အပူပိုင်းမုန်တိုင်း “နို”(NOUL)ကြောင့် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အတွင်း ရန်ကုန်အပါအဝင်တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် မိုးကြီးမယ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အပူပိုင်းမုန်တိုင်း “နို”(NOUL)ကြောင့် စက်တင်ဘာ ၁၉ ရက်မှ ၂၂ ရက်အတွင်း ရန်ကုန်အပါအဝင်တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် မိုးကြီးမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

မိုး/ဇလ၏ မိုးကြီးမည့်သတိပေးချက် အမှတ်စဉ်(၀၂/၂၀၂၀) အရ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အရှေ့ဘက်မှလာသော အပူပိုင်းမုန်တိုင်း “နို”(NOUL)သည် အနောက်ဘက်သို့ ရွေ့လျားကာ၊ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ပြီး၊ ၎င်း၏အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းလာနိုင်ခြင်းတို့ကြောင့် (၁၉.၉.၂၀၂၀)မှ (၂၂.၉.၂၀၂၀) ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ် နိုင်ပါတယ်လို့ ဆိုပါတယ်။

ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၃)လက်မ (၇၇-မီလီမီတာ)နှင့်အထက်၊ နေပြည်တော်နှင့် မကွေးတိုင်းဒေသကြီးတို့ တွင် (၂၄)နာရီအတွင်း မိုးရေချိန် (၁.၅) လက်မ (၃၈-မီလီမီတာ)နှင့်အထက် ရွာသွန်းနိုင်ပါတယ်လို့ဆိုပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •