အမေရိကန်သမ္မတရွေးကောက်ပွဲမှ သမ္မတတင်မြှောက်ရေးအချိန်ဇယား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇸 #အမေရိကန်သမ္မတရွေးကောက်ပွဲမှသမ္မတတင်

မြှောက်ရေးအချိန်ဇယား။

 

နိုဝင်ဘာ ၃ – အမေရိကန်ရွေးကောက်ပွဲနေ့

နိုဝင်ဘာ ၄ – ၂၃ အထိ: နိုဝင်ဘာ ၃ ရက်နေ့နောက်ဆုံးစာတိုက်တံဆိပ်တုံးနဲ့ ဝင်လာသမျှမဲတွေကို ပြည်နယ်အချို့မှာ ပြည်နယ်ဥပဒေအလိုက် ဆက်လက်လက်ခံရေတွက်နေမယ်။

နိုဝင်ဘာ ၁၀ – ဒီဇင်ဘာ ၁၁: ပြည်နယ်တွေက ရွေးကောက်ပွဲရလဒ်ကို တရားဝင် certify အသိအမှတ်ပြုမယ်။

ဒီဇင်ဘာ ၈ သည် ရွေးကောက်ပွဲဥပဒေအရ မဲအငြင်းပွားမှုဖြေရှင်းပြီးဖို့၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အသိအမှတ်ပြု certificates တွေထုတ်ပေးဖို့နေ့ဖြစ်တယ်။

ဒီဇင်ဘာ ၁၄ – အဲ့ဒီတော့မှ electoral votes တွေကိုတရားဝင်ရထည့်မှာ။ ဥပဒေအရ ဒီဇင်ဘာလရဲ့ ဒုတိယအပတ်ဗုဒ္ဓဟူးနေ့အပြီးပထမဆုံးတနင်္လာနေ့ဖြစ်ရမယ်။ ဒီနှစ်မှာ အဲ့ဒီတနင်္လာနေ့က ဒီဇင်ဘာ ၁၄ ကျတယ်။

ဇန်နဝါရီ ၃ – နေ့လည်မှာ အောက်လွှတ်တော်အမတ်တွေနဲ့ အထက်လွှတ်တော်အမတ်တွေကျမ်းသစ္စာကျိန်ဆိုရမယ်။ အဲ့ဒီမှာ အမေရိကန်ကွန်ဂရက်ရဲ့ ၁၁၇ ကြိမ်မြောက်သက်တမ်းစပြီ။

ဇန်နဝါရီ ၆ – လွှတ်တော်အမတ်အားလုံးလွှတ်တော်မှာဆုံတွေ့ရမယ်။ အဲ့ဒီတွေ့ဆုံပွဲကို အထက်လွှတ်တော်ရဲ့ဥက္ကဌဖြစ်သူ ဒုသမ္မတ Mike Pence ကဦးဆောင်ရမယ်။

အဲ့ဒီမှာမှ electoral votes 538 မဲကိုတရားဝင်ဖတ်ကြားမယ်။ ဒုသမ္မတ Mike Pence ကရလဒ်ကို တရားဝင်ကြေညာရမယ်။

electoral votes 538 ဆိုတာက အောက်လွှတ်တော်နေရာ 435 နေရာနဲ့ အထက်လွှတ်တော်ဆီးနိတ်နေရာ 100 ပေါင်းရင် 535 ရတယ်။ အဲ့ဒါကို Washington, DC က 3 နေရာထပ်ပေါင်းတော့ 538 ရတယ်။

အဲ့ဒီထဲက electoral votes 270 အနည်းဆုံးရသူနိုင်တယ်။

👉 အကယ်၍များ ဘယ်သူမှ electoral votes 270 မရခဲ့ရင် အောက်လွှတ်တော်အမတ် 435 ယောက်က ဘယ်သူသမ္မတဖြစ်မလဲ ရွေးချယ်ရတယ်။ အဲ့လိုရွေးချယ်ဖို့ ဇန်နဝါရီလ ၂၀ ရက်နေ့နေ့လည်အထိအချိန်ရတယ်။

👉 အကယ်၍ ဇန်နဝါရီလ ၂၀ ရက်နေ့နေ့လည်အထိမှ အောက်လွှတ်တော်ကိုယ်စားလှယ်တွေကမရွေးချယ်နိုင်ခဲ့ရင် #လက်ရှိဒုသမ္မတသည်နောက်သမ္မတအသစ်အဖြစ်ဆက်ခံရပါမယ်ခင်ဗျား။

🇺🇸 အဲ့ဒီဇန်နဝါရီလ ၂၀ ရက်နေ့ နေ့လည်မှာ သမ္မတအသစ်သည် ✋ 📖 ကျမ်းသစ္စာကျိန်ဆိုပြီး အမေရိကန်ရဲ့တရားဝင်သမ္မတဖြစ်လာပါတယ်။

အဲ့သည်လိုအပြည့်အစုံ အခြေခံဥပဒေထဲမှာ ပြဌာန်းထားပါတယ်။

👉 #အဲ့ဒီအခြေခံဥပဒေအချိန်ဇယားထဲမှာတော့ကာလုံခေါ်ပေးဖို့မပါဘူးခင်ဗျ။ 😅

Richard Myo Thant
8-November-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •