အပြည်ပြည်ဆိုင်ရာရေကြောင်းပြ Z Flag သင်္ကေတ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Z Flag သင်္ကေတ
~~~~~~~~~~~
Z Flag လို့ရှာလိုက်ရင် အပြည်ပြည်ဆိုင်ရာရေကြောင်းပြအလံတစ်ခုဖြစ်တာကိုတွေ့ရမယ့်အပြင် Battle of Tsushima မှာ 🇯🇵 ဂျပန်ရေတပ်ရဲ့ #ကြီးကျယ်တဲ့အောင်မြင်မှုနဲ့ပါတွဲပြီးတွေ့ရမှာဖြစ်ပါတယ်။

🇯🇵 ဂျပန်ရေတပ်ဟာ 🇷🇺 ရုရှားရေတပ်ကို ထူးထူးခြားခြားအောင်နိုင်လိုက်တဲ့ပွဲပါ။

ဂျပန်ဖက်က (၁၁၇) ယောက်ပဲကျဆုံးပြီး ရုရှားဘက်က (၅၀၄၅) ယောက်ကျဆုံးခဲ့ပါတယ်။

ပြဿနာက #ဒီတိုက်ပွဲနိုင်မှဖြစ်မယ်ဆိုတာဂျပန်တွေအားလုံးသိနေကြတာတယ်။

#မနိုင်လို့မဖြစ်တဲ့ပွဲမှာ ဂျပန်ရေတပ်ဗိုလ်ချုပ် Tōgō ဟာ သူ့ရဲ့အလံတင်သင်္ဘော Mikasa ပေါ်မှာ “Z Flag” ကိုလွှင့်တင်ခဲ့ပါတယ်။

“The fate of the Empire rests on the outcome of this battle. Let each man do his utmost.”

“တို့ #အင်ပါယာရဲ့ကံကြမ္မာဟာဒီတိုက်ပွဲရဲ့ရလဒ်ပေါ်မှာမူတည်နေတယ်။

#တစ်ယောက်ချင်းစီဟာအဆုံးစွန်အစွမ်းကုန်ကြိုးစားကြ” တဲ့။

Battle of Trafalgar စစ်ပွဲမှာလည်း 🇬🇧 ရေတပ်ဗိုလ်ချုပ်ကြီးနယ်ဆင်က သူတို့ထက်အင်းအားများစွာသာလွန်တဲ့ 🇫🇷 ပြင်သစ်နဲ့ 🇪🇸 စပိန်ရေတပ်တွေနဲ့ မတိုက်ခင်မှာ တစ်ခွန်းပဲမှာပါတယ်။

“England expects that every man will do his duty.”

“#အင်္ဂလန်အနေနဲ့လူတိုင်းဟာသူ့တာဝန်ကိုကျေပွန်လိမ့်မယ်လို့မျှော်လင့်တယ်” လို့ မှာခဲ့ပါတယ်။

🇲🇲 အမိမြန်မာပြည်အနေနဲ့လည်းလူတိုင်ဟာသူ့တာဝန်ကိုကျေပွန်လိမ့်မယ်လို့မျှော်လင့်နေပါလိမ့်မယ်။

Richard Myo Thant
4-February -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •