အမေရိကန်သမတ ဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ကူးစက်ခံရမှု စမ်းသပ်တွေ့ရှိပြီး ၂၄ နာရီအတွင်းမှာ ဆေးရုံတက်လိုက်ရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

Trump flown to hospital after Covid-19 positive test အမေရိကန်သမတ ဆေးရုံတက်ရ

အမေရိကန်သမတ ဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ကူးစက်ခံရမှု စမ်းသပ်တွေ့ရှိပြီး ၂၄ နာရီအတွင်းမှာ ဆေးရုံတက်လိုက်ရပါတယ်။ အမေရိကားမှာ အရေးကြီးဆုံးပုဂ္ဂိုလ်တွေတက်လေ့ရှိတဲ့ Walter Reed National Military Medical Center ဆေးရုံမှာဖြစ်ပါတယ်။

အဖျားနည်းနည်းရှိနေတယ်။ အားနည်းနေတယ်။ ရောဂါလက္ခဏာတွေကတော့ သာမန်အဆင့်သာဖြစ်ပါတယ်။

တခြားသတင်းတခုအရ အင်တီဘော်ဒီဆေးသွင်းပေးရတယ်လို့ ဆိုပါတယ်။

အခုသွင်းပေးတဲ့ဆေးဟာလည်း စမ်းသပ်ဆဲအဆင့်သာရှိသေးတယ်။ Experimental cutting-edge antibody treatment လို့ခေါ်တယ်။ 8-gram dose တလုံးပေးပြီးပြီလို့ အိမ်ဖြူတော်ဆရာဝန် ဒေါက်တာ Sean Conley က ဆိုပါတယ်။ သမတရဲ့ဆရာဝန်တွေကလည်း ခက်ခက်ခဲခဲဆုံးဖြတ်ချက်တွေ ချရတာဖြစ်ပါတယ်။

ဆေးကို နယူးယောက်မှာရှိတဲ့ Regeneron Pharmaceuticals ဆေးကုမ္ပဏီကထုတ်ပါတယ်။ လူနာ ၃၀၀ ကို စမ်းသပ်ပေးထားပြီးတဲ့ဆေးလည်းဖြစ်တယ်။

ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄ နှစ်ရှိပြီး ကိုယ်အလေးချိန်လွန်ကဲသူလည်းဖြစ်တယ်။ ဆေးပညာရှင်တွေရဲ့ တွက်ချက်ထားမှုအရ အသက် ၃၀ အောက်အရွယ်တွေထက် သေဆုံးနိုင်မှု အဆ ၁၀၀ များတယ်။ ဆောရီး။ သေဆုံးနိုင်မှု ၅% ရှိတယ်။

စောစောပိုင်းကာလတွေမှာ ဒေါ်နယ်ထရမ့်က ဆေးပညာရှင်တွေအတည်မပြုတဲ့ ငှက်ဖျားဆေးကို သတင်းစာရှင်းလင်းပွဲမှာ မကြာခဏ ဖေါ်ညွှန်းခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ
၂-၁၀-၂၀၂၀
ည ၈ နာရီ ၄၄ မိနစ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •