲရုံများကို လုံခြုံမူရှိသောနေရာများသို့ ပြောင်းရွှေ့ကျင်းပရန်သော်လည်းကောင်း ဆုံးဖြတ်နိုင်သည်၊
သို့ရာတွင် မဲစာရင်းအရ မဲဆန္ဒရှင်အားလုံး၏
(၅၁) ရာခိုင်နူန်းက ဆန္ဒမဲပေးပြီးဖြစ်လျှင်
ထမြောက်သော ရွေးကောက်ပွဲအဖြစ်သတ်မှတ်နိုင်သည်၊
လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲကျင်းပရန်မဖြစ်နိုင်ဟု ကော်မရှင်ကယူဆလျှင် ယင်းမဲဆန္ဒနယ် တစ်နယ်လုံး၏ ရွေးကောက်ပွဲကိုရွှေ့ဆိုင်းနိုင်သည်။

ယခုအချိန်တာဝန်ထမ်းဆောင်နေသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှအဆင့်ဆင့်သောကော်မရှင်များသည် ယခင်(၂၀၁၀ – ၂၀၁၆) ရွေးကောက်ပွဲကော်မရှင်အချိန်က ရွေးကောက်ပွဲဥပဒေများသာဖြစ်ပါတယ်၊
အနိုင်ရပါတီ သို့မဟုတ် ကိုယ်စားလှယ် သို့မဟုတ်အစိုးရ တို့အတွက်ပိုပြီးထူးခြား ဦးစားပေး အခွင့်အလန်းပိုပေးနေသော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအသစ်၊နည်းဥပဒေအသစ်များဖြင့်ဖန်တီးနေမူ၊သွားနေခြင်းမဟုတ်ပါ၊
(၂၀၁၅) ထက်ထူးခြားဖြစ်စဉ်ကတော့ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံး၌
Covid – 19 ကူးဆက်မူမြန် ကပ်ရောဂါကြီးဖြစ်ပေါ်နေမူဖြစ်ပါတယ်၊
Covid ကူးဆက်မူကာလနှင့်တိုက်ဆိုင်နေသော ရွေးကောက်ပွဲရှိသည့် နိုင်ငံတိုင်းသည် သူတို့၏ နိုင်ငံအလိုက် ရင်ဆိုင်ဖြတ်ကျော်ကြဖို့ ရုန်းကန်နေကြရတာကိုလည်း မိမိတို့အားလုံးကသိနေ မြင်နေကြရတာဖြစ်ပါတယ်၊
ယခုလည်းမိမိတို့နိုင်ငံက ရင်ဆိုင်ရုန်းကန်ဖို့ ကြိုးစားနေရတာကိုလည်း မိမိတို့ပြည်သူ ပြည်သားများအားလုံးအသိပင်ဖြစ်ပါတယ်၊

Covid နဲ့ပတ်သက်လျှင် ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံကြီးများမှသည် အလယ်အလတ်၊အဆင်းရဲဆုံးနိုင်ငံငယ်လေးများအထိ
မည်သို့သောနိုင်ငံကမှ ရေရာ၊သေချာသည့် နည်းလမ်းများရှာဖွေတွေ့ရှိမူမရှိကြသေးပါ၊
နိုင်ငံအလိုက် စမ်းတဝါးဝါး သွားနေရတုန်းဖြစ်နေပါသေးတယ်၊
ချမ်းသာသောနိုင်ငံများကတော့နေထိုင်ရှာဖွေစားသောက်နိုင်မူတွေကတော့ ဆင်းရဲသည့်နိုင်ငံများထက်စာလျှင် ပိုမိုအဆင်ပြေကောင်း
ပြေနိုင်တာပေါ့၊
မိမိတို့နိုင်ငံမှာလို လက်နက်ကိုင်
ပဋိပက္ခများ၊နိုင်ငံရေး၏ အရေးပါသော
ဥပဒေပြသနာများ၊ခေတ်ကာလအဆက်ဆက်ကဖြစ်မြဲ ပြသနာဖြစ်သည့် အသုံးချနေကြသည့် လူမျိုးရေး၊ဘာသာရေးအသုံးချခံပြသနာများစသည့် သန့်ရှင်းမူမရှိလျှင်ခေါင်းပေါ်တွင် ဒက်ထူသကဲ့သို့
ရှိနေသော အခြေအနေများစွာကို မဖြေရှင်း၊မကုသနိုင်ကြပါဘဲ၊ကုသဖို့ကိုလည်း
onpaper လောက်သာလုပ်ခဲ့ကြမူမှန်သမျှကို ယခုလို ( IT ) နည်းပညာခေတ်တွင် မိမိတို့အားလုံးက အဟောင်း၊အသစ်၊အဖြစ်သနစ်အစုံသိမ်းကြုံးပြီးခံရတာပါဘဲ၊

ဒါတောင် ယခုလိုအချိန်ခေတ်ကာလမှာ –
ကမ္ဘာ့စံချိန်၊စံနူန်းများဖြင့် ကိုက်ညီ ဝင်ဆန့်နိုင်သည့် ဒေါ်အောင်ဆန်းစုကြည် လိုပုဂ္ဂိုလ်တစ်ဦးကို မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားခွင့်ရှိနေသေးလို့သာ အနည်းငယ် အသက်ရူချောင်နေရတာဖြစ်ပါတယ်။
ထိုအရာကို မိမိတို့နိုင်ငံသားအများ အသိအမှတ်ပြုနိုင်ကြစေချင်ပါတယ်၊

ရခိုင်ပြည်နယ်နှင့် ရွေးကောက်ပွဲကော်မရှင်
ကိစ္စကို အနည်းငယ်ရေးသားတင်ပြပါရစေ၊
ရခိုင်ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ရခိုင်ပြည်နယ်ရှိမြို့နယ်များတွင်
ရွေးကောက်ပွဲမကျင်းပနိုင်သည့်အပေါ်
လွှတ်တော်အတွင်းဒေသအခြေအနေတင်ပြခွင့်ဆုံးရှုံးတာပေါ့၊ အခုဆိုရင်ပိုပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်၊လူတွေထိခိုက်ဒဏ်ရာရနေတာတွေရှိတယ်၊ အားကိုးလို့ရတဲ့ကိုယ်စားလှယ်တွေရှိတဲ့အခါတင်ပြခွင့်ရတယ်၊ပြောခွင့်ရတာပေါ့၊
လို့ပြောတာကိုဖတ်လိုက်ရပါတယ်၊
မှန်တာပေါ့ ၊Very good ပါ၊

ဒါပေမယ်လို့ ဒေသကရွေးချယ်လိုက်တဲ့ ရွေးချယ်ခံလွှတ်တော်ကိုစားလှယ်ဆိုတာ အနည်းနဲ့အများ သူ့မဲဆန္ဒရှင်တွေအပေါ်မှာ ဘြဇာသက်ရောက်မူကတော့ရှိနေကြတာပါ၊
ဥပမာ – ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဌ ကိုယ်တိုင်သည်ပင်လျှင် AA စစ်ဦးစီးခေါင်းဆောင် ၏လက်ရှိမိသားစုဝင်အရင်းခေါက်ခေါက်
အကြီးအကဲပင်ဖြစ်ပါတယ်၊
ဒေသမှရွေးချယ်ပေးလိုက်ကြသည့် လွှတ်တော်ကိုယ်စားလှယ်အများစုက မိမိဒေသအတွင်းအေးချမ်းရေး၊ဒေသတွင်းပြည်သူများ စိတ်လက်ချမ်းသာရေးကိုရှေးရူပြီးတော့
နှစ်ဖက်ကို ညှိနိူင်းပေးတဲ့အသွင်သဏ္ဍန်က အားနည်းနေ ကြပြီး ပြည်နယ်အစိုးရမှသည် ပြည်ထောင်စုအစိုးရ တာဝန်ရှိသူ ခေါင်းဆောင်ကို အပြစ်တင် စွပ်စွဲပုတ်ခတ်မူကိုသာ ဦးတည်ပြောဆိုတာကများပါတယ်၊
မိမိဒေသ၊မိမိပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိပြီး လက်တွေ့ကျတဲ့ ပြောဆိုဆွေးနွေးမူတွေ အားနည်းတာကိုတွေ့ရပါတယ်၊
ဘာဘဲပြောပြော ဒေသက လွှတ်တော်ကိုယ်စားလှယ်တွေပြောရင် ရနိုင်မယ့် နည်းလမ်းတွေအသွယ်သွယ်ရှိနေပါတယ်၊

ဥပမာ – ပြီးခဲ့တဲ့ရက်က တောင်ကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း(၃) ဦး၊
နှစ်ဦးကလက်ရှိရွေးချယ်ခံသက်တမ်းမကုန်သေးတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်၊
နိုင်ငံသားများ၏လုံခြုံမူဥပဒေနှင့်ဒေသဆိုင်ရာလုံခြုံမူကို မထေမယ့်မြင်ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပါတယ်၊
ဒေသတွင်းလွှတ်တော်ကိုယ်စားလှယ်တွေက ထိုကဲ့သို့သော လုပ်ရပ်မျိုးက လုပ်သင့်၊မလုပ်သင့်၊တော်၏ မတော်၏ ဘာကိုမျှ ပြောဆို ခြင်းကို မတွေ့ပါဘူး၊
နောက်ထပ် ဒီထက်မက ရွေးကောက်ပွဲဝင်ကြမည့် ပုဂ္ဂိုလ်တွေ၊ဆန္ဒမဲပေးကြမည့် သာမန်အရပ်သားပြည်သူတွေကို ဖမ်းဆီးမူ၊သတ်ဖြတ်မူမျိုးတွေ မရှိဘူးလို့ အဘယ်သူက အာမခံမှာလဲ၊
ဒီတော့ပြည်သူအများသူငါ အတွက် အသက်လုံခြုံမူကို ပထမစဉ်းစားဆင်ခြင်ပြီး ကော်မရှင်က သူ့လုပ်ပိုင်ခွင့်ဥပဒေ ဘောင်အတွင်းကနေ အများသူငါတွေရဲ့အသက်ကို ကာကွယ်လိုက်ရတယ်လို့မြင်ပါတယ်၊

ရွေးကောက်ပွဲမကျင်းပနိုင်လို့ ၎င်းဒေသအတွင်နေထိုင်ကြတဲ့ အရပ်သား ပြည်သူအားလုံးဘယ်လောက်အထိ အခွင့်အရေးဆုံးရှုံးနစ်နာသွားစေနိုင်ပါသလဲ ?
ရေတွက်လို့မရနိုင်တဲ့နစ်နာ ဆုံးရှုံးမူတွေဖြစ်ပါတယ်။
သို့ကြောင့်လက်ရှိဒေသတွင်းရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်များနဲ့
ဒေသတွင်း လူမူ စီးပွား၊ဘာသာ၊သာသနာ ဘြဇာရှိကြသော အရပ်ရပ်သော အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များကဒေသနဲ့ ဒေသတွင်းပြည်သူအားလုံး၏ကောင်းမွန်သောအကျိုးကိုမျှော်ကိုး ရှေ့ရှုကာ အပြန်အလှန်ညှီနိူင်းသင့်ပါတယ်၊
ချိတ်ဆက်မူတွေလည်းရှိနေကောင်းရှိနေနိုင်ပါတယ်။
ရေးသားတင်ပြရလျှင် များလှပါတယ်၊

ဆောင်းပါးကိုအဆုံးသတ်ပါရစေ၊
တစ်ချို့က ယခင်ရွေးကောက်ပွဲကော်မရှင်လောက်၊ ယခုရွေးကောက်ပွဲကော်မရှင်က အရည်အချင်းမရှိဘူး၊လွတ်လပ်တဲ့ရွေးကောက်ပွဲလည်းလုပ်နိုင်မှာမဟုတ်ပါဘူးဟု ပြောဆိုရေးသားနေကြတာတွေတွေ့ရပါတယ်၊
ဆောင်းပါးအစမှာ စာရေးသူမှ ရေးသားတင်ပြခဲ့သလို ရွေးကော်ဥပဒေက ယခင်အတိုင်းဖြစ် ပြီးဥပဒေ အတိုင်းလည်းသွားနေတာဖြစ်ပါတယ်ဆိုတာ အားလုံးက မြင်တွေ့နေကြပါလိမ့်မယ်၊

(၂၀၁၅) ရွေးကောက်ပွဲတွင် ထိုစဉ်က အစိုးရကဘဲ ပြန်လည်အနိုင်ရရှိပြီး အစိုးရပြန်ဖွဲ့နိုင်ကာ – NLD လွတ်တော်အတွင်း အားကောင်းသော / ဥပမာ (၄၀)ရာခိုင်နူန်းခန့်ရှိနေရပါလိမ့်မယ်၊
ဆိုသည်မျိုးကို ကမ္ဘာ့အင်အားကြီးဒီမိုကရေစီနိုင်ငံကြီးက ခန့်မှန်းကြိုးစားခဲ့ကြတယ်လို့ ယူဆရပါတယ်၊
အခြားနိုင်ငံကြီးကလည်း ထိုသို့လည်းထင်ထားခဲ့ဟန်ရှိပါလိမ့်မယ်၊
ဤသို့အခြေအနေမှာ ၎င်းတို့သာ အစိုးဖွဲ့နိုင်မည့်အခြေအနေတစ်ရပ်သာဖြစ်လာလိမ့်မယ်ဟူ၍လည်းတွက်ဆမူရှိနေဟန်ပါ၊

မိမိတို့ ဒီမိုကရေစီဘက်တော်သား NLD ပါတီကလည်း ရွေးကောက်ပွဲနိုင်ရမည်၊အပြောင်းအလဲလည်းဖြစ်စေရမည်၊
သို့ပေမယ့် ရွေးကောက်ပွဲကို ရူတ်ထွေး ကြမ်းတမ်းလာအောင် လုပ်ရမည်ဟုမည်သည်ံအခါမှာမှ အမူအကျင့် မရှိပါ၊
(၂၀၁၅) တုန်း ကလည်း မရှိသလို ၊
ယခုအာဏာရ (၂၀၂၀) မှာလည်းမရှိပါ၊

ပြည်သူကို အသက်အိုးအိမ်ထိခိုက်အောင် လုပ်ပြီး မဲရယူမည်ဟူ၍ မည်သည့်အချိန်ကာလမှာမှ မစဉ်းစားခဲ့၊မတွေးခဲ့ပါ၊

ဒါကြောင့် (၂၀၁၅) တွင် မဲဆန္ဒရှင် မိဘပြည်သူအများ စိတ်လက်ချမ်းသာ အန္တရာယ်ကင်းစွာဖြင့် အေးအေး ငြောင်းငြောင်းကိုယ်ကြိုက်တဲ့ ယုံကြည်တဲ့နိုင်ငံရေးပါတီကို စိတ်လက်ကြည်သာစွာမဲပေးနိုင်ခဲ့ကြတာဖြစ်ပါတယ်၊

ဆိုလိုချင်တာက –
(၁) (၂၀၁၅) ရွေးကောက်ပွဲတွင် ရှိနှင့်နေပြီးသားအဖွဲ့မှ အနိုင်ရပြီးအစိုးရဖွဲ့နိုင်မည်ဟု
ယုံကြည်၍ သူတို့နှင့်သက်ဆိုင်သူများ၊အဖွဲ့အစည်းများက ရွေးကောက်ပွဲကိုရူတ်ထွေးလာစေမည့် ထွေထွေထူးထူး အလုပ်များကိုမပြုလုပ်ကြခြင်း၊

(၂) (၂၀၁၅) ရွေးကောက်ပွဲ၏ အားကြီးသော အဓိက ပြိုင်ဖက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏အများပြည်သူတို့၏ဆန္ဒနှင့်ကိုက်ညီ၍ အခြေခံလူ့အခွင့်အရေးများကိုအာမခံမည့် စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ဖြစ်ပေါ်လာစေရန်၊
ဆိုသည်ံရည်ရွယ်ချက်အတိုင်းလျှောက်လှမ်းနေသည့်အတွက် ပြည်သူသာလျှင် အဓိကဟူသည်မူဝါဒကိုသာ စွဲမြဲ ဆုပ်ကိုင်ထားခြင်းကြောင့် မဲဆန္ဒရှင်မိဘပြည်သူများစိတ်ဆင်းရဲမူမှန်သမျှကို လုံးဝမလုပ်ခြင်း၊

စသည်တို့ကြောင့်သာလျှင် (၂၀၁၅)အထွေထွေရွေးကောက်ပွဲသည် ပြည်သူအများအန္တရာယ်ကင်းစွာ၊စိတ်လက်ချမ်းသာစွာ ဆန္ဒမဲပြားများကိုပေးနိုင်ခဲ့တယ်လို့ မြင်ပါတယ်၊

(၃) ယခု (၂၀၂၀) အထွေထွေရွေးကောက်ပွဲသည် တိုင်းပြည်၏ လက်ရှိပစ္စုန်ပန်နှင့်အနာဂတ်တည်ဆောက်ရေးအတွက်အလွန်အရေးပါလှပါတယ်၊
လက်ရှိအနေအထားအတိုင်းဆိုပါလျှင် NLD ကသာလျှင်အများစုအနိုင်ရကာ အစိုးရဖွဲ့နိုင်ဖို့သည် တိုင်းပြည်အတွက် အရေးပါပြီး၊
လိုအပ်နေဆဲဖြစ်သလို မဲဆန္ဒရှင်မိဘပြည်သူအများကလည်းအနိုင်မဲများပေးကြမှာ သေချာနေတာကိုတွေ့နေရပါတယ်၊

(၄) ဤတွင် ဥပုသ်စောင့်သည့် ကျားသည်မရှိပါဟူသော ဆိုရိုးအတိုင်း၊
ငွေကြေးဓန များစွာရှိနေကြသည့် အဖွဲ့အစည်း၊လူပုဂ္ဂိုလ် အချို့သည် ရွေးကောက်ပွဲကို ကြမ်းတမ်း၊ရှုတ်ထွေးလာစေကာ မဲဆန္ဒရှင် မိဘပြည်သူအများ စိုးရိမ်ထိန့်လန့်မူများဖြစ်ပေါ်လာစေရန်၊
အပြင် နိုင်ငံရေးအခြေအနေတည်ငြိမ်မူနည်းလာစေရန်ပြုမူပြောဆိုဆောင်ရွက်နေဘိအလား၊
အသွင်သဏ္ဍန်များကို တွေ့ မြင်ကြားနေရပါတယ်။

သို့ဖြစ်ပါသောကြောင့် မိမိတို့ပြည်သူများသည် အမြံတမ်းနားစွင့်ကြကာ လုံလောက် ခိုင်မာသည့် အခိုင်မဲများကို မိမိတို့တိုင်းပြည်အတွက် ဆက်လက်လိုအပ်နေဆဲ ဖြစ်သည့် –
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းနိုင်မည့်၊အစိုးရတစ်ရပ်ဖြစ်ပေါ်လာစေမည့် –
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆက်လက်၍ အသဲကြားက မဲတစ်ပြားအား
ပေးလိုက်ကြပါစေကြောင်းဆန္ဒပြု ရေးသား နိူးဆော်လိုက်ပါတယ်။

ရခိုင်ပြည်နယ်အရေးကိုရေးသားရာတွင် စကားလုံးအသုံးအနူန်းများမာသွားခဲ့သည်သော်လည်းကောင်း၊
စာဖတ်သူများမှ မနှစ်သက်ပါလျှင်သော်လည်းကောင်း၊
အနူးအညွတ်တောင်းပန်အပ်ပါသည်။

ရခိုင်ပြည်နယ်သူ၊ပြည်နယ်သားများအတွက် စိတ်မကောင်းခြင်း၊
ကိုယ်ချင်းစာနာမူများကြောင့် ပွင့်ပွင့်လင်းလင်းရေးသားရခြင်းဖြစ်ပါတယ်။

အထက်ပါ အကြောင်းအရာများသည် စာရေးသူ၏ အတွေး၊အမြင်များသာဖြစ်ပါတယ်၊

မြန်မာပြည်သူအားလုံး Covid ကပ်ရောဂါဆိုး ကြီးအား အမြန်ဆုံးတွန်းလှန် တိုက်ခိုက် ကာကွယ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းများတောင်းလိုက်ပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(17.10.2020)……….ိ


Spread the love
  •  
  •  
  •  
  •  
  •  
  •