အမရပူရမြို့နယ်ရှိ တည်ဆောက်ဆဲ ရွှေခဲ ရေဆိုးထုတ်မြောင်းတံခါးကျိုးပေါက်၍ ဧရာဝတီမြစ်ရေများ ဆက်လက် ဝင်ရောက်နေ (Update)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမရပူရမြို့နယ် ၊စစ်ကိုင်း လမ်းပေါ်ရှိ တည်ဆောက်ဆဲ
ရွှေခဲ ရေဆိုးထုတ်မြောင်းတံခါးကျိုးပေါက်၍ ဧရာဝတီမြစ်ရေများ ဆက်လက် ဝင်ရောက်နေ

 

၁၉.၇.၂၀၂၀ရက်နေ့၊ (၂၁ ၀၀)အချိန်ခန့်က စတင်ပြီးမန္တလေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် စစ်ကိုင်း လမ်းပေါ်ရှိ ဒေါ်အေးကြင်ကွေ့ ရေဆိုးထုတ်မြောင်းတံခါးကျိုးပေါက်၍ ဧရာဝတီမြစ်ရေများ ဝင်ရောက်နေပါတယ်။

 

အဲဒီ ရေထိန်းတံခါး ကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေများ ဝင်ရောက်နေကြောင်းသတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက် ကူညီဆောင်ရွက်နေပါတယ်။

လက်ရှိအချိန်မှာ ကျိုးပေါက်ရာနေရာကို ကျောက်များချပြီးထိန်းချုပ်ပိတ်ဆို့ဖို့ ကျိုးစား နေကြဆဲဖြစ်ပါတယ်။

 

Update

မန္တလေး ဧရာဝတီမြစ် တာရိုးကျိုးနိုင်ပြီးအန္တရာယ်ရှိတဲ့အခြေနေမှာရှိနေတယ့်အတွက် မြို့တော်ဝန်ဒေါက်တာရဲလွင် ၊လုံ/နယ် ဝန်ကြီး နှင့် တာဝန်ရှိသူများ အမြန်ကြီးကြပ်‌ ဆောင်ရွက်နေပါတယ်။

 

မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်(၁၁၆)ဦးပါဝင်သော ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ(၁)ခွဲကလည်း ရှာဖွေကယ်ဆယ်ရေးယာဉ် (၁၇)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး တို့ဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါတယ်။

 


Source – MFSD

 


Spread the love
  •  
  •  
  •  
  •  
  •  
  •