“အမေရိကန်လွှတ်တော်က ထရမ့်ကိုစွတ်စွဲပြစ်တင်ဖို့ဥပဒေပြဌန်းပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ပယ်လိုစီီက ပြော”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ပယ်လိုစီီက အမေရိကန်လွှတ်တော်က
ထရမ့်ကိုစွတ်စွဲပြစ်တင်ဖို့ဥပဒေပြဌန်းပြီး
ဆက်လက်ဆောင်ရွက်သွားမယ်လို့ပြော”

January 11,2021

အမေရိကန်ပြည်ထောင်စု လွှတ်တော်ဥက္ကဌ
နန်စီ ပယ်လိုစီက ထရမ့်ကိုထောက်ခံသူတွေက
အမေရိကန်ကွန်ဂရက်စ်လွှတ်တော်အဆောက်အဦကိုဝင်ရောက်စီးနင်းပြီးတဲ့နောက်မှာ
ထရမ့်အစိုးရရဲ့နောက်ဆုံးနေ့ရက်တွေအတော
အတွင်းမှာ သူ့ကို ရာထူးကနေဖယ်ရှားပစ်ဖို့
ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့
တနင်္ဂနွေနေ့ကပြောဆိုလိုက်ပါတယ်။
လွှတ်တော်မှာထိပ်တန်းဒီမိုကရက်တစ် ခေါင်းဆောင်တဦးဖြစ်သူပယ်လိုစီက
အခြေခံဖွဲ့စည်းပုံဥပဒေရဲ့၂၅ခုမြောက်ပြင်ဆင်ဖြည့်စွက်ချက်အောက်ကနေ သမ္မတထရမ့်ဟာသမ္မတ တယောက်အဖြစ်သင့်တော်သူတယောက်
မဟုတ်ကြောင်းအဆိုတင်သွင်းပြီးဖယ်ရှားဖို့အတွက် အစိုးရဝန်ကြီးများကို လွှတ်တော်သို့
ခေါ်ယူဖို့ ကိုယ်စားလှယ်များပါဝင်တဲ့ လွှတ်တော်က တနင်္လာနေ့မှာ ဆုံးဖြတ်ချက်ချမယ်လို့ ပြောဆို
လိုက်ပါတယ်။
ဒုတိယသမ္မတ မိုက်ခ်ပန့်(စ်)က
သဘောမတူညီခဲ့ရင် နိုင်ငံ့ခေါင်းဆောင်တဦးကို
အယုံအကြည်မရှိမှုဥပဒေပြဌန်းချက်ကို ကိုယ်စားလှယ်များပါဝင်တဲ့လွှတ်တော်ရဲ့
အစည်းအဝေးခန်းမမှာ ဆွေးနွေးကြဖို့ လုပ်ဆောင်သွားမယ်လို့ နန်စီပယ်လိုစီက
ပြောကြားလိုက်ပါတယ်။
“ကျွန်မတို့ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံ နဲ့ ဒီမိုကရေစီ
ကို ကာကွယ်ဖို့အတွက် ကျွန်မတို့အရေးတကြီး
ဆောင်ရွက်ရမယ်။ဘာ့ကြောင့်လည်းဆိုတော့
သမ္မတထရမ့်ဟာ ဒီနှစ်ခုလုံးကို အန္တရယ်ကျရောက်အောင်ခြိမ်းခြောက်နေလို့
ပဲဖြစ်ပါတယ်လို့ နန်စီကပြောဆိုပါတယ်။
“နေ့တွေကြာလာတာနဲ့အမျှ ကျွန်မတို့ရဲ့
ရဲ့ဒီမိုကရေစီကရေစီအပေါ်မှာ ဒီသမ္မတက
ကျူးလွန်နေတဲ့သည်းကြီးမည်းကြီးတိုက်ခိုက်
မှုတွေဆက်လုပ်လာမဲ့ထိတ်လန့်စရာအဖြစ်တွေ တိုးမြင့်လာမှာဖြစ်လို့ ကျွန်မတို့ အလျှင်အမြန်အရေးယူဆောင်ရွက်ဖို့ လိုအပ်
နေပါတယ်။”လို့သူမကပြောပါတယ်။
ထရမ့်ဟာ အရင်ကလည်း အယုံအကြည်မရှိကြောင်း ပြစ်တင်ဝေဖန်တာ
ကို ဒီမိုကရက်တစ်တွေလွှမ်းမိုးထားတဲ့ လွှတ်တော်မှာ ခံခဲ့ရဘူးပါတယ်။၂၀၁၉ခုနှစ်
ဒီဇင်ဘာလမှာ ဂျိုဘိုင်ဒင်အပေါ် နိုင်ငံရေးနဲ့
ပတ်သက်တဲ့အတင်းအဖျင်းတွေဖော်ထုတ်ပြောဆိုဖို့ ယူကရိန်းခေါင်းဆောင်ကိုဖိအားပေးခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ရီပတ်ဘလီကန်တွေအများစုလွှမ်းမိုးထားတဲ့ဆီးနိတ်လွှတ်တော်က သူ့ကိုအပြစ်မရှိကြောင်း
ဆုံးဖြတ်ပေးခဲ့ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ထရမ့်အပေါ်နောက်တကြိမ်စွတ်စွဲပြစ်တင်ဖို့
အတွက်ဒီမိုကရက်တစ်တွေရဲ့ထောက်ခံမဲတွေပိုများလာခဲ့ပြီး ဒီလှုပ်ရှားမှုအတွက် ရီပတ်ဘလီကန်တွေကထရမ့်အပေါ်ထောက်ခံမှုတွေကိုတောင်မှကျဆင်းလာနိုင်စေပါတယ်။
ဒါပေမဲ့အဖွဲ့ဝင်၁၀၀ရှိတဲ့ ဆီနိတ်လွှတ်တော်မှာ ထရမ့်ကိုစွတ်စွဲပြစ်တင်ပြီး သမ္မတရာထူးက
ဖယ်ရှားပစ်ဖို့ လိုအပ်တဲ့ မဲအရေအတွက်၃ပုံ၂ပုံ
ရရှိနိုင်ဖို့ကတော့မဖြစ်နိုင်လောက်ပါဘူး။
ထရမ့်နေရာမှာဆက်ခံမဲ့ဂျိုးဘိုင်ဒင်ဟါ
ဇန္နဝါရီလ၂၀ရက်နေ့မှာ သမ္မတအဖြစ်
ကျမ်းသစ္စာကျိန်ဆိုရတော့မှာဖြစ်ပါတယ်။

Ref :(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •