“အထွေထွေ သပိတ်တိုက်ပွဲကြီးစပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အထွေထွေ သပိတ်တိုက်ပွဲကြီးစပြီ
••••••••••••••••••••••••••••••••••

ယနေ့ “နှစ်ငါးလုံး” နိုင်ငံ အနှံ့ အထွေထွေ သပိတ်တိုက်ပွဲကြီး စတင်ပြီ ဖြစ်သည်။

၈၈ အရေးတော်ပုံကြီး အပြီး အကြီးမား
ဆုံးဖြစ်လာမည့် အထွေထွေ သပိတ်တိုက်
ပွဲကြီး တွင် ပါဝင်ရန် သန်းပေါင်းများစွာ
သော ပြည်သူများသာမက ဈေးများ ဆိုင်
များ လုပ်ငန်းများ ရပ်ဆိုင်းသည် အထိ
သပိတ်တိုက်ပွဲကို တညီတညွတ် တည်းပါဝင် ဆင်နွှဲကြရန် သံဓိဠာန် ချထားပြီး
ဖြစ်သည်။

စီးတီးမတ်၊ မာကရိုကဲ့သို့သော ဈေးဝယ် စင်တာကြီးများကအစ ပါဝင်ကြမည်ဖြစ်သည်။

ထိုကဲ့သို့ လှည်းနေလှေအောင်း မြင်းဇောင်း
မကျန် တနိုင်ငံလုံး မိမိတို့ အသိစိတ်ဓါတ်ဖြင့် ပါဝင်လာကြသည့် အဖြစ်ကို နိုင်ငံရေး သမား အပုတ်အသိုးများ၏ ဖျာခင်းရန် ကြံစည်လာမှုများကိုလည်း လူထုက ပြတ်ပြတ်သားသား ဆန့်ကျင်လာခဲ့ကြသည်။

အာဏာသိမ်းအဖွဲ့မှ ရွေးကောက်ပွဲ အသစ်
ကျင်းပပေးမည်ဟု လေပြေထိုးလာမှုများ
နှင့်အတူ ပြည်သူများ အပေါ် သွေးထွက်သံယို ဖြစ်သည့်အထိ စစ်ပွဲကြီး
ဆင်နွဲလာကြသော်လည်း ၎င်းတို့အပေါ် ဆန့်ကျင်သည့် ပြည်သူများ၏ အင်အားက တနေ့ထက် တနေ့ ကြီးထွားလာနေပြီ ဖြစ်သည်ဟု ရိုက်တာ ကြေးနန်းသတင်းအား ကမ္ဘာမီဒီယာများမှ နေရာပေး ဖေါ်ပြလာခဲ့ကြသည်။

မန္တလေး လူသတ်ပွဲကြီးတွင် အာဏာပိုင်
များ လက်ချက်ဖြင့် ယခုအချိန်အထိ လူ လေးဦး သေဆုံးပြီး တရာကျော် ဒဏ်ရာရ
ရှိသွားခဲ့သည်ဟု ဧရာဝတီ သတင်းဌာနက
အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုကြီးအား ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဖေ့စ်ဘုတ်မှလည်း စစ်တပ်၏”သတင်းမှန် ပြန်ကြားရေး” စာမျက်နှာအားလည်း သတင်းမမှန်ကန်မှု၊ အကြမ်းဖက်ရန် လှုံ့ဆော်မှု နှင့်
ဖယ်ရှားလိုက်ပြီ ဖြစ်သည်။

ကျဆုံးသွားသော အာဇာနည် သမီးငယ်
မမြသွဲ့သွဲ့ခိုင်၏ နောက်ဆုံးခရီးကိုလည်း ယာဉ်တန်း ရှည်ကြီးများဖြင့် လှည့်လည်ကာခမ်းခမ်းနားနား သင်္ဂြိုလ် ဂုဏ်ပြုခဲ့
ကြသည်၊ ထိုအချိန်တွင် အာဏာပိုင်တို့၏
မီဒီယာများမှ သူမသည် ရဲများကို ကျောက်ခဲနှင့် ပြစ်သူဖြစ်ကြောင်း၊ အလောင်းကို ခွဲစိတ် စစ်ဆေးရာမှ တွေ့ရသော ကျည်ဆံသည် ရဲတပ်ဖွဲ့ဝင်တို့ အသုံးပြုသည့် ကျည်အမျိုးအစား မဟုတ်ကြောင်း ထုတ်ပြန်လာခဲ့ပြန်သည်။
(ပုံတွင် တွေ့နိုင်သည်)

သို့သော် ရဲများ၏ လူ့အသက်ကို
ဖက်ရွက်ပမာ သဘောထားကာ အဆင်ခြင်
ကင်းမဲ့စွာ ပြစ်ခတ်ခဲ့သည့် မှတ်တမ်းမှတ်
ရာများ ရှိနေပြီး ဖြစ်သည်ဟု နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က သတင်း
ထုတ်ပြန်ခဲ့သည်။

စစ်တပ်၏ ထိုကဲ့သို့ မောက်မာစွာ လှုံ့ဆော် ရန်စ‌နေမှုများက ပြည်သူ အုံကြွမှူ ကို တိုးသည်ထက် တိုးအောင်သာ ဖြစ်လာခဲ့ရသည်။ ယခုအခါ သာဝ ဟု လူသိ များ‌နေသည့် ဗိုလ်ချုပ်မှုးကြီး ဆိုသူ မင်းအောင်လှိုင်သည် အမျှော်အမြင် ရှိသည့်ခေါင်းဆောင်တဦး မဟုတ်ကြောင်းနှင့် လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်သူ မဟုတ် ကြောင်းလည်း စစ်ကောင်စီထဲရှိ တွေးခေါ်တတ်သူများ အဖို့ ရိပ်စားမိလောက်ပြီ ဖြစ်သည်။

အာဏာသိမ်း အဖွဲ့သည် ယခုအခါ ၎င်းတို့အာဏာတည်မြဲ‌ ရေး မှ အပ နိုင်ငံသားများ၏ လုံခြုံရေး နှင့် တရား ဥပဒေ စိုးမိုးရေး ကို လျစ်လျုရှူနေယုံမျှမက ၎င်းတို့ကပင် စတင် ထိပါးနေပြီ ဖြစ်သဖြင့်ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီမှလည်း ကြားကာလ အုပ်ချုပ်ရေး အစီ
အစဉ် အဖြစ် မြို့နယ်ရပ်ကွက် ကျေးရွာ
အလိုက် အနည်းဆုံး အဖွဲ့ဝင် (၁၁) ဦးပါ
အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းကာကွယ်
စောင့်ရှောက်သွားရန် ညွန်ကြားချက် ထုတ်
ပြန်လိုက်သည်ဟု သိရသည်။

ယနေ့ တရုတ် အစိုးရ အာဘော်တပိုင်းဖြစ်သည့် ဂလိုဘယ်တိုင်းမ် သတင်းစာမှ တရုတ်နိုင်ငံသည် မြန်မာစစ်တပ်ဖက်မှ ရပ်တည်ပေးနေသည်ဟူ‌သော စွပ်စွဲချက်များကို “လုံးဝ အဓိပ္ပါယ်မရှိ” ဟု ပယ်ချလိုက်ပြီး အနောက်နိုင်ငံများမှ မြန်မာပြည်သူများနှင့် ရန်တိုက်ပေးမှု အဖြစ် စွပ်စွဲ
လိုက်သည်။

သို့‌ သော် မြန်မာနိုင်ငံရှိ တက္ကသိုလ်ပေါင်းစုံမှ ကျောင်းသား သမဂ္ဂများ မှ စုပေါင်းလက်မှတ်ရေးထိုးကာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ မှ အာဆီယံဥက္ကဌ ဖြစ်သူ ဘရူးနိုင်း နိုင်ငံခြားရေး ဝန်ကြီး အား မြန်မာအရေးနှင့် ပတ်သက်၍ ဆက်သွယ်ပြောဆိုခဲ့မှု အပေါ် ပြင်းထန်စွာ ရှုတ်ချ
ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တရုတ် အစိုးရ သည် တောင်တရုတ် ပင်လယ် အရေး၊ မြန်မာအရေး အပါအဝင်မည်သည့် ကိစ္စမဆို အာဆီယံနိုင်ငံများ အမေရိကန် ဦးဆောင်မှု နောက် လိုက်သွားမည်ကို စိုးရိမ်တကြီးဖြင့် သပ်လျိုရန် ကြိုးပမ်းလာနေခြင်းပင် ဖြစ်သည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •