“အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ​​ပါရီသဘောတူစာချုပ်အတွင်း ပြန်လည်ဝင်ရောက်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ပါရီသဘောတူညီချက် စာချုပ်အတွင်းပြန်လည်ဝင်ရောက်”

January 22, 2021

သမ္မတတယောက်အဖြစ်သူ့ရဲ့ပဌမဆုံး
ဆောင်ရွက်ချက်တွေထဲကတခုအနေဖြင့် သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုဟာ ပါရီသဘောတူညီမှုအတွင်း ပြန်လည်ဝင်ရောက်ဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့သတင်းကိုအကြောင်း
ကြားထားတဲ့စာတစောင်အား ကုလသမဂ္ဂ ကို
ပေးပို့လိုက်ပါတယ်။
ဘိုင်ဒင်ရဲ့အစိုးရအဖွဲ့ဟာ ရာသီဥတုဆိုင်ရာလှုပ်ရှားမှုကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် လေးနက်တဲ့
သတင်းစကား ကမ္ဘာကြီးကိုပေးခဲ့ပါတယ်။
ပါရီ သဘောတူညီမှုဆိုင်ရာစာချုပ်ဟာ
ရာသီဥတုပြောင်းလဲလာမှုနဲ့ပတ်သက်ပြီး ချုပ်
ဆိုခဲ့သောစာချုပ်တခုဖြစ်ပြီး၂၀၁၅ ခုနှစ်က
နိုင်ငံပေါင်း ၂၀၀နီးပါး ပါဝင်လက်မှတ်ရေးထိုး
ခဲ့ပါတယ်။
၂၀၁၇ခုနှစ်မှာ သမ္မတဒေါ်နယ်ထရမ့်က
အကျပ်အတည်းကြုံတွေ့နေရတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီမှုစာချုပ်ကနေ နှုတ်ထွက်
တော့မယ်လို့ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ
လေထုညစ်ညမ်းစေတဲ့ ကာဘွန်ထုတ်လွှတ်မှု
အများဆုံးဖြစ်ပေါ်စေတဲ့နိုင်ငံတွေထဲက တနိုင်ငံ
ဖြစ်ပါတယ်။
ဒီနှစ်ကုလသမဂ္ဂက ကျင်းပမဲ့ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာညီလာခံဟာ ရာသီဥတု
ပြောင်းလဲမှုများကိုလျှော့ချနိုင်ရေးအတွက်
တိုက်ပွဲဝင်ရာမှာအဓိက မှတ်တိုင်တခုဖြစ်လာပါလိမ့်မယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု အများဆုံးရှိတဲ့နိုင်ငံတနိုင်ငံက ရာသီဥတုအပေါ် အလေးထားစိုးရိမ်တတ်တဲ့
ခေါင်းဆောင်တဦးအဖြစ် ဂျိုးဘိုင်ဒင်အပေါ်မှာ
အားလုံးသောမျက်လုံးတွေက ရှုမြင်သုံးသပ်
လာကြပါတယ်။

Ref:(FRANCE-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •