အမေရိကန်သမ္မတအတွက်သုံးနေသည့် remdesivir ဆေးကို မြန်မာပြည်သူများအတွက်သုံးစွဲနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အမေရိကန်သမ္မတအတွက်သုံးနေသည့် remdesivir ဆေးကို မြန်မာပြည်သူများအတွက်သုံးစွဲနေ
——————–
အိန္ဒိယမှ ဝယ်ယူထားသည့် ဆေးများဖြစ်ပြီး ရောဂါပြင်းထန်သူများအတွက် အသုံးပြုခြင်းဖြစ်ကာ အရေအတွက် ပိုမိုဝယ်ယူသွားမည်
===========

ရန်ကုန်၊၂၀၂၀အောက်တိုဘာ၉ရက်
COVID19ကပ်‌ေရာဂါအတွက်အမေရိကန်သမ္မတကြီးအတွက်သုံးနေသည့် remdesivir ဆေးကိုမြန်မာပြည်သူများအတွက်သုံးနေကြောင်း‌နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

အောက်တိုဘာ၉ရက် ပြည်သူသို့covid19နှင့်ပတ်သက်၍ အစီရင်ခံမိန့်ခွန်းကိုMRTVရုပ်မြင်သံကြားမှပြောကြားရာတွင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က‌ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်မတို့နိုင်ငံတော်ကတတ်နိုင်သလောက်ပြည်သူတွေရဲ့ကျန်းမာရေးကိုဂရုစိုက်ပါတယ်။ဂရုစိုက်တယ်ဆိုရင်နည်းနည်းကြွားသလိုဖြစ်မယ်ထင်တယ်။ပြောရမယ်ဆိုရင် အခုကျွန်မတို့ကနေ အမေရိကန်သမ္မတကြီးအတွက်သုံးနေတယ်ဆိုတဲ့ဆေးကို ကျွန်မတို့ပြည်သူတွေအတွက်တတ်နိုင်သလောက်သုံးနေပါတယ်။ အဲဒီဆေးနာမည်ကိုတော်တော်ကျွန်မပါးစပ်ထဲကပြောရတာခက်ပါတယ်။ remdesivir လို့အသံထွက်တယ်တူပါတယ်။ အဲဒီဆေးက
အိန္ဒိယက၀ယ်ထားတာရှိပါတယ်။ အိန္ဒိယနိုင်ငံကလှူထားတာတွေလည်းရှိပါတယ်။ ဒါဟာရောဂါအခြေအနေနည်းနည်းပြင်းထန်တဲ့လူနာတွေအတွက်သုံးပါတယ်။အားလုံးအတွက်သုံးနိုင်တဲ့အခြေအနေတော့မရှိသေးပါဘူး။ဒါပေမဲ့လည်း ပိုပိုပြီးတော့လည်း ကျွန်မတို့၀ယ်ယူပါမယ်။သုံးသင့်သုံးထိုက်တဲ့လူနာတွေအတွက်သုံးသွားမှာဖြစ်ပါတယ်”ဟု၎င်းကပြောသည်။

အမေရိကန်သမ္မတ ထရန့်သည်covid19ပိုးတွေ့ရှိပြီးနောက် ရက်အနည်းငယ်သာဆေးရုံတက်ကုသမှုခံယူ၍ နေအိမ်သို့ပြန်လည်ရောက်ရှိသည့်အထိ ကောင်းမွန်ခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင်covid19ပိုးတွေ့ရှိသူအောက်တိုဘာ၉ရက်ည၈နာရီအထိအတည်ပြုလူနာ၂၃၉၀၆ဦး၊သေဆုံး၅၆၆ဦး၊ဆေးရုံဆင်းရသူ၆၇၃၈ဦးရှိခဲ့သည်။

မင်းသီဟန်/Myanmar Harp


Spread the love
  •  
  •  
  •  
  •  
  •  
  •