အမေရိကန်သမ္မတထရမ့် အိမ်ဖြူတော်မှ ထွက်ခွာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇸 အမေရိကန်သမ္မတထရမ့်ဟာ အိမ်ဖြူတော်မှ #သမ္မတတစ်ယောက်အနေနဲ့ နောက်ဆုံးအကြိမ်နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ သူ့ကတော်မလန်နီယာထရမ့်တို့ဟာ Marine One ရဟတ်ယာဉ်ကြီးနဲ့ Air Force One လေယာဉ်ကြီးကိုနောက်ဆုံးအကြိမ်စီးပြီး ဖလော်ရီဒါပြည်နယ်ကို ထွက်ခွာဖို့သွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့မကြာခင်မှာပဲ ဂျိုးဘိုင်ဒင်ဟာ (၄၆) ယောက်မြောက်သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကြိမ်ဆိုတော့မှာပါ။

ဘိုင်ဒင်ဟာ အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးသမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုသူဖြစ်လာမှာပါ။

သူ့လက်ထက်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ သူကနိုင်ငံရေးလောကမှာ အံတိုနေသူတစ်ဦးပါ။

အသက် (၈၀) နီးပါးသမ္မတတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ဟာလည်း စိတ်ဝင်စားစရာပါ။

ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့ကနေ ရက် (၁၀၀) အတွင်း အမေရိကန်နိုင်ငံသား သန်း (၁၀၀) ကိုကာကွယ်ဆေးထိုးပေးမယ်လို့ ကြုံးဝါးထားပါတယ်။

💥 🚪 ထရမ့်ဟာ မထွက်ခွာခင်တံခါးကိုဆောင့်ပိတ်ခဲ့တဲ့သူအဖြစ် သမိုင်းတွင်ကျန်ရစ်မှာအသေအချာပါပဲ။

Richard Myo Thant
20-January -2021


Spread the love
  •  
  •  
  •  
  •  
  •  
  •