“အမေရိကန်ပြည်ထောင်စုတဝှမ်းဖြစ်ပေါ်နေသောသေနတ်ပစ်ခတ်မှုများ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်ပြည်ထောင်စုတဝှမ်းဖြစ်ပေါ်နေသောသေနတ်ပစ်ခတ်မှုများကိုခြေရာကောက်ခြင်း”

 

14 September 2020 US
(NEW YORK-CBS New York)-

အမေရိကန်ပြည်ထောင်စု နယူးယော့(ခ်)မြို့တော်မှာ သေနတ်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ဇာတ်ဆန်တဲ့အပြောင်းအလဲလေးတွေမကြာသေးခင်ကတွေ့ခဲ့ရပါတယ်။
မြို့တော်ဝန် ဘီ(လ်) ဒီ ဘလာဆီယို နဲ့ရဲတပ်ဖွဲ့ကော်မရှင်နာမင်းကြီး ဒါမေါ့(တ်) ရှီအာ တို့က မြို့တော်ကို ယခင်ခေတ် တွေက
အကြမ်းဖက်မှုဆီလျှောကျဆင်းသက်နေတာတွေကနေ အစွမ်းကုန်ကာကွယ်သွားမယ်လို့
ကတိပြုလိုက်ပါတယ်။
အခုဒီနေရာမှာ မကြာသေးခင်ကဖြစ်ပွါးခဲ့တဲ့သေနတ်ပစ်ခတ်မှု
တွေနဲ့ထိခိုက်ခံစားခဲ့ရတဲ့အပြစ်မဲ့သားကောင်တွေရဲ့စာရင်းကိုတချက်လောက်ကြည့်လိုက်ပါ။
အချက်အလက်စာရင်းကိုNYPD(နယူးယော့(ခ်)ရဲဌာန)က ထောက်ပံ့ပေးထားပါတယ်။
နှစ်အလိုက်ပစ်ခတ်မှုစာရင်းအရပစ်ခတ်မှုပေါင်း၁၀၆၈နဲ့ပစ်ခတ်ခံရသူ၁၃၁၅ယောက်ရှိပါတယ်။
ဂျွန်လ၂၀ ရက်ကနေ စက်တင်ဘာလအထိ ပစ်ခတ်မှုအသေးစိတ်ကိုဖော်ပြထားပါတယ်။

 

June 20

နယူးယော့(ခ်)မြို့တော်နေရာအနှံ့
ဖြစ်ပွါးခဲ့တဲ့တဒါဇင်ကျော်တဲ့ပစ်ခတ်မှုတွေမှာ
အနည်းဆုံးလူ၁၉ယောက်ထိခိုက်ဒါဏ်ရာရခဲ့။

 

June 22-

၇၂နာရီအတွင်းမှာပစ်ခတ်မှု၂၈ ကြိမ်
ဖြစ်ပွါးသွားတယ်လို့သတင်းပို့ခဲ့။

 

June25-

အရှေ့ဟာလမ်း ပစ်ခတ်မှုမှာ အသက်၇နှစ်အရွယ်ကလေးမလေးတယောက်
ဒါဏ်ရာရခဲ့။

 


(၇နှစ်အရွယ်ကလေးမလေး ကေးလီဟာ
သူ့အမေနဲ့အတူအရှေ့ဟာလမ်းမှာရှိနေတုန်း
ဘယ်ကလာမှန်းမသိတဲ့ကျည်ဆံတခုရှပ်ပြီး
ထိမှန်ခဲ့ပါတယ်။)

 

June-26

ဖလက်တီရွန် ခရိုင်ဒေသမှာ အသက်၁၉ နှစ်အရွယ်မိန်းကလေး အဲရစ်ကာ
လိုပက်(ဇ်) ပစ်ခတ်ခံရပြီးသေဆုံးခဲ့။

 

(အသက်၁၉နှစ်အရွယ်မိန်းကလေးအဲရစ်ကာလိုပက်(ဇ်)ဟာဖလက်တီရွန်ခရိုင်မှာသေနတ်နဲ့
ပစ်ခတ်တာခံရပြီးဇွန်လ၂၆ရက်နေ့ကသေဆုံးသွားခဲ့ပါတယ်။)

 

June-28

တရက်ထည်းမှာပစ်ခတ်မှု၁၇ကြိမ်
ဖြစ်ပွါးခဲ့တယ်လို့သတင်းပေးတိုင်ကြားခဲ့။

 

June-29

အသက်၁၇နှစ်အရွယ် ဘရွန်ဒွန်
ဟင်းဒရစ်(ခ်(စ်)ဟာ အထက်တန်းပညာပြီးဆုံးကြောင်း
ဘွဲ့လက်မှတ်ယူတဲ့နေ့မှာသေနတ်နဲ့ပစ်ခတ်တာ
ခံရပြီးသေဆုံးသွားခဲ့။

 


(အသက်၁၇နှစ်အရွယ် ဘရွန်ဒွန် ဟင်းဒရစ်(ခ်(စ်) ဟာ ဘရွန့်(စ်)မှာအထက်တန်းပညာပြီးဆုံးကြောင်းဘွဲ့လက်မှတ်ယူပြီးတဲ့နေ့မှာ သေနတ်နဲ့ပစ်ခတ်တာခံရပြီးသေဆုံးသွားခဲ့ရပါတယ်။)

 

June-30

ဟာလမ်းမှာလူတယောက််သေနတ်
ပစ်ခတ်နေတာဗီဒီယိုမှာမြင်ရ။

 

July-1

ဘရွတ်ကလင်းမြို့မှာ ၁၁နှစ်အရွယ်
ကောင်လေးလမ်းထဲမှာကစားနေတုန်း
သေနတ်နဲ့ပစ်ခတ်ခံရ။

 

July-2

ဘရွန့်(စ်) မြို့မှာ ပါကင်ထိုးထားတဲ့ကားထဲတွင် ဦးခေါင်းကိုသေနတ်နဲ့ပစ်ခတ်ခံထားရတဲ့
လူနှစ်ယောက်ကိုတွေ့ရှိခဲ့ရ။

 

July-3

ဘရွတ်ကလင်းမှာအမျိုးသားကို
သေနတ်နဲ့ဦးခေါင်းကိုပစ်ခတ်ခံရလို့သေဆုံးနေပြီး၊အမျိုးသမီးကိုတော့လက်တွေနဲ့ဝမ်းဗိုက်မှာ
ပစ်ခတ်ခံထားရတာကိုတွေ့ခဲ့ရ။

 

July-5

ဇူလိုင်၄ရက် ရက်ဿတပတ်အဆုံးသတ်နေ့အကြမ်းဖက်မှုအတောအတွင်းမှာ ပစ်ခတ်မှု ၃၇ကြိမ်နဲ့ပစ်ခတ်ခံရသူ၅၆ယောက်ရှိခဲ့။

 

July-5

ဘရွန့်(စ်)မြို့မှာဖခင်ဖြစ်သူကို ၆နှစ်အရွယ်သမီးငယ်လေးရှေ့မှာတင်သေနတ်နဲ့ပစ်ခတ်ခဲ့။

 

July-7

ကြက်ခေါင်းဆိတ်မခံဆက်လက်ဖြစ်ပွါး
နေတဲ့အကြမ်းဖက်သေနတ်ပစ်ခတ်မှုတွေမှာ၁၄ အရွယ်ကလေးကိုတောင်မှလည်ပင်းကို
သေနတ်နဲ့ပစ်ခတ်ခဲ့

 

July-12

ဘရွတ်ကလင်းကစားကွင်း
အပြင်ဘက်လက်တွန်းလှည်းထဲတွင်
ထိုင်နေသော ၁နှစ်သားအရွယ်ဒါဗဲ(လ်) ဂါ့ဒ်နာ
ဂျူနီယာ ကိုသေနတ်နဲ့အသေပစ်ခတ်ခဲ့။

 


(ဘရွတ်ကလင်းမြို့တွင် ကစားကွင်းအပြင်ဘက် လက်တွန်းလှည်းထဲတွင် ထိုင်နေသောတနှစ်သားအရွယ်
ဒါဗဲ(လ်) ဂါ့ဒ်နာ ဂျူနီယာ သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်တာကိုခံခဲ့ရပါတယ်)

July-13 ဘရွတ်ကလင်းပြည်နယ်၊ကန်နာဆီမြို့မှာ ၁နာရီအတွင်း လူ၆ယောက်သေနတ်နဲ့ပစ်ခတ်တာခံခဲ့ရ။

 

July-14

ဒေသတွင်းအကြမ်းဖက်ပစ်ခတ်မှုတွေ
တိုးပွါးလာနေစဥ် အမျိုးသားတဦးနဲ့ဆယ်ကျော်သက်တဦး ဖား(ရ်) ရော့ခ်ဝေး မှာ သတ်ဖြတ်တာခံခဲ့ရ။

 

July-15

ဘရွတ်ကလင်းပြည်နယ်၊ခရောင်းဟိုက်(စ်) မှာရှိတဲ့တိုက်ခန်းအဆောက်အဦ အပြင်ဘက်မှာ လူ၁ယောက်သေဆုံးပြီး၊၅ယောက်ဒါဏ်ရာရခဲ့။

 

July-18

ဘာကလေစင်တာနားကပစ်ခတ်မှုမှာ
လူ၂ယောက်ထိခိုက်ဒါဏ်ရာရ။

 

July-25

ကရောင်းဟိုက်(စ်) မြို့မှာ သီးခြားစီဖြစ်ပွါးခဲ့တဲ့ပစ်ခတ်မှုဟာ လူ၂ယောက်ထိခိုက်ဒါဏ်ရာရသေဆုံးခဲ့။

 

July-26

ဘရွတ်ကလင်းပန်းခြံအနီးဖြစ်ပွါးခဲ့တဲ့
ပစ်ခတ်မှုမှာဆယ်ကျော်သက်အရွယ်၂ယောက်
ထိခိုက်ဒါဏ်ရာရပြီး၁၆နှစ်အရွယ်၁ယောက်
သေဆုံးခဲ့။

 

July-29

သံသယတရားခံက သူ့ကို ငွေ​ပေးပြီး
လူတယောက်ကိုသေနတ်နဲ့ပစ်ခတ်ခိုင်းတယ်လို့ရဲတပ်ဖွဲ့ကိုပြောခဲ့။သူ့ရည်းစားကောင်မလေးကို မြှူဆွယ်ပိုးပန်းခဲ့တဲ့ အခြားတယောက်ကိုအသေပစ်ခတ်ခဲ့တယ်လို့ပြောခဲ့။

 

August-1

ဘရွန့်(စ်) ကစားကွင်းအနီးမှာလူ
၁ယောက်သေနတ်နဲ့ပစ်ခတ်ခံရပြီးသေဆုံးခဲ့။

 

August-3

ဟာလမ်း လမ်းပေါ်မှာ သေနတ်သမားတွေ ပစ်ခတ်နေကြပုံကိုဗီဒီယိုမှာရိုက်ကူးမိခဲ့။

 

August-4

ဘရွန့်(စ်)ပန်းခြံမှာပဲ ကစားကွင်းနဲ့
ခြေလှမ်းအနည်းအကွာမှာလူ၂ယောက်
သေနတ်နဲ့ ပစ်ခတ်ခံရ။

 

August-7

ဘရွတ်ကလင်းပြည်နယ်၊ဖလက်ဘွတ်(ရှ်)မြို့မှာ အသက်၁၈နှစ်အရွယ် လူတယောက်သေနတ်နဲ့၃ကြိမ်အပစ်ခံရပြီးသေလုမြောပါးဒါဏ်ရာရခဲ့။

 

August-10

ဘရွတ်ကလင်းပြည်နယ်၊ဘက်(ဒ်)
စတူရီမှာ လူ၃ယောက်အပြင်မှာရပ်နေစဥ်
သေနတ်ပစ်ခတ်ခံရမှုဖြစ်ပွါးခဲ့။

 

August-16

ပစ်ခတ်မှုတွေ လျှော့ကျအောင်ဝင်ရောက်နှောက်ယှက်မှုကြောင့် NYCမှာ သမ္မတ
ဒေါ်နယ်ထရန့်က ဖက်ဒရယ်ကြားဝင်စွက်ဖက်မှုကို
ခြိမ်းခြောက်ခဲ့။

 

August-17

ပလိပ်(ဂ်) NYCအထိ သေနတ်ပစ်ခတ်အကြမ်းဖက်မှုတွေဆက်လက်ဖြစ်ပွါးနေတဲ့အတွက် ရက်ဿတပါတ်အဆုံးသတ်ချိန်မှာပစ်ခတ်မှုပေါင်း၃၀ကျော်ရှိခဲ့ပြီး၊လူ၆ယောက်သေဆုံးခဲ့။

 

August-21

နယူးယော့(ခ်) မြို့တော်မှာဖြစ်ပွါးခဲ့တဲ့အခြားအကြမ်းဖက်မှု
ညတညမှာ အနည်းဆုံး၁၁ကြိမ်ပစ်ခတ်မှု
ဖြစ်ပွါးခဲ့ပြီးလူ၃ယောက်သေဆုံးခဲ့။

 

Auguust-22

ရက်ဿတပါတ် အဆုံးသတ်သေနတ်ပစ်အကြမ်းဖက်မှုလှိုင်းတွေနယူးယော့(ခ်)မြို့တော်မှာဆက်လက်ဖြစ်ပွါးခဲ့။
ဘရွတ်ကလင်းပြည်နယ်၊ကွင်း(စ်) စီရင်စုမှာ
လူတွေအသက်အန္တရယ်စိုးရိမ်ရတဲ့အထိ
ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့တယ်လို့ နယူးယော့(ခ်)
မြို့တော်ရဲဌာနကပြောကြားခဲ့။

 

August-24

ကွင်း(စ်)လမ်းပေါ်မှာကားနဲ့သေနတ်သမားကလူ၃ယောက်ကိုပစ်ခတ်သွားတယ်လို့ နယူးယော့(ခ်)မြို့တော်ရဲတပ်ဖွဲ့ကပြောကြားခဲ့

 

 

August-25

မန်ဟက်တန် အထက်ပိုင်း လူရှုပ်ထွေးတဲ့ဘေးလမ်းပေါ်မှာ နေ့ခင်းကြောင်တောင်ကြီး စူးရှကျယ်လောင်တဲ့သေနတ်ပစ်ခတ်သံတွေနဲ့ထိတ်လန့်စရာဗီဒီယိုပေါ်ထွက်လာခဲ့။

 

September-2

မန်ဟက်တန်မှာညလုံးပေါက်
ဖြစ်ပွါးနေတဲ့အကြမ်းဖက်မှုမှာသီးခြားစီဖြစ်ပွါးခဲ့တဲ့နေရာတွေမှာလူ၂ယောက်သေနတ်ပစ်
ခံရပြီးသေဆုံးခဲ့။

 

September-7

ဘရွတ်ကလင်းမှာ J’Ouvertပွဲ
တော်ကျင်းပနေစဥ် လူတွေစုရုံးနေခိုက်မှာ လူပေါင်းများစွာ ပစ်ခတ်ခံခဲ့ရပြီး ၊အသက်၇
နှစ်အရွယ်ကောင်လေးတယောက်ပါအပစ်ခံခဲ့ရ။

September-7

ဘေးရစ်(ဂ်ျ)မှာ လူတယောက်ခွေးကျောင်းထွက်နေတုန်းသေနတ်နဲ့အပစ်ခံရပြီးသေဆုံးခဲ့။

 

Septemer-8

နယူးယော့(ခ်) ပြည်နယ်စီရင်စု
၃ခုမှာ သီးခြားစီဖြစ်ခဲ့တဲ့ ပစ်ခတ်မှုတွေမှာလူ၇ယောက်ဒါဏ်ရာရပြီး၁ယောက်သေဆုံးခဲ့။

 

September-10

ဘရွတ်ကလင်းပြည်နယ်၊
ဘရောင်း(စ်)ဗီလီမြို့မှာလူ၃ယောက်သေနတ်နဲ့ပစ်ခတ်ခံရ။

ဒါတွေကတော့အမေရိကန်ပြည်ထောင်စုတဝှမ်းမှာ ဖြစ်ပွါးနေတဲ့သေနတ်ပစ်ခတ်မှုများပဲဖြစ်ပါတယ်။

(Ref:CBSN New York)


Spread the love
  •  
  •  
  •  
  •  
  •  
  •