အမေရိကန်သံရုံးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းနှင့် လက်အိတ်များလှူဒါန်း

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန်သံရုံးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းနှင့် လက်အိတ်များလှူဒါန်း

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းနှင့် လက်အိတ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင် ၂၉ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဆေးသုတေသန ဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

လှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အမေရိကန်ဒေါ်လာ ၆၇၅၀၀ နှင့်ညီမျှသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှာခေါင်းစည်း
နှင့် လက်အိတ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ-အမေရိကန်သံရုံး


Spread the love
  •  
  •  
  •  
  •  
  •  
  •