အမေရိကန်သမ္မတ ထရမ့် လူထုကြားထဲသွားရင် Mask တပ်နေပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန်သမ္မတ ထရမ့်ဟာ လူထုကြားထဲသွားရင် Mask တပ်နေပြီဖြစ်ပါတယ်။
တောင်မြောက်အမေရိကတိုက်နှစ်ခုစလုံးမှာ Covid-19 ရောဂါသည်တွေ တိုးနှုန်းမြင့်မားလာချိန်မှာ #လူထုကျန်းမာရေးနမူနာအဖြစ် #စံနမူနာနေပြဖို့
ဖိအားပေးလာကြပါတယ်။
ထရမ့်ရဲ့မိတ်ဆွေကြီး ခေါင်းမာတဲ့ ဘရာဇီးသမ္မတလည်း Covid-19 ထိသွားပြီဖြစ်ပါတယ်။
အိမ်ဖြူတော်ကအထွက်မှာ ထရမ့်က သတင်းထောက်တွေရှေ့ဖြတ်လျှောက်ရင်း ပြောသွားတာက…
😷 Mask တပ်တာအလွန်ကောင်းတဲ့ကိစ္စပါ။ ကျုပ်ဘယ်တုန်းကမှ mask တပ်တာကို မဆန့်ကျင်ခဲ့ဖူးပါဘူး။ ဒါပေမယ့် mask တပ်ရမယ့် အချိန်နဲ့နေရာလိုတယ်လို့ ကျုပ်အလေးအနက်ယုံကြည်ထားတယ်” တဲ့။
“I think it’s a great thing to wear a mask. I’ve never been against masks but I do believe they have a time and a place,” Trump said as he left the White House
ထရမ့်ဘေးကလူတွေက သူ့ကို mask တပ်ဖို့ အလေးအနက်တိုက်တွန်းကြတယ်လို့ဆိုပါတယ်။
ထရမ့်ရဲ့ပြိုင်ဖက် ဂျိုးဘိုင်းဒင်က သမ္မတလောင်းမဲဆွယ်ပွဲမှာ အသာရလာတာလည်းပါပါတယ်။
ထရမ့်အတွက် Covid ပေါ်လစီကို ပြန်ကြည့်ရမယ့်သဘောဖြစ်လာပါတယ်။ ခေါင်းမာနေလို့ မဖြစ်တော့ပါဘူး။
🔺 မြောက်အမေရိကတိုက်က #အမေရိကန်ပြည်ထောင်စုမှာ Covid-19 ရောဂါသည်တွေ့မှု #သုံးသန်းကျော် (3355646 ယောက်) ရှိလာပြီဖြစ်ပါတယ်။
🔺 တောင်အမေရိကတိုက်က #ဘရာဇီးနိမှာ Covid-19 ရောဂါသည်တွေ့မှု 1840812 ယောက်ရှိပါပြီ။
🔺 တတိယအများဆုံးနိုင်ငံက ကျနော်တို့ရဲ့အိမ်နီးချင်း #အိန္ဒိယနိုင်ငံ ဖြစ်ပြီး 850358 ယောက်ရှိနေပါပြီ။ မကြာခင် တစ်သန်းကျော်သွားမှာပါ။
🔺 ကျနော်တို့ဆီအချိန်မရွေးဝင်လာနိုင်တဲ့ #ဘင်္ဂလားဒေ့ရှ်မှာ နှစ်သိန်းပြည့်ကာနီးနေပါပြီ။ လွန်ခဲ့သောနှစ်လတိတိ မေလက နှစ်သောင်းပဲရှိခဲ့တာပါ။
လူတွေစည်းကမ်းမရှိရင်တော့ BCG လည်းမကယ်နိုင်ပါ။
ကျနော်တို့ အခုအချိန်ထိကံကောင်းနေသေးပါတယ်။
👉 #နယ်စပ်အဝင်အသေအချာထိန်းကြပါ။ အိမ်ရောက်မှပြန်ခေါ်ပြီး Q ဝင်ခိုင်းတာမျိုးမဖြစ်ရအောင် ဝိုင်းတားဆီးရမှာပါ။ လမ်းတစ်လျှောက်က ကား၊ရထားအခန်းကျဉ်းထဲမှာ ကူးစက်စေခဲ့မှာပါ။
🚨 ဟောင်ကောင်မှာ Covid တတိယလှိုင်းပြန်ဝင်နေတဲ့ သတင်းဖတ်ခဲ့ရပါတယ်။ မပေါ့ကြပါနဲ့။
https://www.facebook.com/Richard-Myo-Thant-109119807474881/
https://www.facebook.com/richard.myothant
Richard Myo Thant
12-July-2020

Spread the love
  •  
  •  
  •  
  •  
  •  
  •