အမရပူရမှ COVID-19 ပိုးတွေ့လူနာ ဒေါက်တာဇော်မြင့်မောင် တက်ရောက်သည့် NLD အောင်နိုင်ရေး ဆိုင်းဘုတ်ထောင်ပွဲသို့ လာရောက်ခဲ့ခြင်းမရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အမရပူရမြို့နယ်မှ COVID-19 ပိုးတွေ့လူနာသည် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ခဲ့သည့် NLD အောင်နိုင်ရေး ဆိုင်းဘုတ်ထောင်ပွဲသို့ လာရောက်ခဲ့ခြင်းမရှိ

အမရပူရမြို့နယ် မှန်တန်းရပ်ကွက်မှ COVID-19 ပိုးတွေလူနာသည် စက်တင်ဘာ ၈ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်တက်ရောက်ခဲ့သော အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်တွင် ပြုလုပ်ခဲ့သည့် NLD အောင်နိုင်ရေး ဆိုင်းဘုတ်ထောင်ပွဲသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သတင်းရရှိသည်။

 

အဆိုပါပိုးတွေ့လူနာသည် စက်တင်ဘာ ၇ရက်ကတည်းက အနံ့မရခြင်းကြောင့် မြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဆေးခန်းတွင် လာရောက်ပြသခဲ့ကြောင်း၊ မြို့နယ်ကျန်းမာရေးဆရာဝန်ကြီးထံ ချက်ချင်း လွှဲပြောင်းခဲ့ပြီး ဆရာဝန်ကြီးက တစ်ညစောင့်ကြည့်၍ နေအိမ်တွင်း၌သာ နေထိုင်ရန်ညွှန်ကြားထားသူဖြစ်ကြောင်း၊ စက်တင်ဘာ ၈ ရက်အထိ အနံ့မရခြင်းကြောင့် မန္တလေးဆေးရုံကြီးသို့လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိအချိန် အဆိုပါပိုးတွေ့လူနာ၏ မိသားစုဝင်များ၊ ဆေးခန်းပို့ပေးသည့် ရာအိမ်မှုးနှင့် အခြားသူ တစ်ဦးတို့ကိုလည်း Quarantine စင်တာသို့ ပို့ဆောင်ထားပြီး အခြားထိတွေ့မှု ရှိခဲ့သူများကို စုံစမ်းရှာဖွေလျက်ရှိသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •