အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအစနှင့် မိမိတို့ပြည်ထောင်စုကြီးစတင်မှု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံအစနှင့်
မိမိတို့ပြည်ထောင်စုကြီးစတင်မူ၊
နိုင်ငံတစ်ခု၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်အား သက်တမ်းရှည်ကြာစွာခန့်ထားခွင့်ပြုမူကြောင့်နိုင်ငံအတွင်းဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များ၊

အမေရိကန်နိုင်ငံသည် ဗြိတိန် ထံမှ (1781) စစ်ပွဲများ
ဖြစ်ပွားပြီး လွတ်လပ်ရေး ရရှိခဲ့ ပါတယ်၊
(1789)အထိ USA ၏ဖွဲ့စည်းပုံစည်းမျဉ်းက၊
Articles of Confederation နဲ့စတင်ခဲ့ရပါတယ်၊
ထိုအုပ်ချုပ်ပုံဥပဒေ ကချို့ယွင်းချက်အလွန်များပြားခဲ့ရပါတယ်၊
ဗြိတိသျှကိုလိုနီဘဝက ပြည်နယ်(၁၃)ခုရှိပြီး၊ကိုလိုနီဘဝမှ လွတ်မြောက်လာသောအခါ တွင်လည်း နာမည်ခံ လောက်သာ၊
ပြည်ထောင်စု(United States)ဟုခေါ် ဆိုနိုင်သည့် ပြည်နယ် (၁၃) ခု မိတ်ဆွေဖြစ်ယုံလောက်သာ ပူးပေါင်း စုစည်းထားခြင်းသာ ဖြစ်နေပါသေးတယ်၊
ဒါကြောင့်အစမှာ(Articles of Confederation )အဖြစ်သာ အစပြုခဲ့ ကြရတာဖြစ်ပါတယ်၊
သဘောကတော့ မိတ်ဆွေ ပြည်ထောင်စုလို့ဆိုရမှာဖြစ်ပါတယ်
လွတ်လပ်ပြီးကာစမှစပြီး ၎င်းမိတ်ဆွေပြည်ထောင်စုများ ကတဖြည်းဖြည်းလျော့ကျလာနေတဲ့သဘောဆောင်လာပါတယ်၊
အချင်းချင်း စီးပွားရေး၊လူမူရေးကဏ္ဌများတွင်တိုက်ခိုက်မူများရှိလာခဲ့ကြကာ၊
စည်းလုံးမူများ ပျက်ပြား လာခဲ့ပါတယ်၊
ပြည်နယ် (၁၃) ခုလုံးက မိမိတို့ကြိုက်ရာဘက်သို့ဆောင်လာခဲ့ကြသဖြင့် ပြိုကွဲမည့် အန္တရာယ်များကြုံခဲ့ကြပါတယ်၊
သို့ပါသောကြောင့် ပြည်နယ်အသီးသီးမှခေါင်းဆောင်များက အစည်းအဝေးခေါ်ယူတွေ့ ဆုံခဲ့ ကြပါတယ်၊
George Washington ၊ Benjamin Franklin နှင့် James Madison ကဲ့သို့သော နာမည်ကျော် ခေါင်းဆောင်များပါဝင်ဆွေးနွေးခဲ့ ကြပြီး အစပိုင်းတွင် လက်ရှိဖွဲ့စည်းမူထက်၊
More Pefect Union ရနိူင်စေရန် ဖွဲ့စည်းပုံ နည်းဥပဒေအသစ်ရေးဆွဲရန် သဘောတူခဲ့ ကြပါတယ်၊
ဤတွင် စက်တင်ဘာလ(17)-ရက်(1787)ခုနှစ်တွင် ဖွဲ့စည်းပုံ ဥပဒေသစ်ကို အတည်ပြု ပြဌာန်းနိုင်ခဲ့ကြပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲသူများသည် လူအများကောင်းစားရေးဝါဒကိုရှေးရှု ဖော်ဆောင်ခဲ့ ကြပါတယ်၊လူတစ်ယောက်၊လူတစ်စုကာင်းစားခြင်းမဟုတ်ပါဘဲ ၊
လူတိုင်းနိုင်ငံသားတိုင်း မိမိတို့ ညဏ်စွမ်း၊ကိုယ်စွမ်းရှိသလောက် အကျိုးခံစား နိုင်စေရန်
ချမှတ်ပေးခဲ့ ပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲ အတည်ပြု ပြဌာန်းပြီး (၁)နှစ်အတွင်း ပြည်နယ် (၁၃)ခုမှအများစုက လက်မှတ်ရေးထိုးအတည်ပြုခဲ့ ကြပါတယ်၊
(1789)ခု ဧပြီလတွင် George Washington ကပထမဆုံး သမ္မတဖြစ်လာခဲ့ချိန်မှစ၍ တရားမျှတသောအစိုးရ တည်ဆောက်ခြင်း အလုပ်ကိုစတင်ခဲ့ပါတယ်၊
Articles of Confederation ဥပဒေအဟောင်းနှင့် Constitution အသစ်ကွာခြားချက်ထဲမှ အရေးပါသော တစ်ခုသည် ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရတို့ Federal System ကိုနားလည် လက်ခံ သဘောထားကြီးစွာဖြင့်၊
အခွင့် အာဏာ ခွဲဝေအုပ်ချုပ်ခဲ့သည်မှစပြီး၊Federal Government ပေါ်ပေါက်လာခဲ့ပါတယ်၊
မူလက(၁၃)ပြည်နယ်သာရှိပြီး၊
မြောက်အမေရိက အရှေ့ဘက်ကမ်းခြေတွင်
စတင်ခဲ့ရာမှ ယခုအခါနယ်မြေအကျယ်အဝန်းကြီးမားစွာဖြင့် ကြီးပွား ချမ်းသာလျက်၊
ကမ္ဘာ၌ တတိယ အကျယ်ဝန်းဆုံးတိုင်းပြည်။အကြီးအကျယ်ဆုံးသော စီးပွားရေး၊ဓနပြည့်စုံသောနိုင်ငံအဖြစ်နှင့် လွတ်လပ်ခြင်းနဲ့တရား မျှတ ခြင်းတို့ တွင်လည်းထိပ်တန်းမှ ရပ်တည်နိူင်ခဲ့ပါတယ်၊
အမေရိကန်နိုင်ငံသားတို့၏ လွတ်လပ်ခြင်းသည် မိမိလုပ်ခြင်ရာကို မိမိစိတ်ကြိုက်လုပ်ခြင်းမဟုတ်ပါ၊
တရားမျှတမူ(Justice)လူတိုင်း ညီတူညီမျှ ဖြစ်ခြင်းကို လက်ကိုင်ထားပါတယ်၊
သို့ကြောင့် ယနေ့အမေရိကန်ပြည်ထောင်စုနှင့် သူ၏ နိုင်ငံသားတို့သည် ခိုင်မာသော၊
ကြီးပွားတိုးတက်သော နိုင်ငံနှင့်နိုင်ငံသားများအဖြစ် ဂုဏ်ယူနိုင်ပြီး၊
နိုင်ငံတကာကလည်း အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကို အားကျပြီး လေးစားကြပါတယ်၊
ထိုဖွဲ့စည်းပုံဥပဒေကြောင့်လည်း အမေရိကန်နိုင်ငံက ဖွံ့ဖြိုးချမ်းသာလာခဲ့ရပါတယ်၊
ထိုဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကောင်းမွန်မူကြောင့်ပင် ပြည်သူကစိတ်တိုင်းကျ ရွေးချယ်နိုင်သည့် နိုင်ငံနှင့် ပြည်သူ့အကျိုးပြုလုပ်ဆောင်ပေးသော အစိုးရများသည် ရွေးကောက်ပွဲ တစ်ခုပြီးတိုင်း ပေါ်ပေါက်လာခဲ့ရပါတယ်၊
ပထမအစမှာ အသက်(၁၈) နှစ်ပြည့်ပြီးသူအမျိုးသားများသာ မဲပေးခွင့်ရရှိပြီး၊ အမျိုးသမီးများ၏ တဖြေးဖြေးတောင်းဆိုမူကြောင့်(၁၉၂၀) ခုနှစ်မှသာ အမျိုးသမီးများက မဲပေးခွင့်ရရှိခဲ့ကြပါတယ်၊
ထို့အပြင်(၁၉၁၃) ခုနှစ်မတိုင်မီအထိ၊
အမေရိကန်ပြည်ထောင်စု၏ (Senate) အထက်လွှတ်တော်အမတ်များကို လူထုက တိုက်ရိုက် ရွေးကောက်ခြင်းမဟုတ်ပါဘဲ၊
ပြည်နယ်ဥပဒေပြုကိုယ်စားလှယ်များကရွေးချယ်ပေးခဲ့ကြရပါတယ်၊
ဤနည်းလမ်းသည် ပြည်သူလူထုမှ (Senate) အမတ်များကို လွှမ်းမိုးသက်ရောက်နိုင်မူလုံးဝမရှိခြင်း၊
ပြည်နယ်ဥပဒေပြုကိုယ်စားလှယ်က လာဘ်လာဘငွေများ ရယူခြင်း၊
စသည်တို့ကြောင့် ပြည်သူလူထုမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်မူကို ပြင်ဆင်ချက်ဥပဒေ(၂၁) ဖြင့်အစားထိုးပြင်ဆင်ခဲ့ကြတာကိုတွေ့ရပါတယ်၊

ကျွန်တော်တို့နိုင်ငံ၏ လွတ်လပ်ရေးရပြီးခြင်းဖြစ်စဉ်အကျဉ်းဖေါ်ပြပါမယ်၊
လွတ်လပ်ရေးရဘို့ မြန်မာပြည်တွင်းရှိ၊
နေထိုင်ကြကုန်သော လူမျိုးစုတိုင်းရင်းသား အားလုံးမှ အတူတကွ တက်ညီလက်ညီစုပေါင်း စည်းလုံးမူများဖြင့်၊
လက်ရည်တစ်ပြင်တည်း အတူတူ ရင်ပေါင် တန်းတိုက်ပွဲဝင်ခဲ့ ကြတာဖြစ်ပါတယ်၊
ထိုကဲ့ သို့စည်းလုံး ညီညွတ်မူများ စုပါင်းဆွေးနွေး ညှိနှိုင်းမူများ၊
အချင်းချင်းချစ်ခင် စိတ်ချခဲ့ကြမူများ၊
တိုင်တိုင် ပင်ပင် နှင့်ဆုံးဖြတ်အကောင်အထည်ဖေါ် နိူင်ခဲ့ ကြမူများကို ယနေ့ကာလမှာမမေ့ ကြပါနဲ့၊
ပြည်ထောင်စုအစ၊ ပင်လုံက၊
ဆိုသည်ကိုလည်းမမေ့အပ်ပေ၊
ယနေ့တွေ့နေကြရတာက ဗြိတိသျှကိုလိုနီဘဝ ခက်ထန် အခက်အခဲ၊အကြပ်အတည်းများကြားမှ
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော တိုင်းရင်းသားခေါင်းဆောင်ကြီးများ၊
လွတ်လပ်ရေးကြိုးပမ်းခဲ့ကြပါသော အဆင့်ဆင့်သောတိုက်ပွဲဝင်ခဲကြသူများနှင့်ထိုခေတ်ကာလတွင်ရှိကြသော မိဘပြည်သူများ၏ စုပေါင်းညီညွတ်များ၏ ပြည်ထောင်စုအရေးကို ကြိုးပမ်း အားထုတ် ဖော်ဆောင်နိုင်ခဲ့မှူများကို မိမိတို့ခေတ်ရောက်မှ အကွဲအပြဲများက ကြီးလာစေဘို့ ပြောကြ၊ဆိုကြ၊လုပ်ကြတော့မှာလား ?
စာရေးဆရာလိုလို၊နိုင်ငံရေးသမားလိုလို၊နိုင်ငံရေးလေ့လာသူလိုလိုဖြင့် Debate များ၌ တိုင်းပြည်အတွက် ညီညွတ်အဆင်ပြေရေးကို မျက်ကွယ်ပြုကာ၊
ဖွဲ့စည်းပုံအခြေခံဥပဒေ၊
ပုဒ်မ(၃၃၇) တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကအကျဆုံးသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်၊
ဟုဖွင့်ဆိုပြဌာန်းထားမူကို အလွဲသုံးနိုင်ပါစေရင်းအလို့ငှာ မြှောက်ထိုးပင့်ကော်ပြောဆိုမူများကိုလည်းတွေ့နေကြရပါတယ်၊
လက်တွေ့ကျကျ သမိုင်းတရားခံအဖြစ် သတ်မှတ်ခံရမှာက တပ်မတော်နှင့် တိုင်းပြည်ကိုချစ်တဲ့တပ်မတော်သားကြီးများပင်ဖြစ်ပါတယ်၊
တပ်မတော်သားကြီးများမှလည်း အထူးသတိထား ဆင်ခြင်တုံတရားများကို မြဲမြန်စွာဖြင့်ဆုပ်ကိုင်ထားကြရမှာပါ၊

ယခင် နဝတ၊ နအဖ၊ကာလမှာက နိုင်ငံအကြီးအကဲအစိုးရခေါင်းဆောင်နဲ့ တပ်မတော်အကြီးအကဲဖြစ်တဲ့ကာကွယ်ရေးဦးစီးချုပ်ဟာ တစ်ဦးတည်း၊တစ်ဖွဲ့တည်းဖြစ်ခဲ့ပြီး၊
ယခုအချိန်မှာ နိုင်ငံအကြီးအကဲနှင့်နိုင်ငံတော်အစိုးရသည် ပြည်သူအများက မဲပေးရွေးချယ်တင်မြှောက်ထားသော ရွေးချယ်ခံအစိုးဖြစ်ပြီး၊
တပ်မတော်အကြီးအမှူးသည် နိုင်ငံ့ဝန်ထမ်းတာဝန်ကို ထမ်းဆောင်နေရသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သာဖြစ်ပါတယ်၊
ကာကွယ်ရေးဦးစီးချုပ်၏ ယခုပြောကြားနေမူများကိုကြည့်ရခြင်းဖြင့် နိုင်ငံတစ်နိုင်ငံမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို လိုတာထက် သက်တမ်းပိုမိုရှည်ကြာစွာထမ်းဆောင်ခွင့်ပြုထားမူကြောင့်သာ
ဖြစ်နေလို့ဆိုတာအား အထူးတစ်လည်သတိပြုကြရမှာဖြစ်ပါတယ်၊
ကမ္ဘာကြီးရဲ့ ယနေ့ခေတ်ကာလမှာ နိုင်ငံတာ်၏ကာကွယ်ရေးလက်နက်ကိုင်တပ်ဖွဲ့က၊
နိုင်ငံအပေါ်မှာ ဗိုလ်ကျမူ၊ကြီးစိုးလွှမ်းမိုးမူများ၊သက်ရောက်မူများ၊ခံနေရတဲ့နိုင်ငံတစ်နိုင်ငံဟာ ဘယ်တော့မှကြီးပွားချမ်းသာ ညီညွတ်လာမှာမဟုတ်ပါဘူး၊

ထို့အပြင် (၁၉၅၈) ခုနှစ်အခြေအနေ၊အခင်းအကျင်း၊
ဖြစ်ဉ်များနှင့်
ယနေ့ကာလ အခြေအနေ၊အခင်းအကျင်း၊
ဖြစ်စဉ်များသည် လုံးဝ(လုံးဝ) ကိုမတူပါ၊
အထူးသဖြင့် မနာလို ဝန်တိုမူများကို၊
ရှောင်ကျဉ်နိုင်ကြပါမှသာ မိမိတို့နိုင်ငံ၏
သွားလမ်း၊လာလမ်းများက ဖြောင့်မတ်ချောမွေ့နိုင်မှာဖြစ်ပါတယ်၊

မိမိတို့ ပြည်ထောင်စုကြီးကို (1947)ခုနှစ်ပင်လုံ၌ ဆွေးနွေး ငြင်းခုန်ကြ၊
ဝေဖန်ပိုင်းခြားကြရင်းနဲ့ မိမိတို့ပြည်ထောင်စုကြီးကို ဘယ်လို ဘယ်ပုံတည်ဆောက် ထူထောင်ကြမည့်အဖြေ၊ သဘောတူဆုံးဖြတ်ချက်များချမှတ်နိူင်ခဲ့ ကြတာကိုလည်းမမေ့ ကြပါနဲ့၊

မိမိတို့ ညီရင်းအကို မောင်နှမသွေးချင်းတို့တစ်တွေသည် မိမိတို့အားလုံး သဘောတူ လက်ခံနိူင်ကြမည့် ၊
မိမိတို့၏ ပြည်ထောင်စုကြီးအား ကြီးမားလှသောပြသနာများကင်းရှင်းစေပြီး၊
တည်ငြိမ်၊ ငြိမ်းချမ်း၍ တည်တံ့ခိုင်မာသော၊
ဖွံ့ဖြိုးချမ်းသာကာ ၊ တန်းတူ ရည်တူဖြင့်၊
တရားမျှတမူများ ညီမျှနိူင်ခြင်းများ၊
မပြိုမကွဲ၊ မလဲ မပြိုနိူင်မည့် အဖြေကောင်းများကို
ချစ်ချစ်ခင်ခင်၊ညီညွတ်ညွတ်၊တိုင်တိုင်ပင်ဖြင့်
အတူတကွ စိတ်ရှည်၊သီးခံနိုင်မူ
များဖြင့် ဝိုင်းဝန်း ဆွေးနွေးကြပါစေကြောင်း၊
ရေးသားတိုက်တွန်းလိုက်ပါတယ်။

အလေးထားစွာဖြင့် .ကိုသိန်းဌေး ပဲခူး၊
……….(၂၉.၁.၂၀၂၁)………


Spread the love
  •  
  •  
  •  
  •  
  •  
  •