“အမေရိကန်ပြည်ထောင်စုသမ္မတရွေးကောက်ပွဲ၊အာဏာလွှဲပြောင်းရေး ဆူပူရှုတ်ထွေးနေဆဲ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်ပြည်ထောင်စုသမ္မတရွေးကောက်ပွဲ၊အာဏာလွှဲပြောင်းရေး ဆူပူရှုတ်ထွေးနေဆဲ”

November 14, 2020

ရွေးကောက်ပွဲရလဒ်တွေက ဘိုင်ဒင်ဟါ အနိုင်ရသူလို့ရှင်းရှင်းလင်းလင်း
ဖော်ပြနေတာတောင်မှ သမ္မတ ထရန့်ဟာ သူ့ရဲ့အရှူံးကိုဝန်ခံဖို့ရာ ညင်းဆန်နေတုန်းပဲ
ဖြစ်ပါတယ်။ဒါဟာဆိုရင် ဘိုင်ဒင့်ရဲ့ အစိုးရ
အကူးအပြောင်းလုပ်ဆောင်ရမဲ့အဖွဲ့ဟာ ဗဟိုပြည်ထောင်စုအစိုးရအဖွဲ့ရာထူးနေရာတွေမှာဝင်ရောက်တာဝန်ထမ်းဆောင်ဖို့အတွက်
ပိတ်ဆို့ခံထားရတာ၊(ဒါမှမဟုတ်) ဝန်ထမ်းတွေငှါးရမ်းခပေးဖို့ နိုင်ငံတော်အစိုးရရဲ့ငွေကြေးကို ရယူဖို့အတွက်
ပိတ်ဆို့ခံထားရတာဆိုတဲ့ သဘောမျိုးဖြစ်နေပါတယ်။သမ္မတကသာ
ဆုံးဖြတ်ချက်မပြောင်းပဲဆက်လက်ခေါင်းမာ
ပြီးနေအုန်းမယ်ဆိုရင် အာဏာကိုငြိမ်းချမ်းစွာ
လွှဲပြောင်းတာမျိုးမဟုတ်တဲ့ တခုခုဖြစ်လာနိုင်ပါတယ်။
ဂျိုးဘိုင်ဒင် သမ္မတအဖြစ် တာဝန်ယူအုပ်ချုပ်ရမဲ့ ကာလမှာ သမ္မတ နဲ့
ဒုတိယသမ္မတတွေရဲ့ ကြင်ဖော်ကြင်ဖက်တွေ
အတွက်အရင်ကမရှိခဲ့တဲ့ထူးခြားမှုတွေဖြစ်လာခဲ့ပါတယ်။ဂျိုးရဲ့ဇနီး ဒေါက်တာ ဂျေးလ် ဘိုင်ဒင် ဟာ သူ့ရဲ့အချိန်ပြည့် အလုပ်ကို ဆက်ပြီး လုပ်ကိုင်နေအုန်းမဲ့ ပဌမဆုံးသော
သမ္မတကတော် First Ladyဖြစ်လာခဲ့ပြီး၊
ကမ်မလာဟဲရစ် ရဲ့ကြင်ဖက် ဒေါက်ကလတ်စ်
အမ်းဟော့(ဖ်)ကတော့ ပဌမဆုံး Second Gentleman ဖြစ်လာခဲ့ပါတယ်။(သမ္မတများသည် အမျိုးသားများဖြစ်က
သမ္မတ၏ဇနီးကိုFirst Lady,ဒုတိယသမ္မတ၏
ဇနီးကို Second Ladyဟုခေါ်သည်။သမ္မတများ
သည် အမျိုးသမီးများဖြစ်လျှင် သမ္မတ၏ခင်ပွန်းကို First Gentleman,ဒုတိယသမ္မတ၏ခင်ပွန်းကို
Second Gentlemanဟုခေါ်သည်။ ; ဘာသာပြန်သူ)
နောက်ဆုံး အမေရိကန်ပြည်ထောင်စု
သမ္မတရွေးကောက်ပွဲနဲ့ ကျန်တဲ့အမေရိက နိုင်ငံတွေက ဘာတွေပြောနေလဲ ကြည့်ရမယ်ဆိုရင် ကနေဒါနိုင်ငံက လှိုက်လှိုက်
လှဲလှဲ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုချီမွမ်းခဲ့
ပေမဲ့ မက္ကဆီကို နဲ့ ဘရာဇီးကတော့ ဘာတုန့်ပြန်
မှုမှ မပေးသလောက်ဖြစ်နေတာကို ထူးခြားစွာတွေ့မြင်ရမှာဖြစ်ပါတယ်။

Ref:FRANCE-24


Spread the love
  •  
  •  
  •  
  •  
  •  
  •