အမေရိကန်နဲ့တရုတ် အပြိုင်နွှဲနေတဲ့ COVID-19 ကာကွယ်ဆေးအခြေ အန
WHO အဖွဲ့ကြီးက မနေ့က June လ 18 ရက်နေ့မှာ COVID ကာကွယ်ဆေး သန်းအနည်းငယ်ကို ဒီနှစ်အကုန်မှာ ထုတ်နိုင်မယ်လို့ ကြေညာပါတယ်။
သဘောက #ကာကွယ်ဆေးကဒီနှစ်အကုန်မှာကျိန်းသေပေါ်ထွက်လာမယ်။
💉 ကာကွယ်ဆေးထွက်လာခြင်းကြောင့် လူတွေကို စိတ်မလုံခြုံမှုအကြီးအကျယ်သက်သာစေမှာဖြစ်ပြီး ရောဂါဘေးကလည်း ကိုယ်ခန္ဓာကို ကာကွယ်ပေးမှာမို့ #ကိုယ်ရောစိတ်ပါချမ်းသာစေမယ့်ဆေးဖြစ်တယ်။
♦️ COVID အတွက် ကာကွယ်ဆေးပေါင်း 159 မျိုးကို တီထွင်နေကြပြီး #အနည်းဆုံး 11 မျိုးက Phase II ဒုတိယအဆင့်ကိုရောက်နေပြီ။
ကာကွယ်ဆေးကို အမေရိကန်နဲ့တရုတ်က ပြိုင်ပွဲအနေနဲ့ဆင်နွဲနေတယ်။
🇺🇸 အခုလက်ရှိ အမေရိကန် ကုမ္ပဏီ Moderna က mRNA-1273 ဆေးက ရှေ့ဆုံးကပြေးနေတယ်။
👉 Phase II ရောက်နေပြီ လူ 600 နဲ့စမ်းနေတယ်။ အဆိပ်အတောက်ကင်းဖို့၊ လူအတွက်အန္တရာယ်ကင်းဖို့နဲ့ ကာကွယ်ဆေးထိရောက်ဖို့ စမ်းနေပြီ။
အရင် Phase I report ကို မသိရသေးဘူး။
🇨🇳 တရုတ် ကုမ္ပဏီ CanSino Biologics က ad5-nCoV ဆေးက နောက်ကနေ ကပ်လိုက်နေတယ်။
👉 သူလည်း Phase II ရောက်နေပြီ။ လူ 500 နဲ့စမ်းနေပြီ။ ထိရောက်မယ့် ဆေးပမာဏနဲ့ ဘေးထွက်ဆိုးကျိုးကို စမ်းနေပြီ။
7 ရက်အကြာမှာ 81% က အဖျားတက်တယ်။ ကိုယ်ခန္ဓာပင်ပန်းနွမ်းနယ်တယ်။ Neutralizing antibody နဲ့ T cell တုံ့ပြန်မှုပေးတယ်။
♦️ အမေရိကန်နဲ့တရုတ် ပြိုင်ဆိုင်မှုမှာ ကောင်းကျိုးဆိုးကျိုးတွေရှိတယ်။
♦️ ဒီ COVID-19 ဆေးတွေ့တာက ဆေးပညာတိုးတက်မှုနဲ့ လကမ္ဘာကို လူတွေစခြေချသလို မှတ်တိုင်တစ်ရပ်ဖြစ်မှာမို့ ပြိုင်ကြတာလည်းပါတယ်။
♦️ အဲ့လိုပြိုင်ကြလို့ ကာကွယ်ဆေးတွေ့ဖို့မြန်သွားတယ်။ အပြိုင်အဆိုင်ရှိမှ တိုးတက်တာမြန်တယ်။
▪️အမေရိကန်သမ္မတ ထရမ့်က ကာကွယ်ဆေးကို #ရွေးကောက်ပွဲမတိုင်ခင်အချိန်ကိုက် အမြန်လိုချင်နေတယ်။
▪️ထရမ့်ဟာ လက်ဦးမှုယူပြီးဆေးတွေ့ပြီလို့ကြေညာဖို့ ကြိုးစားနေတာကျိန်းသေတယ်။
▪️တရုတ်က #ကမ္ဘာမှာပထမဆုံးကာကွယ်ဆေးရသူဖြစ်ချင်တာရယ်၊ ထရမ့်ထက်အရင်ကြေညာချင်တာရယ်ကြောင့် တရုတ်ကလည်း အရင်ထကြေညာနိုင်တယ်။
▪️ပြဿနာက အဲ့လိုကြောင့် အမေရိကန်ရော တရုတ်ရဲ့ကာကွယ်ဆေးတွေဟာ #အောင်မြင်ပြီလို့ကြေညာပြီးမှတကယ်အသုံးမကျတဲ့ဆေးတွေဖြစ်သွားနိုင်တယ်။ အဲ့ဒီအကြောင်းဆောင်းပါးဖတ်ဖူးတယ်။
💉 ပုံမှန်သွားနေပြီး အဝယ်အော်ဒါများများကြိုရထားတာက 🇬🇧 Oxford University နဲ့ AstraZencea ရဲ့ AZD1222 ဆေး။
Phase I – II အကူးရောက်နေပြီ။ Phase 1 report မထွက်သေးဘူး။
အဲ့ဒီဆေးကို အမေရိကန်က AstraZencea ပထမကြေညာထားတဲ့ ထုတ်မယ့်ပမာဏနီးနီး ကြိုမှာထားတယ်။
AZD1222 သာမအောင်မြင်ရင် အမေရိကန်ကငွေဆုံးမယ်။ ထရမ့်က plan B ပြင်ထားတဲ့သဘော။
အမေရိကန်သာမက အခြားနိုင်ငံတွေလည်း ကြိုမှာထားကြတယ်။ အဲ့ဒီ AZD1222 ဆေးအပေါ် #ယုံကြည်မှုရှိကြပုံပေါ်တယ်။
🇩🇪 ဂျာမနီက BNT162 ဆေးကလည်း Phase I – II အကူးရောက်နေပြီ။ Phase 1 report မထွက်သေးဘူး။
🇨🇳 တရုတ်ပြည် Sinovac Biotech ရဲ့ ဆေးကလည်း Phase I – II အကူးရောက်နေပြီ။ Phase 1 report မထွက်သေးဘူး။
🇺🇸 Inovio ရဲ့ INO-4800 ကလည်း Phase I – II အကူးရောက်နေပြီ။ Phase 1 report မထွက်သေးဘူး။
တခြား Phase I – II အကူးရောက်နေတဲ့ တရုတ်ဆေး နှစ်မျိုးလောက်ရှိသေးတယ်။
♦️ အခြေအနေကို သုံးသပ်ရရင် ကာကွယ်ဆေးကိစ္စဟာ August – September လလောက်မှာ တစ်ခုခုထူးမယ်။
♦️ ဒီနှစ်အကုန်မှာ ဆေးတစ်ခုခုထွက်အပြီးဖြစ်မယ်။
♦️ နောက်နှစ်မေလလောက်အတွင်းမှာ ခိုင်မာတဲ့ဆေးတစ်ခုခုတော့ထွက်မယ်။
♦️ ကျနော်တို့နဲ့ ဆိုင်တဲ့အပိုင်းကိုပြောမယ်။
#ကာကွယ်ဆေးထွက်လာရင်ကျနော်တို့လည်းရနိုင်ခွင့်ရှိဖို့လိုတယ်။
👉 ဘယ်နိုင်ငံကစထုတ်ထုတ် သူ့နိုင်ငံသားကိုအ ရင်ဦးစားပေးမှာပဲ။
👉 ကျနော်တို့ရနိုင်ဖို့က ကိုယ်ပိုင်ငွေနဲ့ ဝယ်ဖို့တစ်နည်း၊ WHO နဲ့ အလှုရှင်နိုင်ငံတွေဆီကမျှော်ရဖို့ တစ်နည်း နှစ်နည်းရှိတယ်။
👉 ကိုယ်တွေက လုပ်လည်းမလုပ်နိုင်၊ သူများလုပ်ပြီးသားကို ယူပြီးထုတ်လည်းမထုတ်နိုင်တာကိုး။
WHO က 8.1 ဘီလီယံဖိုး အလှုငွေထူထောင်နေတယ်။ ကာကွယ်ဆေးကို လူတိုင်းရနိုင်ဖို့က WHO ရဲ့တာဝန်။
June လ 4 ရက်နေ့က ကာကွယ်ဆေးကိစ္စ ကမ္ဘာ့ 52 နိုင်ငံက မီတင်ထိုင်ကြတယ်။
Global Alliance for Vaccines and Immunisation (GAVI) က ဒေါ်လာ 8.8 ဘီလီယံဖိုး အလှုငွေစုဆောင်းနေတယ်။
အဲ့ဒီတော့ ကျနော်တို့နိုင်ငံတွေလည်း ခွဲတမ်းတစ်ခုနဲ့ ရတော့ရမှာသေချာတယ်။
ကိုယ့်နိုင်ငံထဲမှာ ကိုယ့်အားကိုယ်ကိုးပြီးဝယ်နိုင်ဖို့လည်း ငွေစုဆောင်းထားရပါမယ်။
အထက်က တင်ပြခဲ့တာ ကာကွယ်ဆေးအတွက်တိုးတက်မှုအခြေအနေနဲ့ ကျနော်တို့ရရှိနိုင်မှုကို တင်ပြခဲ့တာဖြစ်ပါတယ်။
✍️ အချိန်မရလို့ အသေးစိတ်မရေးပြနိုင်တာခွင့်လွှတ်ပါ။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
19-June-2020