“အမေရိကန်ပြည်ထောင်စုက မိုဒါနာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်ပြည်ထောင်စုက မိုဒါနာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အရေးပေါ်အသုံးပြုခွင့်ပေးလိုက်ပြီ”

December 19 , 2020

မိုဒါနာကုမ္ပဏီက ထုတ်လုပ်တဲ့ ကိုရိုနာ
ဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေးဟာ အမေရိကန် အစားအသောက်နဲ့ ဆေးဝါး စီမံခန့်ခွဲရေးအဖွဲ့က ‘အရေးပေါ်အသုံးပြုမှုခွင့်ပြုချက်'(EUA)ပေးလိုက်တဲ့ ဒုတိယမြောက်ကာကွယ်ဆေးဖြစ်လာခဲ့တယ်။
ဒီသတင်းဟာ ကိုဗစ်-၁၉ကြောင့်လူပေါင်း
၃၀၇၀၀၀ သေဆုံးခဲ့ကြရပြီး ကတိမ်းကပါးဖြစ်နေတဲ့နိုင်ငံတနိုင်ငံအတွက်ကြိုဆိုရမဲ့သတင်းတပုဒ်ဖြစ်ပါတယ်။
အေဂျင်စီရဲ့ပြင်ပကျွမ်းကျင်သူများအဖွဲ့
က ဒီဆေးအသုံးပြုမှုကိုထောက်ခံချက်ပေးခဲ့
ပြီးနောက်တနေ့မှာ FDAက ခွင့်ပြုချက်ချပေး
လိုက်တာဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကြောင့် မိုဒါနာကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ အသုံးပြုခွင့်ပေးမှု နဲ့ RNAနည်းပညာ
သတင်းစကားပါးမှုတို့ကို FDAက တရားဝင်
ခွင့်ပြုချက်ပေးလိုက်တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပဌမဆုံး
ကိုဗစ်ရောဂါဖြစ်ပွါးနေတာကိုအတည်ပြုနိုင်ခဲ့ပြီးနောက် ၁နှစ်မပြည့်သေးခင်မှာကာကွယ် ဆေးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ဒီဇီဝနည်းပညာကုမ္ပဏီဟာ ဒီအပတ်
စောနိုင်သမျှစောစော ကာကွယ်ဆေးအလုံးရေ
၅.၉ သန်းဖြန့်ဝေပေးနိုင်ဖို့ အစိုးရနဲ့အတူ
ပူးပေါင်းပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။
FDAရဲ့ဆုံးဖြတ်ချက်ဟာ လုပ်အားပေး ၃၀၀၀၀အပေါ်မှာ နောက်ဆုံးအဆင့်လေ့လာ စမ်းသပ်ချက်တွေကိုအခြေပြုထားတာဖြစ်ပါတယ်။ဒီလေ့လာစမ်းသပ်ချက်တွေမှာကာကွယ်ဆေးဟာ ရောဂါမဖြစ်ပွါးအောင်ကာကွယ်ရာ မှာ၉၅ရာခိုင်နှုန်း ထိရောက်မှုရှိပြီး ဘေးကင်းစိတ်ချရမှုအတွက်စိုးရိမ်စရာကြီးကြီးမားမားတခုမှမရှိခဲ့ပါဘူး။
သူနဲ့အလားတူကာကွယ်ဆေးဖြစ်တဲ့ Pfizer ကုမ္ပဏီ နဲ့သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဂျာမန် BioNTech SE
တို့ကထုတ်လုပ်တဲ့ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုကကျန်းမာရေးဝန်ထမ်းထောင်ပေါင်းများစွာရဲ့လက်မောင်းကို
ဒီအပတ်ထဲနိုင်ငံအနှံ့အပြားမှာကျယ်ကျယ်ပြန့်ပြန့် ထိုနှံပေးခဲ့ပြီးနောက်မှာ ဒီမိုဒါနာကာကွယ်ဆေး အရေးပေါ်အသုံးပြုမှုခွင့်ပြုချက်ကိုရရှိခဲ့တာဖြစ်ပါတယ်။
“အခုဆို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
နှစ်မျိုးရရှိလာပြီဖြစ်တဲ့အတွက် အမေရိကန်ပြည်ထောင်စုမှာလူပေါင်းများစွာ
ဆေးရုံတက်ကုသခံနေရပြီး နေ့စဉ်လူပေါင်းများစွာသေဆုံးနေရတဲ့ ကမ္ဘာ့ကပ်ရောဂါကိုကာကွယ်တားဆီးပေးနိုင်ဖို့FDAက အရေးပါတဲ့ခြေလှမ်းတရပ်လှမ်းနိုင်ခဲ့
ပြီဖြစ်ပါတယ်။”လို့FDA ကော်မရှင်အဖွဲ့ဝင်
စတီဖင် အမ် ဟန်း(M.D)ကပြောပါတယ်။
မိုဒါနာထိုးဆေးကို ကျေးလက်ဆေးရုံတွေ
လို သွားလာရခက်ခဲတဲ့နေရာတွေမှာအသုံးပြုဖို့
မျှော်လင့်ထားပါတယ်။ဒီဆေးဟာ သိုလှောင်သိမ်းဆည်းရာနဲ့သယ်ယူပို့ဆောင်ရာမှာအေးခဲထားဖို့လိုအပ်ပေးမဲ့ Pfizer/BioNTechကာကွယ်ဆေးလို လွန်လွန်ကဲကဲ
အေးနေရမဲ့အပူချိန်မျိုးမလိုအပ်ပါဘူး။
အရေပျော်လာတာနဲ့တပြိုင်နက် မိုဒါနာကာကွယ်ဆေးကို သုံးနေကျရေခဲသေတ္တာထဲမှာပဲသိုလှောင်
သိမ်းဆည်းထားနိုင်ပြီး ၊ဒီဆေးကို၂၈ရက်ခြား
ပြီး နှစ်ကြိမ်ထိုးပေးရမှာဖြစ်ပါတယ်။
မိုဒါနာဟာဒီနှစ်အတွင်းထိုးဆေးသန်း၂၀
ပေးအပ်ဖို့အမေရိကန်အစိုးရနဲ့စာချုပ်ထားပြီး
၂၀၂၁ခုနှစ်ဇွန်လကုန်မှာ စုစုပေါင်းသန်း၂၀၀
ပေးအပ်ရမှာဖြစ်ပါတယ်။

Rsf:(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •