“အမေရိကန်ပြည်ထောင်စုက ကိုဗစ်နဲ့ပတ်သက်ပြီးခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ထားမှုများကို ဖယ်ရှားမှာမဟုတ်ဟု ဘိုင်ဒင် ပြော”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်ပြည်ထောင်စုက ကိုဗစ်နဲ့ပတ်သက်ပြီးခရီးသွားလာခွင့် တားမြစ်ပိတ်ပင်ထားမှုများကို ဖယ်ရှားမှာမဟုတ်ဟု ဘိုင်ဒင်နဲ့အဖွဲ့ကပြောဆို”

January 19, 2021

အမေရိကန်ပြည်ထောင်စု အရွေးချယ်ခံသမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဥရောပ နဲ့ဘရားဇီးမှ ခရီးသည်များဝင်ရောက်လာမှုများအား
ကိုဗစ်ကြောင့်တားမြစ်ပိတ်ပင်ထားတာကို
ရုပ်သိမ်းဖယ်ရှားပေးတော့မယ်ဆိုတဲ့ တနင်္လာ
နေ့က ထရမ့်ရဲ့ကြေညာချက်ကို အလျှင်အမြန်
ပယ်ချလိုက်ပါတယ်။
ကျွန်မတို့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပေးချက်အရ 1/26အရ ထုတ်ပြန်ထားတဲ့စည်းမျဉ်းကန့်သတ်ချက်တွေကို အစိုးရက ရုပ်သိမ်းဖယ်ရှားပေးမှာ မဟုတ်ပါဘူး လို့ ဂျိုးဘိုင်ဒင်ရဲ့ သတင်းအဖွဲ့
အတွင်းရေးမှူး Jen Psaki က တွစ်တာမှာ ရေး ​သား လိုက်ပါတယ်။
“တကယ်တော့ ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါကူးစက်ပြန့်ပွါးမှုတွေ လျော့ပါး သက်သာသွားစေဖို့ နိုင်ငံတကာ
ခရီးသွားလာမှုနဲ့ပတ်သက်လို့ ပြည်သူ့ကျန်းမာ
ရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းတွေကို ပိုပြီး
တင်းတင်းကျပ်ကျပ်ချမှတ်ထားဖို့ ကျွန်မတို့
စီစဉ်ထားပါတယ်။”လို့သူမကပြောဆိုပါတယ်။

“ရောဂါကူးစက်ပြန့်ပွါးမှုတွေပိုမိုဆိုးဝါး
လာနေပြီး ပိုမိုကူးစက်မှုနှုန်းမြန်ဆန်တဲ့ မျိုးဗီဇ
ပြောင်းဗိုင်းရပ်(စ်)ဟာ ကမ္ဘာအနှံ့အပြားမှာ
ပေါ်ထွက်လာနေတာကြောင့် နိုင်ငံတကာခရီးသွားလာမှုတွေနဲ့ပတ်သက်ပြီးကန့်သတ်ပိတ်ပင်တားမြစ်ထားတာတွေကိုဖယ်ရှားပေးဖို့ အချိန်မတိုင် သေးပါဘူး။”လို့
သူမကပြောဆိုပါတယ်။

သူမက တွစ်တာမှာမရေးသားရသေးခင်
အရင်မိနစ်ပိုင်းလောက်က သမ္မတ ထရမ့်က
တရုတ် နဲ့အီရန် တို့နဲ့ပတ်သက်တဲ့တားမြစ်မှု တွေ ကို အရင်အတိုင်းဆက်ထားပြီး ဥရောပ
နိုင်ငံတွေ နဲ့ဘရာဇီးနိုင်ငံတို့နဲ့ပတ်သက်တဲ့
တားမြစ်ကန့်သတ်မှုတွေကိုရုပ်သိမ်းသွားမယ်လို့ ကြေညာခဲ့ပါတယ်။”ဒီဆေါင်ရွက်ချက်ဟာ
လုံခြုံစိတ်ချရတဲ့ခရီးသွားလာမှုတွေကိုပြန်စ
တင်ဆောင်ရွက်ရင်း အမေရိကန်ပြည်သူ တွေကို ကိုဗစ်ရောဂါကနေ ဆက်လက် ကာကွယ်ပေးနိုင်မဲ့အကောင်းဆုံးနည်းလမ်းပါလို့ အိမ်ဖြူတော်ကထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ထရမ့်ကပြောဆိုခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ပြန့်ပွါးမှုကို
တားဆီးနိုင်ဖို့အတွက် တရုတ်ပြည်ကလာရောက်မဲ့အမေရိကန်
မဟုတ်သူတွေကို လာရောက်ခွင့်ပိတ်ပင် ထားတယ်လို့ ၂၀၂၀ခုနှစ်ဇန္နဝါရီလ၃၁ရက်နေ့
မှာသမ္မတ ထရမ့်က အစကနဦး တားမြစ်ချက်ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။
အဲ့ဒီတားမြစ်ချက်ကိုမတ်လ၁၄ရက်နေ့မှာ
ဥရောပတိုင်းပြည်များအထိတိုးချဲ့ဆောင်ရွက်ခဲ့ပါတယ်။ကပ်ရောဂါအရှိန်အဟုန်နဲ့ဝင်ရောက်လာစဉ်မှာ
အမေရိကန်ပြည်ထောင်စုဟာ သူ့ကိုယ်သူကမ္ဘာ့နိုင်ငံတွေနဲ့ကင်းဝေးအောင်ပိတ်ဆို့နေထိုင်ခဲ့ပါတယ်။
ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေး စင်တာများ(CDC)က အမေရိကန်ပြည်ထောင်စုကို လေကြောင်းခရီး
စဉ်နဲ့ ဝင်ရောက်လာမဲ့ ခရီးသည်အားလုံးဟာ
ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါကင်းစင်ကြောင်း
သူတို့ခရီးထွက်ခွါမလာခင်၃ရက်အတွင်းစစ်ဆေးထားတဲ့ ဆေးစာထောက်ခံချက် ပါရမယ်လို့ကြေညာခဲ့ပြီးနောက်မှာ ထရမ့်နဲ့ဂျိုးဘိုင်ဒင်နှစ်ယောက်လုံးရဲ့ကြေညာချက်တွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

စစ်ဆေးမဲ့မူဝါဒဟာ ဇန္နဝါရီလ၂၆ရက်နေ့မှာအကျိုးသက်ရောက်မှာဖြစ်ပါတယ်။အရင်က ဗြိတိန် နိုင်ငံကိုပစ်မှတ်ထားပြီး စစ်ဆေးခဲ့တဲ့မူဝါဒဟာဒီဇင်ဘာလအတွင်းမှာစတင်ခဲ့ပါတယ်။ မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်(စ်)ရောဂါပိုးသစ်
ဟာကူးစက်မှုနှုန်းပိုပြီးမြန်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တာကြောင့်ဖြစ်ပါတယ်။
ကူးစက်ရောဂါပြန့်ပွါးမှုကာကွယ်ကုသရေးဆိုင်ရာပညာရှင်များက ကမ္ဘာပေါ်မှာကပ်ရောဂါ
အပြင်းထန်ဆုံးထိခိုက်ခံစားခဲ့ရတဲ့ အမေရိကန်
ပြည်ထောင်စုမှာ ပိုမိုကူးစက်မြန်တဲ့မျိုးဗီဇပြောင်းဗိုင်းရပ်(စ်)ပိုး
ဟာ အစကတည်းက သူ့ဖာသာသူ ဖွဲ့စည်းဖြစ်ပေါ်နေနှင့် ပြီးသားဖြစ်နိုင်တယ်လို့
ယုံကြည်ကြပါတယ်။
ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပြန့်ပွါးမှု တွေတဟုန်ထိုး တိုးမြင့်လာနေမှုတွေ ကြားထဲ ခက်ခဲကြမ်းတမ်းတဲ့အာဏာလွှဲပြောင်းယူမှုအပြီး ဗုဒ္ဓဟူးနေ့မှာ ဂျိုးဘိုင်ဒင်ဟါသမ္မတအဖြစ်
ကျမ်းသစ္စာကျိန်ဆိုရတော့မှာဖြစ်ပါတယ်။
ထရမ့်ဟာနိုဝင်ဘာလ၃ရက်နေ့ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ပတ်သက်ပြီးလနဲ့ချီ
ငြင်းဆန်နေခဲ့ပါတယ်။ရွေးကောက်ပွဲမသမာမှုရှိတယ်ဆိုပြီးအခြေအမြစ်မရှိတဲ့စွတ်စွဲပြောဆိုမှုတွေနဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေကိုလည်းမသိကျိုးကျွံပြုခဲ့ပါတယ်။တတိုင်းပြည်လုံးကိုစိတ်
ဝမ်းကွဲပြားမှုတွေ၊ဒေါသတွေနဲ့ပွက်ပွက်ဆူစေ ခဲ့ပါတယ်။
သူဟာဘိုင်ဒင်နဲ့သူ့အဖွဲ့အတွက်ရံပုံငွေ နဲ့
အရင်းအမြစ်တွေရမဲ့အခွင့်အလမ်းကိုငြင်းပယ်နေခဲ့ပါတယ်။ဂျိုးဘိုင်ဒင်ကိုအခုအချိန်အထိဂုဏ်ပြုစကားလည်းမပြောသေးသလို အစဉ်အလာအတိုင်းဆောင်ရွက်ရမြဲဖြစ်တဲ့
ဘဲဥပုံရုံးခန်းမှာအတူတကွ လက္ဘက်ရည်သောက်ကြဖို့လည်း ဖိတ်ခေါ်ခဲ့ခြင်းမရှိသေးပါဘူး။ဇန္နဝါလ၆ရက်နေ့မှာ သူ့ကိုထောက်ခံသူတွေက
လွှတ်တော်ကိုဝင်ရောက်စီးနင်းမှုဖြစ်ပွါးခဲ့လို့
ထရမ့်ကို သမ္မတအဖြစ်မသင့်လျှော်ကြောင်း
သမိုင်းဝင်ဒုတိယအကြိမ်မြောက်စွတ်စွဲပြစ်တင်ခံရပြီးနောက် တပတ်အကြာမှာ ထရမ့်ဟာ
ပြည်သူတွေရဲ့ မျက်စိအောက်က ပျောက်ကွယ်
နေခဲ့ပါတယ်။

နစ်ပေါင်း၁၅၂နှစ်အတွင်းမှာ မိမိရဲ့ရာထူး
နေရာကိုဆက်ခံရယူမဲ့ သမ္မတအသစ်ရဲ့
ကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ရောက်တဲ့
ပဌမဆုံးသမ္မတဖြစ်ဖို့လည်းသေချာနေပါတယ်။
တနင်္လာနေ့က အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ပြန့်ပွါးနေသူ
၂၄သန်း ကျော်ရှိခဲ့ပြီး၊လူပေါင်း၄သိန်းနီးပါးသေ ဆုံးခဲ့တယ်လို့ မှတ်တမ်းတင်ထားခဲ့ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •