အမေရိကန်သမ္မတတစ်ယောက်ကို ဘယ်လိုကုသမှုတွေပေးနေသလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇸 #အားလုံးကအမေရိကန်သမ္မတတစ်ယောက်ကိုဘယ်လိုကုသမှုတွေပေးနေသလဲဆိုတာသိချင်ကြမှာပါ။

#မဖြစ်မနေကယ်ရမယ့်လူကိုဘာဆေးတွေပေးသလဲ❓ဘာတွေဆက်ဖြစ်မလဲပေါ့။

ထရမ့်ရဲ့ ဆေးရုံတက်ပြီးပထမဆုံး ၄၈ နာရီဟာ #အရေးအကြီးဆုံးဖြစ်တယ်။

★ ရောဂါအခြေအနေဟာ ဆိုးဆိုးရွားရွားဖြစ်မှာလား❓

★ မကြာခင်မှာ သက်သာပြီး သမ္မတတာဝန်တွေပြန်လည်ထမ်းဆောင်နိုင်မှာလား❓

ထရမ့်အခြေအနေကကောင်းပုံရတယ်။ ဆေးရုံရှိရုံးခန်းကနေ စကားပြောတဲ့ ၄ မိနစ် ဗီဒီယိုထဲမှာ သူအခြေအနေကောင်းပြီး မကြာခင်ပြန်လာမယ်လို့ပြောတယ်။

ဆေးရုံကနေ ပထမဆုံး tweeter မှာတင်ခဲ့ရာမှာ …

“Going well, I think! Thank you to all. Love!!!” လို့ ပြောခဲ့ပါတယ်။

“အခြေအနေကောင်းနေတယ်၊ အဲ့လိုငါထင်တယ်။ အားလုံးကိုကျေးဇူးတင်တယ်။ ချစ်တယ်!!!” (အာဘွားတော့ .. မပါဘူး 😁)

အိမ်ဖြူတော်ကမထွက်ခင်မှာ #အောက်ဆီဂျင်ပေးရလို့ အိမ်ဖြူတော်ဝန်ထမ်းတွေစိုးရိမ်နေတယ်လို့ သတင်းထွက်ခဲ့သေးတယ်။

ဘာပဲဖြစ်ဖြစ် အိမ်ဖြူတော်ကနေဘာအကူညီမှမပါပဲ အေးအေးဆေးဆေးထွက်ကာ လက်မထောင်ပြပြီး ဟယ်လီကော်ပတာပေါ်တက်သွားခဲ့တယ်။

📰 The New York Times ကတော့ စနေနေ့မှာ ထရမ့်ဟာ ချောင်းဆိုးနေကြောင်း၊ ရင်ကျပ်နေကြောင်း၊ ကိုယ်ပူချိန်တက်နေကြောင်းနဲ့ အဲ့ဒီရောဂါလက္ခဏာတွေက ပိုမိုဆိုးရွားလာတယ်လို့ရေးခဲ့တယ်။

အိမ်ဖြူတော်သမားတော် Dr Conley ကတော့ ထရမ့်ဟာ အသက်ရှုရခက်ခဲမနေဘူး။ ဆေးရုံမှာ အောက်ဆီဂျင်လည်း မပေးထားရဘူးလို့ဆိုတယ်။

ကိုယ်ပူချိန်လည်းမတက်ပါဘူးတဲ့။ ဒါပေမယ့် အန္တရာယ်လုံးဝကင်းသွားပြီလို့တော့ ပြောလို့မရသေးဘူးတဲ့။

ထရမ့်ရဲ့အသက်အရွယ်၊ အမျိုးသားဖြစ်မှု၊ အဝနည်းနည်းလွန်မှုတွေအရ Covid-19 ကြောင့် သေနိုင်နှုန်း ၄ ရာခိုင်နှုန်းရှိနေတယ်။

ထရမ့်က tweeter မှာ အတော်ကြာကြာပျောက်သွားလိုက်သေးတော့ သို့လောသို့လော တွေးကြတာပေါ့။

University of Virginia ရဲ့ နိုင်ငံ​ရေးသိပ္ပံဌာနက Kyle Kondik ကပြောရာမှာ …

“ထရမ့်အခြေအနေကို သူ့ဆရာဝန်တွေက တစ်မျိုးပြောတယ်၊ အိမ်ဖြူတော်ကတစ်မျိုးပြောတယ်။ ပြီးတော့ သူ့တို့ပြောစကားကိုပြန်ပြင်ကြသေးတယ်။

အဲ့ဒါက ထရမ့်အစိုးရအဖွဲ့ရဲ့ ယုံကြည်စိတ်ချရမှုအပေါ် အားနည်းချက်ပြဿနာရှိနေတယ်ဆိုတာ ပိုပြီးခိုင်မာအောင်ပြနေသလိုပဲတဲ့။”

🇺🇸 #ထရမ့်ကိုဘယ်လိုကုသမှုတွေပေးနေသလဲ⁉️

💉 #ရောဂါအခြေအနေမဆိုးအောင်ကုသပေးမှုအနေနဲ့က ထရမ့်ကို Regeneron ရဲ့ REGN-COV2 ကိုယ်ခံအား antibodies cocktail ကုထုံးပေးထားတယ်။

Covid ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုတိုက်မယ့် antibodies ကို ထိုးသွင်းပေးပြီး ဗိုင်းရပ်စ်ကိုဆက်မပွားအောင် နှိမ်ကွပ်ဖို့လုပ်တာဖြစ်တယ်။

💉 ပြီးတော့ Gilead ရဲ့ Remdesivir ကိုလည်း ထိုးပေးထားသေးတယ်။

သောက်ဆေးတွေဘက်က …

💊 Vitamin C, Vitamin D နဲ့ zinc ပေးထားတယ်။ ကိုယ်ခံအားမြှင့်တင်ပေးတဲ့ဆေးတွေပေါ့။

💊 အစာအိမ်နာရင်သောက်တဲ့ဆေး famotidine လည်းပေးထားတယ်။ (ကျနော်လုပ်တာနဲ့ famotidine တွေဈေးတက်ကုန်အုံးမယ်။ 😅)

Famotidine က Covid-19 ကိုကုသနိုင်တယ်လို့ သက်သေမပြနိုင်သေးဘူး။ ဖြစ်နိုင်ခြေရှိလို့ လေ့လာနေတဲ့ဆေးတစ်မျိုးပဲဖြစ်တယ်။

ဘာပဲဖြစ်ဖြစ် အမေရိကန်သမ္မတတောင်သောက်သေးတာ … ဟဲ့ … ဖောင်ကြီးပို့မယ့်အထဲ ထည့်လိုက်အုံးလုပ်နေကြအုံးမယ်။ #ဆရာဝန်နဲ့တော့တိုင်ပင်ကြပါဗျ။ ပဲကြီးလှော်ဝါးသလို ရမ်းဝါးလို့ရတာမဟုတ်ဘူး။

💊 အိပ်ဆေး Melatonin လည်းပေးထားတယ်။

💊 Asprin လည်းပေးထားတယ်။ အက်စပရင်ကတော့ ထရမ့်အရင်ပြောဖူးတာ သူနေ့တိုင်းသောက်သတဲ့။ အက်စပရင်ကတော့ Heart attack မရဖို့နဲ့ ကိုယ်ပူချိန်ကျဖို့သောက်တာပါ။

ကျန်တဲ့ဆေးတွေကတော့ အခြေအနေကြည့်ပြီးမှပေးမယ်လို့ ထရမ့်ရဲ့သမားတော်ကပြောတယ်။

★ အကယ်လို့စကားရည်လုပွဲဆက်မကျင်းပနိုင်တော့ရင်ဘာဖြစ်မလဲ❓

★ ထရမ့်အခြေအနေအရမ်းဆိုးသွားရင် #ရွေးကောက်ပွဲအခြေအနေဘယ်လိုဖြစ်သွားမလဲ❓

အဲ့ဒါတွေကနောက်မှရေးတော့မယ်။

https://www.facebook.com/109119807474881/posts/167278201659041/?extid=0&d=n

Richard Myo Thant
4-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •