အမေရိကန်ကူးစက်ရောဂါဌာန CDC က “ကိုဗစ်ဟာလေထဲကနေကူးတယ်” ဆိုတဲ့အချက်ဟာ မှားတင်တာဖြစ်ကြောင်း ပြန်ပြင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇸 CDC က #ကိုဗစ်ဟာလေထဲကနေကူးတာမဟုတ်ဘူးလို့ guideline ကိုပြန်ပြင်။

ဒီမနက် အိပ်ရာနိုးတာနဲ့ သတင်းဌာနတွေမှာတန်းစီတက်နေတဲ့သတင်းကတော့ 🇺🇸 အမေရိကန်ကူးစက်ရောဂါဌာန CDC က သူတို့သောကြာနေ့ကပြင်ထားတဲ့ “ကိုဗစ်ဟာလေထဲကနေကူးတယ်” ဆိုတဲ့အချက်ဟာ #မှားတင်တာဖြစ်ကြောင်း ပြန်ပြင်ထားတဲ့သတင်းပါ။

အဲ့ဒီတော့ ကမ္ဘာ့သတင်းဌာနတွေအားလုံးကလည်း CDC ကချက်ချင်းသူတို့ guideline ကို #ပြန်ပြင်တယ်ဆိုပြီး သတင်းတွေတက်လာပါတယ်။

📰 CNN, the Washington post, Financial Times, CBSNEWS, Aljazeera ကစလို့ အကုန်လုံးမှာ ဒီသတင်းကိုတွေ့ရပါတယ်။

အဲ့ဒီတော့ #ကိုဗစ်ဟာလေထဲကကူးတယ်ဆိုတာ CDC က ပြန်ဖျက်တဲ့အတွက် ကျနော်တို့က အတည်ယူလို့မရတော့ပါဘူး။

CDC ကပြင်ရင် ကျနော်တို့က မနေ့ကတင်ထားတဲ့ post ကို only me လုပ်ပါမယ်။

▪️အဲ့ဒါဆို ကျနော်တို့က ကိုဗစ်ဟာလေထဲကနေအသက်ရှုရင်းမကူးတော့ဘူးလား⁉️

▪️droplets 💧နှာစေးချောင်းဆိုးရာကထွက်တဲ့ အမှုန်တွေကို ထိတွေ့မိရာကနေပဲကူးသလား⁉️

အခု CDC က သူတို့ guideline ပြန်ပြင်တော့ မူလအတိုင်းဆိုရင် airbrone လေထဲကနေအသက်ရှုရင်းမကူးဘူးလို့ “#ယူဆရပါတယ်။”

“#ယူဆရပါတယ်လို့” ပြောရခြင်းဟာ CDC လုပ်ပုံက ကျနော်တို့ကိုလမ်းပျောက်စေလို့ပါ။ အခုလို မနေ့တနေ့ကမှပြင်ထားတဲ့ guideline ကို ပြန်ပြင်ရင် ကျနော်တို့ ဘာကိုအတည်ယူရမလဲဆိုတာ အသေအချာပြောဖို့ခက်သွားပါတယ်။

ဘာပဲဖြစ်ဖြစ် CDC က #ကိုဗစ်ဟာလေထဲကမကူးဘူး။ airborne မဟုတ်ဘူးလို့လက်ရှိပြောထားတဲ့အတွက် #ကျနော်တော့စိတ်သက်သာရာရတာအမှန်ပါပဲ။

တချို့နေရာတွေမှာ အိမ်တွေကအိမ်ချင်းကပ်၊ ပြတင်းပေါက်တန်းနေတဲ့အတွက် airbrone ဆိုတာနဲ့ စိတ်ပူခဲ့တာပါ။

👉 ကျနော်တို့ကတော့ CDC ကတစ်ခုခု ထူးခြားတယ်ဆိုတာနဲ့ အားလုံးသိရအောင်ချက်ချင်းတင်ပေးပါမယ်။ ဟိုပြင်ဒီပြင်က သူ့ပြဿနာပါ။

ကျနော်တို့အနေနဲ့က ပြည်သူတွေသိသင့်တယ်ထင်ရင် သူတို့တင်သမျှ ပြန်မျှဝေပါတယ်။

Richard Myo Thant
22-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •