“အမေရိကန် ဘဏ္ဍာရေးဌာန ရုရှားဟက်ကာ​တွေ​​ရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုခံရ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“ရုရှပြည်မှ ဟက်ကာများက ဆိုက်ဘာတိုက်ခိုက်မှုတွေမှာ အမေရိကန်ပြည်ထောင်စုဘဏ္ဍာရေးဌာနကို
ပစ်မှတ်ထားတိုက်ခိုက်ခဲ့”

December 15, 2020

ဟက်ကာတွေက ဘဏ္ဍာရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ နိုင်ငံတော်နဲ့သက်ဆိုင်သော အင်တာနက်၊တယ်လီဖုန်း၊ကြေးနန်းနဲ့ရုပ်မြင်သံကြားဆက်သွယ်မှု နဲ့ သတင်းအချက်အလက်စီမံခန့်ခွဲရေးဌာနတွေကို ပစ်မှတ်ထားနေကြပြီး၊ အခြားသောအစိုးရအေဂျင်စီများကိုလည်း
အလားတူနည်းလမ်းများအသုံးပြုပြီး ချိုးဖောက် ဝင်ရောက်နေကြတယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု ထောက်လှမ်းရေးအဖွဲ့အစည်းတွေအတွင်းမှာစိုးရိမ်မှုတွေဖြစ်ပေါ်နေကြတယ်လို့ လူ၄ယောက်က ဒီကိစ္စအပေါ်မှာအသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီလူတွေက အခြားသောအေဂျင်စီတွေဟာဘယ်ဟာတွေလဲဆိုတာတော့မပြောကြားခဲ့ပေမဲ့ တက္ကဆက်
အခြေစိုက် SolarWinds ITကုမ္ပဏီက
အော်စတင်က ဒီနှစ်မတ်လ နဲ့ဇွန်လမှာသူတို့
ထုတ်ခဲ့တဲ့ဆော့ဖ်ဝဲရ် ပြုပြင်မွန်းမံမှုတွေကို မြင့်မားပြီးခေတ်မီရှုပ်ထွေးဆန်းပြားတဲ့
နည်းပညာနဲ့ခိုးချောင်ခိုးဝှက် ကလီကမာလုပ်တာကို ခံခဲ့ရနိုင်တယ်၊လက်စွဲစာစောင်ထောက်ပံ့မှုကွင်းဆက်ကို
နိုင်ငံတနိုင်ငံကလုပ်ဆောင်ခဲ့တယ်လို့
ပြောပါတယ်။SolarWindsက သူတို့ကတဆင့် ဘဏ္ဍာရေးဌာနကို ထိုးဖောက်ဝင်ရောက်တာကို ရှင်းလင်းပြောဆို
တာရပ်ဆိုင်းလိုက်ပေမဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်းနှီးကျွမ်းဝင်သူနှစ်ဦးကတော့ ကုမ္ပဏီကိုရုပ်မြင်သံကြားထုတ်လွှင့်မှုလှိုင်းတွေကနေ ဟက်ကာတွေထိုးဖောက် ဝင်ရောက်တာခံရတယ်လို့
ယုံကြည်တယ်လို့ပြောဆိုခဲ့ပါတယ်။SolarWindsရဲ့ကိုယ်စားလှယ်တဦးကတော့ဝေဖန်ထင်မြင်ချက်တွေကို ဖြေရှင်းဖို့သတင်းအချက်အလက်တွေအလျှင်အမြန် ပြန်မပေးခဲ့ပါဘူး။
သူ့ရဲ့ဖောက်သည်တွေဟာ စာတိုက်၊ကြေးနန်း၊တယ်လီဖုန်း နဲ့ရုပ်မြင်သံကြားထုတ်လွှင့်မှုလုပ်ငန်းတွေမှာ
Top-tenစာရင်းဝင်တဲ့ အမေရိက ရဲ့ Fortune
500ကုမ္ပဏီ အတော်များများအပြင် အမေရိကန်စစ်ဘက်ဆိုင်ရာဌာနခွဲ၅ခုလုံး၊နိုင်ငံတော်ရုံး၊အမျိုးသားလုံခြုံရေးအေဂျင်စီ နဲ့
အမေရိကန်ပြည်ထောင်စု နိုင်ငံတော်သမ္မတရုံး
တို့လည်းပါဝင်တယ်လို့ SolarWindsကပြောဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးလုပ်ငန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်သူ၃ယောက်က လောလောဆယ် ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့
နောက်ကွယ်မှာ ရုရှနိုင်ငံပါဝင်ပတ်သက်နေတယ်လို့ယုံကြည်ရကြောင်းပြောဆိုပါတယ်။လတ်တလော ဖော်ထုတ်ပြောဆိုထားတဲ့FireEyeအပေါ်ချိုး
ဖောက်ဝင်ရောက်မှုနဲ့ပတ်သက်တဲ့  ကျယ်ပြန့်တဲ့လှုပ်ရှားတခု နဲ့  ဒီချိုးဖောက်ဝင်ရောက်မှုတွေဟာ ပတ်သက်ဆက်နွယ်နေတယ်လို့ ပြောပါတယ်။FireEyeဟာအစိုးရနဲ့ စီးပွါးရေးကန်ထရိုက်လုပ်ငန်းတွေနဲ့ အတူ
လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဓိကဆိုက်ဘာလုံခြုံရေးကုမ္ပဏီတခုဖြစ်ပါတယ်။
“အမေရိကန်ပြည်ထောင်စုဟာ ဒီအစီရင်ခံတင်ပြချက်တွေကိုအသေအချာ
သတိပြုပြီး ဒီအခြေအနေတွေကို ပြန်လည်ကုစားပြီးဥပဒေနဲ့အညီအရေးယူနိုင်ဖို့
ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့လုပ်ကိုင်
ဆောင်ရွက်နေပါတယ်။”လို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဂျွန် ယူလီယော့က
ပြောဆိုပါတယ်။
” လုံခြုံရေးကျိုးပေါက်မှုတွေဟာ အလွန်အရေးကြီးပြီးအန္တရယ်ရှိတာကြောင့်
စနေ့နေ့က အိမ်ဖြူတော်မှာ အမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးကိုကျင်းပခဲ့ရပါတယ်။”လို့ ဒီကိစ္စ နဲ့ရင်းနှီးကျွမ်းဝင်သူတဦးကပြောပါတယ်။
ကူးသန်းရောင်းဝယ်ရေးဌာနတခုကလည်းသူ့ရဲ့အေဂျင်စီရုံးခွဲတခုမှာလုံခြုံရေးကျိုးပေါက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့ထုတ်ပြန်ချက်တခုမှာအတည်ပြုပြောဆိုထားပါတယ်။”ကျွန်တော်တို့ဆိုက်ဘာလုံခြုံရေးဌာန၊အခြေခံအဆောက်အအုံ အကျိုးစီးပွါးများလုံ
ခြုံရေးကောင်စီ နဲ့ FBIတို့ကို ဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးပေးဖို့တင်ပြ
ထားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအခုအချိန်မှာတော့အသေးစိတ်မပြောဆိုနိုင်သေးပါဘူး။”လို့ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှုဌာနကပြောပါတယ်။
“ကြီးမားတဲ့ဆိုက်ဘာထောက်လှမ်းရေး
လှုပ်ရှားမှု”
လုံခြုံရေးကျိုးပေါက်မှုတွေဟာ အသစ်တက်လာတော့မဲ့အရွေးချယ်ခံသမ္မတ
ဂျိုးဘိုင်ဒင်ရဲ့အစိုးရအတွက် အဓိကစိန်ခေါ်မှု
တခုဖြစ်နေပါတယ်။အစိုးရအရာရှိတွေဟာ
ဘယ်သတင်းအချက်အလက်တွေအခိုးခံ
ရတယ်၊ဒါကိုဘယ်အတွက်အသုံးချမယ်ဆိုတာ
အသေအချာသိရှိနိုင်အောင်စုံစမ်းစစ်ဆေး
နေကြပါတယ်။
“ဒီကိစ္စဟာ အေဂျင်စီတခုထက်ပိုပြီးကြီးမားကျယ်ပြန့်တဲ့ဇာတ်လမ်းတပုဒ်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုအစိုးရ နဲ့ နိုင်ငံရဲ့
အကျိုးစီးပွါးတွေကိုပစ်မှတ်ထားတိုက်ခိုက်နေ
တဲ့ ကြီးမားကျယ်ပြန့်တဲ့ ဆိုက်ဘာထောက်လှမ်းရေးတိုက်ပွဲစဥ်တခု
ဖြစ်ပါတယ်။”လို့ ဒီကိစ္စနဲ့ ရင်းနှီးကျွမ်းဝင်သူတဦးကပြောဆိုပါတယ်။
ဟက်ကာတွေဟာ NITIAရဲ့ရုံးလုပ်ငန်း
ဆော့ဖ်ဝဲ တခုဖြစ်တဲ့ Microsoft’s Office 365
ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။အေဂျင်စီက ဝန်ထမ်းတွေရဲ့အီးမေးလ် တွေကို
ဟက်ကာတွေကလပေါင်းများစွာစောင့်ကြည့်နေတာခံခဲ့ရတယ်လို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
မိုက်ခရိုဆော့ဖ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ဝေဖန်ချက်ပေးဖို့တောင်းဆိုတာကို ချက်ချင်းမတုန့်ပြန်ခဲ့ပါဘူး။ဘဏ္ဍာရေးဌာနအတွက်ပြောရေးဆိုခွင့်ရှိသူကလည်းဝေဖန်ချက်ကိုချက်ချင်းမပေးခဲ့ပါဘူး။
ဟက်ကာတွေဟာခေတ်မီနည်းပညာ
အဆင့်အတန်းအလွန်မြင့်မားပြီး မိုက်ခရိုဆော့ဖ်ရဲ့ အသုံးပြုသူပိုင်ရှင်အစစ်အမှန်ဟုတ်မဟုတ်
ထိန်းချုပ်စီစစ်တဲ့ယန္တယားကို လှည့်စားနိုင်စွမ်း
ရှိကြတယ်လို့ ဒီအဖြစ်အပျက်နဲ့ရင်းနှီးကျွမ်းဝင်တဲ့သူတဦးရဲ့
အဆိုအရသိရှိရပြီး၊သူတို့ကိုသတင်းဌာနတွေကိုပြောဆိုခွင့်မပြုထားဘူးလို့ အမည်မဖော်လိုသူက ပြောပါတယ်။
“ဒီကိစ္စဟာ နိုင်ငံတော်အဆင့်သတ်မှတ်ထားတဲ့အခြေအနေတခုပါ။”လို့အခြားတယောက်ကပြောဆိုခဲ့
ပါတယ်။
ချိုးဖောက်မှုပမာဏအတိုင်းအတာ အပြည့်အစုံကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။စုံစမ်းစစ်
ဆေးမှုတွေကိုအစောပိုင်းအဆင့်တွေသာ
ဆောင်ရွက်နေရဆဲဖြစ်သေးတယ်လို့ ဒီကိစ္စနဲ့ရင်းနှီးကျွမ်းဝင်သူ၃ဦးက ပြောဆိုပါတယ်။
ဆိုက်ဘာလုံခြုံရေး နဲ့ အခြေခံစီးပွါးရေးအဆောက်အအုံ အကျိုးစီးပွါးများကာကွယ်ရေးအေဂျင်စီတွေက ပြောရေးဆိုခွင့်ရှိသူတဦးကနေပြီး အစိုးရအင်တာနက်ကွန်ယက်တွေမှာ လတ်တလောတွေ့ရှိခဲ့ရတဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ” ကျွန်တော်တို့အေဂျင်စီလုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတကွအနီးကပ်ပူး ဆောင်ရွက်နေကြပါတယ်။”လို့ သူတို့တွေကပြောဆိုကြပါတယ်လို့ ပြောခဲ့ပါတယ်။CISC ကထိရောက်မှုရှိတဲ့
အဆောက်အအုံ ဌာနတွေကို နည်းပညာအထောက်အပံ့တွေပေးနေပါတယ်။
FBI နဲ့အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအေဂျင်စီကဝေဖန်ချက်ပေးဖို့တောင်းဆိုထားတာကို ချက်ချင်းမတုန့်ပြန်ခဲ့ပါဘူး။
“လုံခြုံရေးကျိုးပေါက်မှုဖြစ်ပေါ်တာကိုမကြာသေးခင်ကမှသာတွေ့ရှိခဲ့တာဖြစ်ပေမဲ့NTIAက အီးမေးလ် အပေးအယူတွေကိုဒီနှစ်နွေအထိပြန်ပြီးစစ်ဆေးဖို့ ရည်ညွှန်းပြောဆိုထားတာရှိပါတယ်။”လို့အမေရိကန်ပြည်ထောင်စုရဲ့ ဝါရင့် အရာရှိကြီးတဦးကပြောပါတယ်။

Ref:(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •