အမေရိကန်ဒေါ်လာ တစ်သိန်းခုနစ်​သောင်​းကျော်တန်ဖိုးရှိ Covid 19 ရောဂါ Reagents ဓါတ်ခွဲပစ္စည်း များ ဂျပန်နိုင်ငံမှ ပေးအပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန်ဒေါ်လာ ၁၇၈,၀၀၀ တန်ဖိုးရှိ
Covid 19 ရောဂါ Reagents ဓါတ်ခွဲပစ္စည်း များ JICA  မှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL သို့ ပေးအပ်

Covid 19 ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံသည် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်နှင့်အညီ JICA အနေဖြင့်လည်း အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှုများတွင်ပါဝင်ကူညီထောက်ပံ့ပေးလျက်ရှိရာ ရောဂါကူးစက်ခံရသော ပြည်သူများအား စောစီးစွာရှာဖွေ ဖော်ထုတ်၍ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် အမေရိကန်ဒေါ်လာ ၁၇၈,၀၀၀ တန်ဖိုးရှိ Cobas SARS-CoV-2 Reagents ဓါတ်ခွဲပစ္စည်း များကို JICA  မှ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL သို့  ၂၀၂၀ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် covid-19 ကပ်ရောဂါစတင်ဖြစ်ပွားသည့် အစောပိုင်းကာလကပင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အရေးပေါ်တုန့်ပြန်ဆောင်ရွက်မှုများတွင် JICA အနေဖြင့် အစဥ်အမြဲ ပါဝင်ပံ့ပိုးပေးလျက်ရှိပြီး ၂၀၂၀ခုနှစ် ဧပြီလ နှင့် ဇွန်လ များအတွင်း probe, Primer and testing kitတို့အား တင်ပို့ခြင်းသာမက ဆရာဝန်များ၊ သူနာပြုများနှင့်ဓာတ်ခွဲခန်းဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် PPE၊ Medical Face Mask၊ Nitrile Exam လက်အိတ်များ၊ Infrared Thermometer စသည်တို့ကိုပါ အသီးသီး ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါသည်။

လွန်ခဲ့သော အောက်တိုဘာလကုန် နှင့် နိုဝင်ဘာလဆန်းကာလ များ တွင်လည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL နှင့် ပြည်နယ်နှင့်တိုင်းများရှိ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်း (PHL) များတွင် real time PCR test များပြုလုပ်နိုင်ရန်အတွက် JICA မှ စုစုပေါင်းကျပ် ၈၃၆ သန်းတန်ဖိုးရှိ viral nucleic acid isolation kits များကို လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထို့အပြင် JICA မှ ကူးစက်ရောဂါထိန်းချုပ်ရေးနှင့်ဓာတ်ခွဲခန်းဝန်ဆောင်မှုများဆိုင်ရာကျွမ်းကျင်ပညာရှင် Dr. Shinsuke Miyano သည် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနရှိ ပညာရှင်များနှင့်ပူးပေါင်း၍ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုစမ်းသပ်စစ်ဆေးမည့် ဓာတ်ခွဲနမူနာများအား ပိုမို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ဓာတ်ခွဲမှုဆိုင်ရာ data စီမံခန့်ခွဲမှုများတွင်ပိုမိုအားဖြည့် ကူညီ ဆောင်ရွက်ပေး လျက်ရှိပါသည်။
၄င်း Data များသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ COVID-19 ရောဂါကို တိုက်ဖျက်ရန်အတွက် ပိုမိုကောင်းမွန်သည့် နည်းဗျူဟာများချမှတ်ဆောင်ရွက်နိုင်ရန်  ကူညီထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။

COVID-19 တုန့်ပြန်ဆောင်ရွက်ရန်အတွက် JICA သည် NHL တွင်ရောဂါရှာဖွေရန် PCR စမ်းသပ်ကိရိယာများအပြင် အမျိုးသားသွေးဌာန (National Blood Centre) နှင့် ဆေးရုံများအတွက် ကုသမှုဆိုင်ရာအထောက်အကူပြုနိုင်ရန် လိုအပ်မှုများကိုလည်းဆက်လက်ပံ့ပိုးထောက်ပံ့လျှက်ရှိပြီး မြန်မာနိုင်ငံ ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန ၏ COVID-19 တိုက်ဖျက်ရေး လုပ်ငန်းစဉ် များတွင်  မြန်မာနိုင်ငံ၏ နှစ်ရှည်လက်တွဲဖော်အနေဖြင့် Japan/ JICA မှ  လိုအပ်သည့် အကူအညီ များကို စဉ်ဆက်မပြတ်ကူညီသွားမည်ဖြစ်ပါသည်။

​ ​


Spread the love
  •  
  •  
  •  
  •  
  •  
  •