“အမေရိကန်တရားရေးဌာနက Facebookကို တရားစွဲ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်တရားရေးဌာနက Facebookကို
တရားစွဲဆို”

December 4, 2020

ထရန့်အစိုးရက Facebookဟာ ထောင်ပေါင်းများစွာသောလစာကောင်းတဲ့အလုပ်အကိုင်တွေကို အမေရိကန်နိုင်ငံသားတွေ
ထက် ပြည်ပမှ ရွှေ့ပြောင်းရောက်ရှိလာသူတွေ
ကို ဦးစားပေးခန့်ထားတဲ့အတွက် အမေရိကန်အလုပ်သမားတွေကိုခွဲခြားနှိမ်ချ
ဆက်ဆံတယ်လို့စွတ်စွဲပြီး Facebookကိုတရားစွဲဆိုလိုက်ပါတယ်။
“တရားစီရင်ရေးဌာနရဲ့တရားစွဲဆိုမှုမှာ
Facebookဟာ အရည်အသွေးပြည့်ဝပြီး စိတ်ပါဝင်စားမှုရှိတဲ့ အမေရိကန်အလုပ်သမား
တွေရဲ့အစား ယာယီဗီဇာကိုင်ဆောင်ထားသူ
တွေအတွက်အလုပ်အကိုင်နေရာတွေကို
သီးသန့်ဖယ်ထားပြီးရွေးချယ်ခဲ့တယ်လို့စွတ်စွဲ
ဖော်ပြထားပါတယ်။”လို့ပြည်သူ့အခွင့်အရေးဌာနခွဲရဲ့ တရားလွှတ်တော်ချုပ် လက်ထောက်ရှေ့နေ အဲရစ် ဒရီဘန်(ဒ်) ကပြောပါတယ်လို့ဖော်ပြထားပါတယ်။တရား
စွဲဆိုမှုဟာ ၂၀၁၈ခုနှစ်ဇန္နဝါရီလမှ ၂၀၁၉
စက်တင်ဘာလအထိခန့်ထားခဲ့တဲ့ ပျမ်းမျှလစာ
အမေရိကန်ဒေါ်လာ ၁၅၆၀၀၀လောက်ရှိတဲ့
အလုပ်နေရာ ၂၆၀၀ကျော်နဲ့သက်ဆိုင်ပါတယ်။
ကြီးမားတဲ့အင်တာနက်ကုမ္ပဏီကြီးဟာ
H1-Bအဆင့်ကျွမ်းကျင်လုပ်သားဗီဇာ (ဒါမှမဟုတ်)အခြားယာယီအလုပ်ဗီဇာကိုင်ဆောင်ထားသူတွေအတွက်အလုပ်နေရာတွေကို သီးသန့်ဖယ်ထားခဲ့တယ် လို့ တရားရေးဌာန
ကပြောဆိုခဲ့ပါတယ်။Facebookကအလုပ်နေရာဖော်ဆောင်ပေးရာမှာ အင်တာနက်ပေါ်မှာအလုပ်အကိုင်သတင်း
အချက်တွေကိုမဖော်ပြပဲ၊ အချို့အလုပ်အကိုင်နေရာများအတွက် ကိုယ်တိုင်ကိုယ်ကျစာပေးပို့လျှောက်ထားသူတွေကိုသာလက်ခံခဲ့တယ်။(ဒါမှမဟုတ်)
အမေရိကန်နိုင်ငံသားများကို လုံးဝအလုပ်ခန့်ထားတာမရှိခဲ့ဘူးလို့
တရားစွဲဆိုမှုမှာဖော်ပြထားပါတယ်။ပြည်သူတွေအတွက်ကျွမ်းကျင်လုပ်သားဗီဇာ
ရရှိဖို့ခက်ခဲအောင် သမ္မတဒေါ်နယ်ထရန့်က
လုပ်ဆောင်ထားတဲ့ ဥပဒေစည်းမျဉ်း ပြောင်းလဲမှုတွေကို ဗဟိုအစိုးရတရားသူကြီး
တယောက်က တားမြစ်ပိတ်ပင်လိုက်ပြီးနောက် ၂ရက်အကြာမှာဒီအမှုကို တရားစွဲဆိုလိုက်တာ
ဖြစ်ပါတယ်။Facebookအခြေစိုက်ကယ်လီဖိုးနီးယား
ပြည်နယ် ၊ပင်လယ်အော်ရပ်ဝန်းဒေသကောင်စီ အမေရိကန်ပြည်ထောင်စု ကုန်သည်ကြီးများအသင်းက ပြည်တွင်းလုံခြုံရေးဌာနကိုတရားစွဲဆိုထားခဲ့ပြီးဖြစ်ပါတယ်။ဥပဒေစည်းမျဉ်းပြောင်းလဲမှုတွေဟာ သင့်တင့်လျောက်ပတ်တဲ့ အများပြည်သူဆိုင်ရာပြန်လည်သုံးသပ်မှု
လုပ်ငန်းစဉ်တွေမပါဝင်ပဲ ကန့်သတ်ပိတ်ပင်မှု
အသစ်တွေကိုဖြစ်ပေါ်လာစေတယ်လို့
ငြင်းချက်ထုတ်ကန့်ကွက်ထားပါတယ်။
ကျွမ်းကျင်လုပ်သားဗီဇာတွေဟာ
အင်္ဂျင်နီယာလုပ်သားတွေအလွန်အမင်းလိုအပ်နေတဲ့ဆီလီကွန်တောင်ကြားဒေသက
နည်းပညာကုမ္ပဏီတွေ နဲ့ အခြားသောအဆင့်မြင့်လေ့ကျင့်ထားတဲ့ပါရမီရှင်တွေအတွက်အလွန်အဖိုးတန်ပါတယ်။
အမေရိကန်ပြည်ထောင်စု ခရိုင်တရားရုံး
တရားသူကြီး ဂျက်ဖရီ ဝှိုက်က အလုပ်သမားရေးဌာန နဲ့ ပြည်တွင်းလုံခြုံရေးဌာနက ထုတ်ပြန်ထားတဲ့
စည်းမျဉ်းဥပဒေနှစ်ခုကို ဘေးဖယ်ထားဖို့
သဘောတူခွင့်ပြုချက်ပေးခဲ့ပါတယ်။အဲ့ဒီ့ဥပဒေတွေဟာ H-1Bဗီဇာကိုင်ဆောင်ထားတဲ့အလုပ်သမားတွေကို မြင့်မားတဲ့လစာပေးရန် အတင်းအကျပ်စေခိုင်းထားပါတယ်။ဗီဇာတွေအတွက်အရည်အချင်းပြည့်မီတဲ့
အလုပ်အမျိုးအစားတွေကို အကျဥ်းချုံ့ထားပါတယ်။အများပြည်သူတွေသတိပြုမိစေဖို့ နဲ့ အများပြည်သူဆိုင်ရာပြန်လည်သုံးသပ်ဖို့လုပ်
ငန်းစဥ်တွေကို ကျော်လွှားသွားခဲ့ခြင်းအတွက်
ထရန့်အစို့ရဟာ ကိုရိုနာဗိုင်းရပ်(စ်)ကပ်ရောဂါ
နဲ့ စီးပွါးရေး ကျဆင်းမှုကို အကြောင်းပြချက်ပေးပြီး ကိုးကားပြောဆိုခဲ့ ပါတယ်လို့ တရားရုံးမှတ်တမ်းမှတ်ရာတွေက
ပြောဆိုထားပါတယ်။ဝှိုက်က အမေရိကန်
ပြည်ထောင်စုဟာပြည်တွင်းအလက်လက်မဲ့
ပြဿနာတွေအပေါ်မှာ ကိုဗစ်-၁၉ဗိုင်းရပ်(စ်)
ရောဂါရဲ့အကျိုးသက်ရောက်ရောက်မှုရှိတယ်ဆိုတာ အထင်အရှားပြသနိုင်ခြင်းမရှိဘူးလို့ သူ့ရဲ့စီရင်ဆုံးဖြတ်ချက်မှာပြောဆိုခဲ့ပါတယ်။
အလုပ်လက်မဲ့နှုန်းဟာ H-1Bဗီဇာလျှောက်လွှာတွေနဲ့ အများဆုံးပတ်သက်နေတဲ့အလွန်အရေးကြီးတဲ့အရေးပေါ်အခြေအနေတရပ်ဆိုတဲ့သက်သေ
အထောက်အထားမပြသနိုင်ခဲ့ဘူးလို့
ဝှိုက်က ပြောဆိုပါတယ်။

Ref:France-24 With AFP


Spread the love
  •  
  •  
  •  
  •  
  •  
  •