“အမေရိကန် က ထိုင်ဝမ်ကိုလက်နက်ရောင်းချနေမှုကို တရုတ်ကန့်ကွက်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တရုတ်က အမေရိကန်ရဲ့ထိုင်ဝမ်ကိုလက်နက်
ရောင်းချနေမှုကိုကန့်ကွက်”

October 28, 2020

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို
လက်နက်ရောင်းချနေတာကို အခိုင်အမာကန့်ကွက်ပါတယ်လို့ နိုင်ငံတော်
ကောင်စီ ထိုင်ဝမ်ရေးရာရုံး က ပြောရေးဆိုခွင့်ရှိသူ ဇူဖန်လီယန်က ဗုဒ္ဓဟူးနေ့
မှာပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုက တပတ်မှာ
နှစ်ကြိမ် လက်နက်ရောင်းချဖို့ သဘောတူညီ
လိုက်ပြီးတဲ့နောက်မှာ ဒီတုန့်ပြန်ချက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ တရုတ်ပြည် တပြည်ထည်း စည်းမျဉ်းဥပဒေကို ချိုးဖောက်
တာဖြစ်ပြီး၊တရုပ်အမေရိကန် ပူးတွဲ အစိုးရ
ထုတ်ပြန်ချက်ပြန်တမ်း ၃ခု၊အထူးသဖြင့်
သြဂုတ်လ၁၇ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ပြန်တမ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ဇူက ထပ်မံပြောဆို
ပါတယ်။

တရုတ်ပြည်ဟာအမေရိကန်ရဲ့ဆုံးဖြတ်ချက်ကိုဆန့်ကျင်ကြောင်းထပ်တလဲလဲပြောဆိုခဲ့ပြီးပြီလို့ ဇူကပြောပါတယ်။အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်လွတ်လပ်ရေး အတွက် တရုတ်ပြည်မှခွဲထွက်ရေးတပ်ဖွဲ့တွေနဲ့ထိုင်ဝမ်လွတ်လပ်ရေးကို စစ်ရေးနည်းလမ်းနဲ့ဆောင်ရွက်ချင်နေတဲ့ဒီမိုကရက်တစ်တိုးတက်ရေးပါတီ(DPP)ရဲ့အာဏာပိုင်တွေကို မှားယွင်းတဲ့ အချက်ပြလမ်းညွှန်မှုတွေပေးခဲ့တယ် လို့ဇူကပြောပါတယ်။ နိုင်ငံခြားတပ်ဖွဲ့တွေကိုမှိခိုအားထားတာဟာ ထိုင်ဝမ်အဖို့ မျှော်လင့်ချက်မဲ့ပြီး ထွက်ပေါက်မရှိတဲ့လမ်းဆုံးကို
ရောက်သွားစေလိမ့်မယ်လို့ ပြောရေးဆိုခွင့်ရှိသူဇူကထပ်မံပြောဆိုပါတယ်။

Ref:CGTN


Spread the love
  •  
  •  
  •  
  •  
  •  
  •