အန္တရာယ်က လက်တကမ်းမှာပါ (ဒေါက်တာ ခင်ခင်ကြီး)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ဒီကပ်ဘေးမှာ လူတွေက ကြောက်ကြတယ် စိုးရိမ်ကြတယ် သို့သော် ကြောက်ယုံ စိုးရိမ်ယုံပဲလား နောက်ကနေ ရောဂါကာကွယ်ရေး နည်းလမ်းတွေလိုက်နာပြီး ဆောင်ရွက်ဖို့ action ပါဖို့နဲ့ သူတို့ရဲ့အပြုအမူပြုပြင်ပြောင်းလဲဖို့ကရော အတူလိုက်ပါနေပြီလား ဒါကအထူးအရေးတကြီးလိုအပ်နေပါတယ်

ဒီပုံလေးကတော့ ပင်လယ်ကမ်းခြေမှာ အပန်းဖြေနေကြတဲ့ထဲက သားအမိနှစ်ယောက်ပြောထားတဲ့ပုံ ဖြစ်ပါတယ် ပုံက အစစ်လား အတုလားဆိုတာထက် ပေးချင်တဲ့မက်ဆေ့ကို ရစေချင်လို့ပါ

ဒါကို သူငယ်ချင်းတစ်ယောက်တင်ထားတာတွေ့လို့ယူလာတာပါ

သားကမေး- အမေ သားသား မနက်ဖြန် ကျောင်းသွားရမှာလား? 🙄

အမေကဖြေ – အို သားရယ် ကျောင်းမှာက အန္တရာယ်ရှိတယ် စိတ်မချရဘူးတဲ့ 🥴

ဒီတော့ကာ ဖြန့်ကျက်တွေးကြည့်ပါ သင့်အန္တရာယ်ကသင့်အနားမှာရှိပါတယ် အကြောင်းပြချက်မျိုးစုံ ဆင်ခြေမျိုးစုံနဲ့ ကြိုးခုန်မနေပါနဲ့

အန္တရာယ်က လက်တကမ်းမှာပါ အန္တရာယ်ကို ရှောင်ကွင်းသွားမလား ကံကိုယုံဆူးပုံနင်းမလားဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်နေပါတယ်

 

Credit – Dr Khin Khin Gyi

ပုံ Credit: Maythu Thanshwe FB wall


Spread the love
  •  
  •  
  •  
  •  
  •  
  •